* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 19, 2010

ဇနကဇာတ်

0005052Kph0.jpg

ရှေးသရောအခါ ဝိဒေသတိုင်း၊ မိထိလာပြည်၌ မဟာဇနမင်းကြီး စိုးစံသည်။ ထိုမင်း၌ အရိဌဇနကနှင့် ပေါလဇနက ဟူသော သားတော် နှစ်ပါး ရှိသည်။

မဟာဇနကမင်းကြီး နတ်ရွာစံသောအခါ နောင်တော် အရိဌဇနက မင်းအဖြစ်ကို ရ၏။ ညီတော် ပေါလဇနကသည် အိမ်ရှေ့မင်း အရာ ရ၏။

တစ်နေ့သောအခါ အမတ်တစ်ယောက်သည် မင်းကြီးထံသွားသည်။ “ညီတော် အိမ်ရှေ့မင်းသည် အရှင်မင်းကြီးအား လုပ်ကြံ၍ ထီးနန်းလုရန် ကြံစည်နေပါသည်” ဟု ကုန်းတိုက်သည်။

မင်းကြီး ယုံကြည်ကာ ညီတော်ကို ဖမ်းသည်။ သံခြေချင်း ခတ်ပြီးလျှင် ထောင်သွင်း အကျဉ်းချ ထားလိုက်သည်။

ထိုအခါ ညီတော်သည် မိမိ၌ အပြစ်လုံးဝ မရှိဘဲ ဤသို့ ပြုသည်ကို စိတ်မကောင်း ဖြစ်မိသည်။ ‘ငါ့အား အခြား ကိုးကွယ်ရာ မရှိပြီ။ သစ္စာသာလျှင် ကိုးကွယ်ရာ ဖြစ်တော့သည်’ ဟု ကြံမိသည်။ သို့ဖြင့် ‘ငါသည် နောင်တော်၏ ရန်သူ စင်စစ် မှန်လျှင် အနှောင်အဖွဲ့မှ မလွတ်ပါစေနှင့်။ အကယ်၍ ငါသည် နောင်တော်၏ ရန်သူ စင်စစ် မမှန်လျှင် ဤ အနှောင်အဖွဲ့တို့မှ ယခုခဏ ချက်ချင်း လွတ်စေကုန်သတည်း’ ဟု သစ္စာပြု၏။ သစ္စာ၏ တန်ခိုးကြောင့် သံခြေချင်းများလည်း ကျွတ်သွားသည်။ အကျဉ်းထောင် တံခါးလည်း ပွင့်သွားသည်။

ပေါလဇနကလည်း ထောင်မှ လွတ်မြောက်ထွက်ပြေး သွားလေသည်။ သူသည် တိုင်းစွန် ပြည်ဖျားသို့ သွားရောက်ကာ လူသူအင်အား စုသည်။ အင်အားပြည့်လာသောအခါ နောင်တော်၏ ထီးနန်းကို တိုက်ခိုက်ရယူရန် ချီတက်လာလေသည်။

သူသည် မိထိလာပြည်သို့ ရောက်သောအခါ မြို့ပြင်တွင် တပ်စခန်း ချထားသည်။

“ထီးနန်းကို အသာတကြည် ပေးမည်လော။ သို့တည်းမဟုတ် စစ်ထိုးမည်လော” ဟု နောင်တော့်ထံ ရာဇသံ ပို့သည်။

အရိဌမင်းလည်း ဒေါသပြင်းစွာ ထွက်သွားသည်။ “ပေါလဇနက၊ ထီးနန်းနှင့် သင်ထိုက်တန်သလော။ ယခုပင် ငါ ကိုယ်တိုင် ဗိုလ်ပါ အများနှင့် ထွက်၍ သင့်ဦးခေါင်းကို ဖြတ်ယူတော်မူမည်” ဟု ပြန်ကြားလိုက်သည်။

