* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 19, 2010

ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု

လောကီလူဘောင်မှာ နေသောလူသားတစ်ယောက်သည် ထိုကြောက်ရွံ့မှုနှင့် စိုးရိမ်မှုကို မဖြစ်မနေ ရင်ဆိုင်ရ မည်မှာ သေချာပေါက်ပင်ဖြစ်ပေသည်။ လောကီနယ်တွင် နစ်မြုပ်နေသော လူသားသည် ဤမနှစ်မြို့ဖွယ်ရာ အခြေအနေများမှ ရှောင်ဖယ်သွား၍ မရပါ။ လူသားသည် အဘယ်ကြောင့် အဘယ်အရာကို စိုးရိမ်နေကြသလဲ။ ထိုစိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုသည် လူသား၏ တာဝန်နှင့် ကတိက၀တ်ပေးမှုတို့ကြောင့် ဖြစ်ပေါ်လာသည်။ လူသားဆီသို့ စိုးရိမ်းပူပန်မှုနှင့် အကြောက်တရားသည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ၀င်ရောက်လာသည်။ လူသားသည် သူ့ကိုယ်သူ အခြားသူများနှင့်
နှိုင်းယှဉ်လိုက်သောအခါ
“ဟိုအလုပ်ကို လုပ်ဖို့ ငါ့မှာအရည်အသွေးမရှိသေးဘူး၊ ဟိုအလုပ်ဟာ ငါနှင့် မထိုက်တန်ဘူး၊ သူတို့အထင်ကြီး လောက်အောင် ငါ့မှာ ကျွမ်းကျင်လုံလောက်မှုမရှိသေးဘူး”ဟု အခြားသူများ၏ ရှေ့မှောက်တွင် သူ၏ အရည် အသွေးများကို ပြရန်ပင် စိုးရိမ်ကြောက်ရွံ့နေလေသည်။ ထိုအခါ လူသားသည် သူ့ကိုယ်သူ
“လူတွေကို ငါ့အဖြစ်မှန်ကို အသိပေးလို့မဖြစ်ဘူး၊ ငါအသိပေးလိုက်ရင် သူတို့ဟာ ငါကို အယုံအကြည် ကင်းမဲ့ သွားကြလိမ့်မယ်”ဟု ပြောဆိုပြီး အဆုံးသတ်သော အခြေအနေသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူသည် အမှန်တကယ် မဟုတ်သော အခြားသူတစ်ယောက်၏ အသွင်အပြင်ဖြင့် ပြုမူ ဟန်ဆောင်နေရလေသည်။ လူ သားသည် သူ၏ ရုပ်အသွင်နှင့်ပတ်သက်၍ များစွာ စိုးရိမ်းနေရလေသည်။ အမျိုးသားသည် ဆံပင်ဖြူလာ ကျွတ် လာ ထိပ်ပြောင်လာတာကို စိုးရိမ်းလာသည်။ အမျိုးသမီးကတော့ အလွန်ဝမှာ အလွန်ပိန်မှာ အလွန်အသားဖြူမှာ အလွန်အသားမည်းမှာ အလွန်ရှည်မှာ အလွန်ပုမှာ စသည်တို့ကို စိုးရိမ်လာသည်။ လူသားသည် အခြားသူများက သူ့ကို ဝေဖန်မှာ ပုတ်ခတ်မှာ ကဲ့ရဲ့မှာကို အလွန်ပင် စိုးရိမ်သည်။ သူ၏ အထက်လူကြီးများက သူ့ကို အပြစ်ပေးမှာကိုလည်း အလွန်ကြောက်ရွံ့သည်။ သူသည် လူအများရှေ့၌ပြောင်လှောင်သရော်ခံရမည်ကို စိုးရိမ်သောကြောင့် သူ၏ အယူအဆများကို တင်ပြရန် ကြောက်ရွံ့နေလေသည်။ သို့သော် အခြားသော သူတစ်ယောက်က မိမိနှင့် အိုင်ဒီယာတူ အယူအဆတစ်ခုကို တင်ပြလိုက်သဖြင့် လူအများက ချီးကြူးသောအခါ သူ့ကိုယ်သူ ပြန်လည်စိတ်ဆိုးနေတော့သည်။ သူသည် သူ့ကို ဝေဖန်သော ဝေဖန်ချက်များက မထိုက်တန် မမှန် ကန်ဟု သိပါသော်လည်း ဤဝေဖန်ချက်များက သူ့ကို အဟန့်အတားဖြစ်စေသည်ဟု ခံစားမိသည်။ လူသားသည်
“အားလုံးခြုံကြည့်လျှင် ငါဟာ ကောင်းတဲ့ ဖခင်၊မိခင်၊ သာ၊ သမီး မဟုတ်ဘူး”ဟု မိသားစုအတွက်လည်း စိုးရိမ်သည်။ အချို့သော အမျိုးသားများသည် သူတို့၏ ငယ်ရွယ်လှပသော ဇနီးမယားများက အခြားယောက်ျား များနှင့် တွဲသွားမည်ကို စိုးရိမ်ကြသည်။ ထိုအတူပင် အချို့သော အမျိုးသမီးများကလည် သူတို့၏ ငယ်ရွယ်လှပ သော အမျိုးသားများက သူတို့ကို ပစ်၍ အခြားအမျိုးသမီးများနှင့်တွဲသွားမှာကို စိုးရိမ်ကြသည်။ လက်မထပ်ရသေး သော သူများက လက်ထပ်နိုင်အောင် ဘယ်လိုလုပ်မလဲဟု စိုးရိမ်နေကြသည်။ လက်ထပ်ပြီးသော အချို့သော ဇနီးမောင်နှံများကလည်း သားသမီးမရှိသဖြင့် သူတို့၏ အထီးကျန်လှသော ဘ၀ကြီးကို တွေးတောကာ စိုးရိမ် နေကြသည်။ ဆက်ရန်(ဒေါက်တာ ကေသရီဓမ္မာနန္ဒ၏ Why Worry စာအုပ်ကို အခြေခံကာ ရေသားထား သည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP