* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 8, 2010

စာမေးပွဲ အတွက် အားဆေးတစ်ခွက်

သားတို့၊ သမီးတို့ဟာ အနန္တော အနန္တ ငါးပါးကို ရိုသေလေးစားတဲ့ ကလေးတွေ၊ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကလေးတွေ၊ လူကြီးတွေရဲ့  ဆုံးမစကားကို လေးစားလိုက်နာတဲ့ ကလေးတွေ၊ လိမ္မာယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်နေမယ် ဆိုရင် အမြဲလိုလို ကံကောင်း နေလိမ့်မယ်။
ကောင်းတဲ့ အလုပ်တွေ လုပ်နေကြတာကိုး။ ကံကောင်းကြမှာပေါ့။ ကံကို ယုံပြီး ဆူးပုံထဲဆင်းတာတို့၊ မီးပုံထဲဆင်းတာတို့ အဲဒါတွေတော့ မလုပ်နဲ့လေ။ ဉာဏ်နဲ့ ဆင်ခြင်ရမှာ ပေါ့။
သားတို့၊ သမီးတို့ ပြုလုပ်ခဲ့တဲ့ ကံ တွေဟာ သားတို့၊ သမီးတို့ အနောက်ကို အရိပ်လို လိုက်နေပြီး အကျိုးပေးနေကြတာလေ။ အဲဒါကို ကမ္မသတ္တိ လို့ ခေါ်တာပေါ့။ အဲဒီ မမြင်နိုင်တဲ့ ကမ္မသတ္တိကို ဘုရားနဲ့ ရဟန္တာက လွဲပြီး ဘယ်သူမှ မသိနိုင်ကြဘူးလေ။
သားတို့၊ သမီးတို့ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ် ကမ္မသတ္တိ တွေက စာမေးပွဲအခန်းထဲ မှာ မေ့နေတဲ့ စာတွေကို ပြန်သတိရအောင် လုပ်ပေးနိုင်တယ်။
စာမေးပွဲ အခန်းထဲမှာ ကိုယ်ကျက်ထားတဲ့ စာတွေက မေ့နေမယ် ဆိုရင် မစိုးရိမ်နဲ့။ စိုးရိမ်တဲ့ စိတ်တွေကို လျှော့ချပြီး အသက်ကို မှန်မှန်လေး ၀အောင်ရူလိုက်။ ၀င်လေ ထွက်လေကို မှတ်။ ပြီးတော့ စာတွေကို စိတ်ငြိမ်ငြိမ်နဲ့ ပြန်စဉ်းစား။ အဲဒါဆိုရင် မေ့နေတဲ့ စာတွေ ပြန်သတိရလာ လိမ့်မယ်။
အဲဒီ နည်းစနစ်က စာမေးပွဲဖြေတိုင်း ဘုန်းဘုန်း ကျင့်ခဲ့တဲ့နည်းစနစ်ပဲ။
အတန်းထဲမှာ ဆရာ၊ ဆရာမတွေ စာသင်တိုင်း သင်ခန်းစာတွေကို တလေးတစား ဂရုတစိုက်နဲ့ နားထောင်ရမယ်၊ မှတ်သားရမယ်၊ ရေးမှတ်ရမယ်။ မိမိက နားမလည်ရင် မိမိထက် နားလည်မယ့် သူငယ်ချင်းတွေကို မေးမြန်းရမယ်။ ဆရာ၊ ဆရာမတွေကို မေးမြန်းရမယ်။
မိမိနားမလည်တဲ့ သင်ခန်းစာတွေကို မေးမြန်းဖို့အတွက် ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ် တွေကို လုံးဝမရှိစေရဘူး။ မကောင်းမှု အကုသိုလ်တွေကို ပြုလုပ်မှသာ ရှက်တဲ့စိတ်၊ ကြောက် တဲ့စိတ်တွေကို ထားရမှာလေ။
မိမိ နားမလည်တဲ့ သင်ခန်းစာ ပုစ္ဆာတစ်ခုကို နားလည်အောင် ပြုလုပ်လိုက်တာဟာ ပြဿနာတစ်ခု ကို ဖြေရှင်းလိုက်နိုင်တာပဲ။ သင်ခန်းစာတွေ အားလုံးကို နားလည်သွားပြီဆိုရင် ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးပြီပဲ။
တစ်နေ့ပေးတဲ့ စာတွေကို တစ်နေ့ရအောင်လုပ်။ အကြွေးမတင်စေနဲ့။ အကြွေးတင်ရင် ပြန်ဆပ်ရမှာ မဟုတ်လား။ အချိန်ကိုလည်း အလွတ်မပေးနဲ့။ အချိန်က တန်ဖိုးရှိတယ် ဆိုတဲ့စကားထက် အချိန်က အလွန်ဈေးကြီးတယ် ဆိုတဲ့ စကားက ပိုပြီးတော့မှန်လိမ့်မယ်။
ဖြစ်နိုင်မယ်ဆိုရင် အားနေတဲ့အချိန်တိုင်း လွတ်နေတဲ့အချိန်တိုင်းကို သင်ခန်းစာတွေနဲ့ပဲ အသုံးပြုတတ်အောင် လေ့ကျင့်ပါ။ နောက်ဘိတ်ဆုံး ပြောရရင် အိမ်သာတက်တာတောင် မိမိ ကျက်နေတဲ့ ဘာသာရပ်စာအုပ်ကို ယူသွားပြီး အိမ်သာထဲမှာ စာကျက်ပါ။ အချိန်ကို တန်ဘိုး ရှိရှိ အသုံးချတတ်အောင်လို့ပါ။
ကံ သုံးပါးနဲ့ ကိုက်ညီအောင် စာတွေကို လေ့ကျင့်ရတယ်။ ကာယကံဖြစ်အောင် ရေးကျင့်ရမယ်။ ၀စီကံဖြစ်အောင် နှုတ်နဲ့ ရွတ်ဆိုရမယ်။ မနောကံ ဖြစ်အောင် စိတ်နဲ့ ပြန်လည် စဉ်းစားဆင်ခြင်ရမယ်။
အဲဒီ ကံ သုံးပါးကို အချိန်တိုင်း အချိန်တိုင်း အကြိမ်များစွာ အထပ်ထပ် လေ့ကျင့်ပါ။
သားတို့၊ သမီးတို့အများစုက နှုတ်နဲ့ ရွတ်ဆိုကြတာကိုပဲ အားသန်ကြတယ်။ ရေးကျင့်ဖို့ ကျတော့ ပျင်းကြတယ်။ စိတ်နဲ့ ပြန်လည် စဉ်းစားဖို့ကိုလည်း အချိန်မပေးကြဘူး။ အဲဒီ ကံသုံးပါးနဲ့ မညီသ၍ ထူးချွန်သူ မဖြစ်နိုင်သေးဘူး ဆိုတာ သားတို့၊ သမီးတို့ သိထားရမယ်။ ကျောင်းသား အများစုကတော့ နည်းနည်းပဲ အားထုတ်ချင်ပြီး များများတော့ လိုချင်ကြတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူးနော်။
ဘုန်းဘုန်းပြောတဲ့ ကံ သုံးပါးနဲ့သာ ကိုက်ညီအောင် သားတို့၊ သမီးတို့ရဲ့  သင်ခန်းစာ တွေကို ကြိုးစား အားထုတ်ကြမယ် ဆိုရင် သာမန်ထက် ထူးချွန်ကြမယ်ဆိုတာ အသေအချာ ပါပဲ။ အဲဒီနည်းစနစ်ဟာ စာမေးပွဲအတွက် အားဆေးတစ်ခွက်ပါပဲ။ သားတို့၊ သမီးတို့ လက်တွေ့ စမ်းကြည့်ကြပါ.....


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP