* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 8, 2010

ပုခက်လွှဲသောလက်။

ငါတို့ရွာတွင် ၊ ရှုတိုင်းယဉ်သည့်
ပျိုခင်နှမ ၊ ဟန်မူလှတို့
မိဘဆရာ ၊ စကားနာ၍
ဘာသာမျိုးခြား ၊ သူတစ်ပါးနှင့်
ထိမ်းမြားမပြု ၊ စောင့်စည်းမှုသည်
ယခုထက်တိုင် ရှိသတည်း ။

အိုအေအေးအို ၊ သားလူပျိုရယ်
ငိုပါနဲ့ရင်သွေး ၊ မေ့သားလေးဟု
တေးချင်းချိုနွဲ့ ၊ညွှန်းဆိုဖွဲ့ရင်း
ပြောင်းသွဲ့ငြိမ့်ဆွဲ ၊ ပုခက်လွှဲသည့်
အမိလက်တွင် ၊ မြန်ပြည်ခွင်သည်
အစဉ်မှေးစက်နားမြဲတည်း ။

ဘာသာတရား ၊ မယွင်းမှားဖို့
ကြိုးစားကြသူ ၊ များရှင်လူတွင်
မိခင်လောင်းလျာ ၊ လှသူဇာလည်း
ဘာသာအသိ ၊ကောင်းစွာရှိ၍
မိမိရင်သွေး ၊ နောင်ရေးတွေးလျှက်
ငေးချင့်စဖွယ် ၊ ဂုဏ်ငွေပယ်ကာ
ဘာသာမျိုးခြား ၊ပယ်ရှောင်ရှား၍
ယွင်းမှားမမူ ၊ သတိထူသည်
လေးစားဂုဏ်ယူ ထိုက်သတည်း ။

မြေမျို,လူမျို ထိုနှစ်မျိုတွင် မြေမျို၍ လူမျိုးမပျောက်နိုင်သော်လည်း
လူမျိုခံရက လူမျိုးသာမက ဘာသာတရားပါပျောက်ကွယ်နိုင်သည်။
အမျိုးမျိုးအဖုံဖုံ ချော့လုံးမြှောက်လုံးအစုံစုံကို အာရုံမပြု လျစ်လျူရှုကာ
ဘာသာအမျိုးဂုဏ်မညှိုးအောင် စောင့်ရှောက်ကာကွယ်နေကြကုန်သော
မြန်မာ့မိခင်လောင်းလျာတို့အား ဤကဗျာဖြင့် ဂုဏ်ပြုလိုက်ပါ၏။
အနာဂတ် မြန်မာပြည်သည် ပုခက်လွှဲသောလက်များအပေါ်
များစွာတည်မှီနေသည်ဆိုပါက လွန်အံ့မထင်ပါ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP