* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 4, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်

(၁)
သူသည် ထိုင်နေရသည်ကို အလွန်ကျေနပ်နေသည်။ ဆက်ထိုင်သည်၊ ဆက်ထိုင်ရသည်ကိုလည်း သူက အလွန်ကြည်နူးနေပြန်လေသည်။ ငြိမ်းချမ်းပေစွ။ သို့သော် သူ့ကို ဆက်ထိုင်ခွင့်မပေးပါ။ သူထိုင်နေရင်းမှ ထရပြန်လေသည်။ သူ ဘလော့ရေးခြင်းသည် ပုဂ္ဂလိကဆန်သည်ဟု မိတ်ဆွေအချို့က စွပ်စွဲကြသည်။ “ခံစားမှုဝါဒီ၊ ဝေဒနာက္ခန္ဓာဦးစားပေးသမားကြီးဟု ခပ်တည်တည်နာမည်တပ်ဦးမှ” ဟုလည်း သူ့ရှေ့မှာပင်ဲပြုံးရွှင်ကြည်မြစွာ တံဆိပ်ကပ်ကြသေးသည်။ “ငါ့ရှင်က ဟုတ်ဟုတ် မဟုတ်ဟုတ် လှုပ်နေသေးသည်၊ ငါတို့က ဘေးထိုင်းဘုပြောထဲ မပါသော် သင့်ပေရာအံ့လော”တဲ့။

အမှန်စင်စစ် သူ့ဘလော့တွင် ဖန်တီးမိသမျှသည် ရှေးရှေးသောဘုရားရဟန္တာ အရိယာသူတော်ကောင်းကြီးများ ကဲ့သို့ တောင်းပန်သူရှိမှ တရားဒေသနာကို တသွင်သွင် ချွေရသည်မျိုးလည်း မဟုတ်၊ ကျမ်းစာပေဘုတ်အုပ်ကို တကုတ်ကုတ် ရေးထုတ်ရသည်မျိုးလည်း မဟုတ်ပေတကား။ စိတ်ကူးပေါက်ရာ ဖတ်မိသမျှ ကို ပိဋကတ်စာမျက်နှာများနှင့် မတူတူအောင် ညှိနိုင်း ကာ ဘလော့ဂါမည်ရုံမတ္တ ရေးချမိခြင်းပါပေ။

အမှန်စင်စစ် အခြားအခြားသောလောကီထုပ္ပါဒ် လူတို့ဇာတ်(ရန်ကုန်သင်္ကြန်တွင် မုန့်ဟင်းခါးတ၀တပြဲစားခြင်း၊ မတော်တရော် ထော်လော်ကန့်လန့် ရေပက်ခံမဏ္ဍပ်ဗုံးအသေအချာကွဲခြင်း၊ သင်္ကြန်ပြီးနောက် ဦးထုတ်ပြုတ် ကျခြင်းစသည်)ကို အစမှ အဆုံးဖွဲ့နွဲ့ကြလေသည့်ဘလော့ဂါတို့နှင့် မနှိုင်းယှဉ်အပ်ဖွယ် သူ့ ဘလော့သည် လူစီ ကားသည်လည်းမဟုတ်။ ဖတ်သူလည်း ထူးထူးကဲကဲ မရှိ၊ ဝေဘန်သူလည်း မပါ၊ တရားထောက်သူလည်း နတ္ထိမို့ ဓမ္မကထိကညဉ်ရှိသော သူ့အတွက် အခက်ကြီးခက်ကာ အိပ်ရေးသာ ၀အောင် အိပ်ခဲ့ပါလေ၏။

ဤသည်ပင် ဓမ္မဂင်္ဂါအမှား၊ ဓမ္မဂင်္ဂါအမိုက်၊ ဓမ္မဂင်္ဂါစရိုက်၊ ဓမ္မဂင်္ဂါအကြော၊ ဓမ္မဂင်္ဂါမနောဟု ပြောလည်း ပြော၊ စောလည်းစောကြောကြပေသော ပုဂ္ဂိုလ်သူမြတ်တို့သည်ကား သူပုန်းအောင်းရာ၊ သူ့အင်တာနက်ပဋိပတ်ဖြင့် ပျော်မွေ့အပ်ရာ တောရ၀ိဟာရ်သို့ ရှင်ဓမ္မရက္ခိတကို သာသနာအသိုင်းအ၀ိုင်းဟန်ဖြင့် စပယ်ရှယ်အင်ဗွိုင်း (Special Envoy)တမန်စေလွှတ်ခြင်း အကြောင်းဖြစ်သတည်း။

(၂)

ရှင်ဓမ္မရက္ခိတဆိုသူကား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP