ရှာ စု ကူး နီတိများ (၆)
Posted 11:01 AM by ကိုနော in Labels: ရှာစုကူးနီတိများ
(၁၅၁) သမင်ရလို ဇောမပိုနှင့်…ကျားကို သတိပြုပါဦး..။(၁၅၂) သုခကြီးကိုရလိုမူ သုခငယ်ကိုစွန့်ကာ ရှာမှီးရာ၏..။
ဒုက္ခကြီးကိုကြောက်မူ ဒုက္ခငယ်ကိုခံစားကာ ရှောင်ကွင်းရာ၏။
(၁၅၃) ဘယ်အခါမဆို သေ၀ံ့အောင် နေထိုင်ကြ…။
(၁၅၄) ဂုဏ်မြင့်နေသူဟာ နှိမ်ချမှသာ ဂုဏ်ထပ်ပြီးတိုးနိုင်တယ်။
(၁၅၅) ကိုယ့်မယားကို ကိုယ်အမြဲနောက်ပိုးပိုးနေရမည်။
(၁၅၆) တရားမရှိသောသူသည် အသားမပါသောစကားကိုပြော၏။
(၁၅၇) ယုတ္တိရှိရုံနှင့် အမှန်ဟုမယူဆရသေး။
(၁၅၈) လူမှန်လျှင် ရန်နှင့်မကင်း။
(၁၅၉) အချစ်နဲ့ အရူးဟာ တစ်ဆက်တည်းဘဲ။
(၁၆၀) အောင်မြင်မူကို အလိုရှိသူ ကြိုးစားမူဖြင့် ရင်းနှီးယူ။
(၁၆၁) ကြောက်၍ပင် တစ်ပါးတည်းနေသည်။
(၁၆၂) ကိုယ့်စိတ်အတိုင်း အကျိုးပေးတယ်။
(၁၆၃) ရန်ကြွင်း မီးကြွင်း, ကြွေးးအကြွင်း, ကင်းရှင်းအောင်သာကျင့်။
(၁၆၄) ဘေးပေါင်းအစုံ, ၀ိုင်း၍အုံ, လူဘုံ ဓမ္မတာ။
(၁၆၅) က၀ိမှန်ငြား, ကျမ်းဂန်ထား, စကား မဆိုကောင်း။
(၁၆၆) အပြောင်းအလဲ အဖြစ်အပျက်သည်ပင် လောက…လော…လူ ဖြစ်သည်။
(၁၆၇) ဘ၀နဲ့ ဘာဝနာတွဲထားမှ…..ဘာဝနာမပါရင် ဘ၀နာတတ်တယ်။
(၁၆၈) အကောင်းဆုံးသော ခံစစ်သည် ထိုးစစ်သာဖြစ်သည်။
(၁၆၉) ပ၀တ္တိ ပဋိသန် အသိဥာဏ် အကြွယ်သားနှင့် အပါယ်လားမခံပါနှင့်။
(၁၇၀) လူသားအားလုံး၏ ကောင်းးကျိုးချမ်းသာထက် ကြီးမားလွန်ကဲသည့် အခြားအလုပ်မရှိ။
(၁၇၁) သိက္ခာသုံးပါး, အကျင့်အားသာ, ရဟန်းမှာ, ပူဇာဒါန, လူ့ ကိစ္စ။
(၁၇၂) ဆွမ်းခံတာလည်း သာသနာပြုတာပါဘဲ။
(၁၇၃) သေလျှင်ပစ်ထားခဲ့ရမည့် ပါးစပ်ကို မသေမီ များများအသုံးချရမည်။
(၁၇၄) ၀ီရိယနှင့်ဥာဏ် နှစ်ပါးသန်မှ ပါရမီကံ အကျိုးပေးသန်နိုင်ပေသည်။
(၁၇၅) သင့်ကို လူကြီးဟု အများကထင်လျှင် ကလေးမဖြစ်ပါစေနှင့်။
(၁၇၆) ပစ္စုပ္ပန်မှာ သေချာသူသည် နောင်ရေးပူပန်စရာမလို ။
(၁၇၇) အခုမကောင်း, နောင်မကောင်း, နစ်ကြောင်းသံသရာ။
(၁၇၈) မိဘတို့ မှား, သမီးသား, အများ ဖြစ်ချက်နာ။
(၁၇၉) သူ့ကိုတရံ, ယင်ရှိကြံသော်, ကိုယ်ထံမျက်မှောက်, ဆင်ရှိရောက်လိမ့်။
(၁၈၀) မမေးမမြန်း, ဥာဏ်မြင်ကန်း, စုံစမ်း ဥာဏ်ကြီးသည်။
(၁၈၁) ကျမ်းသိထက် ကျမ်းညှိခက်။
(၁၈၂) လက်ကျန်အလုပ် မနက်ဖြန်မရှုပ်အောင် ရက်မှန်လုပ်ဖို့  လိုပါသည်။
(၁၈၃) ရှင်တော်ထွဋ်ကဲ, နောက်ဆုံးပွဲ,မလွဲရအောင်ကြံ။
ကုသိုလ်တရား, လွန်ကြိုးစား, မမှားတွေ့ဧကန်။
(၁၈၄) မေ့မေ့လျော့လျော့, ပေါတော့တော့, ကော့လိမ့်ငရဲမှာ။
(၁၈၅) ကိုယ်နှင့်မစာ လူတကာ မေတ္တာ မတုံးနှင့်။
(၁၈၆) စရိုက်အရှိ အလိုက်သိ ကြိက်ဘိ လူတကာ။
(၁၈၇) ဂုဏ်ထူးသကတ် မပြုလတ် ထိုရပ် မနေရာ။
(၁၈၈) နှုတ်မြွက်စကား, ဆိုတတ်ငြား, လူများ ပီယဆေး။
(၁၈၉) အဆိပ်မဲ့စွာနဲ့  သီးခံခြင်းကို မလေ့ပါနဲ့ ။
(၁၉၀) ရှေးထုံးရှေးစံ, လမ်းဟောင်းမှန်, ပယ်လှန်မပစ်နှင့်။
ရှေးထုံးရှေးစံ, လမ်းမမှန်, အားသန် မလိုက်နှင့်။
(၁၉၁) ဖြစ်တတ်ပျက်တတ်, လောကဓာတ်, မပြတ် သံဝေရှုရမည်။
(၁၉၂) တစ်ဆူမသင့်, တစ်ဆူသင့်, ဖူးခွင့် တွေ့ထိုက်ပြီ။
(၁၉၃) ယနေ့ အနစ်နာခံခြင်းသည် မနက်ဖန်ခါ အောင်မြင်ရန်အတွက် လမ်းခင်းပေခြင်းပင်ဖြစ်သည်။
(၁၉၄) မိတ်ဆွေကိုအားကိုးခြင်းသည် သဲသောင်ပြင်၌ အိမ်ဆောက်သည်နှင့်တူ၏။
(၁၉၅) ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာနေလိုပါက ၀င်ငွေတစ်ဝက်ကိုသာ သုံးစွဲရပေမည်။
(၁၉၆) သင်သည် အချိန်၏တန်ဖိုးကို မသိလျှင် ဂုဏ်သတင်းကျော်စောရန် မွေးဖွားလာသူတစ်ဦးမဖြစ်နိုင်ပါ။
(၁၉၇) အကျင့်ဆိုးတစ်ခုကိုဖြတ်ရန် ကြိုးစားရာ၌ ဘယ်အခါမျှ ခြွင်းချက်မထားပါလေနှင့်။
(၁၉၈) မျိုး၏ကျိုးထောက်, သူတစ်ယောက်, ပယ်ဖျောက်စွန့်ရမြဲ။
(၁၉၉) ဉာဏ်သာမူလ, အဓိက, ချိန်ဆ ထုံးနှယ်မွှေ။
(၂၀၀) ပန်းကိုနောက်မှလှူပါ..၊တရားအားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ။
(၂၀၁) လူတော်သော် စနစ်မရွေးပါ။
(၂၀၂) ကျွန်နှင့်သူကောင်း, အတူပေါင်း, သူကောင်း ကျွန်စော်နံ။
(၂၀၃) ရသာအကြိုက်, အလိုလိုက်, အမိုက် တွေ့မည်သာ။
(၂၀၄) သင့်စာအုပ်စင်က သင့်အနာဂတ်ကို ဖန်တီးလမ်းပြနေသည်။
(၂၀၅) ဆင်းရဲဒုက္ခဟူသည် ကြီးပွားခြင်း၏အလုပ်စခန်းကို စတင်ရန်အခါပေးသော နိမိတ်ပင်တည်း။
(၂၀၆) သံယောဇဉ်ပါသောလုပ်ဆောင်မှုများသည် အမှန်တရားကင်းမဲ့တတ်၏။
(၂၀၇) ပြာပုံမလူးနဲ့…ပြာပုံလူးက ယားတတ်သည်။
အာရုံမကြူးနဲ့…အာရုံကြူးက မှားတတ်သည်။
(၂၀၈) ငါတော် ငါတတ်, ငါသိ ငါမှန်, ဤလေးတန် ဘယ်ခါမရှိရာ။
(၂၀၉) သဒ္ဓါနှင့်ဥာဏ်, နှစ်ခုသန်မှ, လမ်းမှန်သို့ ကျသည်။
(၂၁၀) ယခုဘ၀ ငါနှင့်မတန်လျှင် နောင်ဘုရားလက်ထက်၌လည်း ငါနှင့်မတန်ဖြစ်တတ်သည်။
(၂၁၁) ကိုယ်အမှားကို သိတဲ့နေ့ဟာ တိုးတက်ကြီးပွါးဖို့ စတဲ့နေပဲ။
(၂၁၂) ကာလရွေ့ လျော, လူညာပေါ, ပြောတိုင်း မယုံနှင့်။
(၂၁၃) တောင်ကိုတက်မှ ဟိုဘက် ရောက်သည်မဟုတ်ပါ။
(၂၁၄) ကိုယ့်ရှေ့ ဖြစ်လာ သင်္ခန်းစာ ယူတတ်ပါမှ မြတ်လေစွ။
(၂၁၅) အမှားတစ်ခုစီနဲ့  ရပ်ကြစို့ ။
(၂၁၆) အချစ်၏သချုင်္ီင်းကုန်းသည် လက်ထပ်ခြင်းဖြစ်သည်။
(၂၁၇) တာဝန်ကိုရှောင်လွှဲသွားခြင်းသည် ရလာမည့်အကျိုးအမြတ်ကို ရှောင်လွဲသွားခြင်းပင်ဖြစ်သည်။
(၂၁၈) အကုသိုလ်ကို ကြောက်တဲ့သူဟာ ရှင်ဘုရင် မဖြစ်နိုင်ဘူး။
(၂၁၉) ကိစ္စလတ်လတ်, ပြီးစေအပ်၏, အားလပ်မှသာ, မဟူရာတည်း။
(၂၂၀) အမှန်တရားကို ရင်ဆိုင်ရခြင်းသည် ဆေးခါးကြီးသောက်ရသကဲ့သို့ ပင်ဖြစ်သည်။
(၂၂၁) ဆရာကောင်းနဲ့ မဆုံဆည်းခဲ့တဲ့ ဘယ်ကလေးမှ လူတော်လူကောင်း မဖြစ်နိုင်ဘူး။
(၂၂၂) သင့်ရဲအိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာကို အလိုရှိရင် သင်..အိပ်မနေပါနှင့်။
(၂၂၃) အကျိုးပြီးမြောက်လျှင် လုပ်နည်းမှန်သည်ဟု ဆိုအပ်ဧ။်။
(၂၂၄) ရိုးသားသောအလုပ်ဟူသမျှတို့သည် မြင့်မြတ်သည်ချည်းတည်း။
(၂၂၅) လောကသည် လူကို နေ့ စဉ် ဆုံးမလျက်ရှိ၏။
(၂၂၆) လောကမှာအောင်မြင်မူတွေကို ရရှိနေသည်ထက် မအောင်မြင်မူကို သည်းခံနိုင်တဲ့သတ္တိရှိ
ဖို့ကပိုအရေးကြီးသည်။
(၂၂၇) ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းသည် အမှန်ဆုံးနှင့် အပြစ်ကင်းဆုံးဖြစ်၏။
(၂၂၈) အယူအဆတစ်ခု လမ်းစဉ်တစ်ခုကို အသေကိုင်စွဲထားခြင်းသည် အန္တရာယ်ပင်တည်း။
(၂၂၉) မယုံကြည်လွန်းခြင်းသည် ယုံကြည်လွန်းနှင့် ထပ်တူညီမျှ ဆိုးဝါးလှ၏။
(၂၃၀) သံလျက်ဖြစ်ငြား သွေးမထားသော် ချင်းဓား လိုခါ မတုံးလား။


0 comments:
Post a Comment