ထိုအချိန်၌ အရိဌဇနက မင်း၏ မိဖုရားမှာ ကိုယ်ဝန်အရင့်အမာ တည်ရှိနေသည်။

မင်းကြီးသည် မိဖုရားကြီးကို ခေါ်၍ “ချစ်နှမ၊ စစ်ထိုးခြင်း မည်သည်ကား ရှုံးမည်၊ နိုင်မည်ကို အတပ် မသိနိုင်။ အကယ်၍ မောင်တော် စစ်ပွဲ၌ ကျဆုံးလျှင် သင့် ကိုယ်ဝန်ကို ကောင်းစွာ စောင့်ရှောက်ရစ်ပါ” ဟု မှာကြားသွားသည်။

မကြာမီ မင်းကြီးသည် ညီတော် ပေါလဇနကနှင့် စစ်ထိုးရာ ကျဆုံးသွားရှာလေသည်။ ထိုအခါ မိဖုရားကြီးသည် အဖိုးတန် ကျောက်သံပတ္တမြားတို့ကို ခြင်းတောင်းတွင် ထည့်၍ ဆင်းရဲသူမ အသွင် ရုပ်ဖျက်ကာ ကာလစမ္ပာနဂိုရ်ပြည်သို့ ထွက်ပြေးသွားလေသည်။

ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သောအခါ မိဖုရားကြီးအား ဒိသာပါမောက္ခ ဆရာကြီးက နှမအရာ ထား၍ စောင့်ရှောက်ထားလေသည်။

မကြာမီ မိဖုရားကြီးသည် သားယောက်ျားကလေး ဖွားမြင်သည်။ သားကလေးအား အဘိုးဖြစ်သူ၏ အမည်ကို ယူ၍ ‘မဟာဇနက’ ဟု မှည့်ခေါ်သည်။

မဟာဇနကသည် ကစားရွယ်သို့ ရောက်သောအခါ အခြား ကလေးများနှင့် ကစားသည်။ ခွန်အားကြီးသူ ဖြစ်သဖြင့် သူချည်း အနိုင်ရသည်။ ထိုအခါ အခြားကလေးများက မခံချင် ဖြစ်ကာ သူ့ကို ဝိုင်းဝန်း စော်ကားလာကြသည်။ ဤတွင် သူက ခေါင်းငုံ့မခံ။ စော်ကားလာသူများကို နောင် မပြုဝံ့အောင် ထိုးကြိတ်ပစ်သည်။ သူငယ်တို့လည်း နှုတ်ဖြင့်မျှ ဆဲဆိုခြင်း မပြုဝံ့ကြ။ ငိုယို၍သာ နေကြရ၏။

ကလေးများ ငိုယိုသဖြင့် သူတို့၏ မိဘများ ရောက်လာကြသည်။ “သင်တို့ကို မည်သူ ထိုးကြိတ်သနည်း” ဟု မေးကြသည်။ ကလေးများကလည်း “မုဆိုးမသား ထိုးကြိတ်သည်” ဟု ဖြေကြသည်။

မဟာဇနကသည် ထိုသို့ ပြောဆိုခံရသည်ကို မခံနိုင်။ မိခင်အား မေးမြန်းကြည့်သည်။ အစတွင် မိခင်က အမှန်အတိုင်း မပြောပေ။ သို့ရာတွင် သားတော်က အတင်းအကျပ် မေးသဖြင့် အမှန်အတိုင်း ပြောပြလိုက်ရသည်။

“ချစ်သား၊ သင်ကား သာမန်လူ မဟုတ်။ မိထိလာပြည်ကြီးကို အစိုးရသော အရိဌမင်းကြီး၏ သားတော်တည်း” ဟု ဆိုကာ ဖြစ်ကြောင်းကုန်စင် ပြောပြသည်။

ထိုအချိန်မှစ၍ မဟာဇနကသည် အဖော်တို့က ‘မုဆိုးမသား’ ဟု ခေါ်ကြသောအခါ အမျက် မထွက်တော့။ ‘မှန်သည့်အတိုင်း ဆိုပေသည်’ ဟု သည်းခံ၍ နေ၏။

(ဇနကဇာတ် အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP