* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 8, 2010

စာမူများတောင်းခံအပ်ပါသည်။


“ဓမ္မဒိုင်ဂျက်” ဓမ္မရသစာစု (လစဉ်ထုတ်မဂ္ဂဇင်း)မှ စာမူများတောင်းခံအပ်ပါသည်။

ပြည်တွင်း၊ပြည်ပ မှ စာရေးဆရာ သံဃာတော်အရှင်မြတ်အပေါင်းတို့နှင့် စာရေးဆရာ၊ ဆရာမများ၊ စာပေကလောင်သစ်များထံ လေးစားစွာဖြင့် ဓမ္မရသ ဆောင်းပါး၊ ၀ထ္ထုတို (ဘာသာရေးနှင့်သက်ဆိုင်သောအကြောင်းအရာစာမူများ) ကိုရေးသားချီးမြှင့်ပေးပါရန် စာမူများ တောင်းခံအပ်ပါသည်။

ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း၏ ရည်ရွယ်ချက် ။

ဗုဒ္ဓဘာသာအကြောင်း
ဗုဒ္ဓ၏ ဓမ္မဒေသနာတော်များ
ဗုဒ္ဓဘာသာဝင်များ ကျင့်ကြံပွားများအားထုတ်ရမည့် သီလ၊ သမာဓိ၊ ပညာ၊ ၀ိပသနာတရားတော်များကို ခြေခြေမြစ်မြစ် သိရှိနားလည်ပြီး ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ပီပီပြင်ပြင် ဖြစ်စေချင်ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ ဓမ္မဒေသနာတော်များနှင့် ပွားများရမည့် တရားဘာဝနာ များသည် လောကသံသရာမှာ အဆင့်မြင့်မြင့် အထက်တန်းကျကျ မျက်နှာပန်း လှလှ နေထိုင်ရ၍ မင်္ဂဖိုလ်နိဗ္ဗာန်သို့တိုင် အကျိုးများစေရန် ဦးတည်ရည်ရွယ် ပါသည်။

၂၀၁၀ ခုနှစ်မှစ၍ လစဉ်ပုံမှန်ထုတ်ဝေ ဖြန့်ချိပေးပါမည်။ (၃)လ အတွက်စာမူများအား စာပေစီစစ်ရေးမှ ခွင့်ပြုပြီးဖြစ်ပါသည်။ ပေးပို့သော စာမူများ အားလည်း ဆက်လက်တင်ပြ၍ လစဉ်ဆက်တိုက် ထုတ်ဝေဖြန့်ချိသွားပါမည်။


ဆက်သွယ်ရန်
dhammadigest.mdy@gmail.com

Full Colour
အမှတ်(၄၄၉)၊ ၃၃ လမ်း၊ ၈၁ လမ်း/ ၈၂ လမ်း၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉-၂၀၃၄၈၁၉

ဓမ္မဒိုင်ဂျက် ဓမ္မရသစာစု မဂ္ဂဇင်း

စာတည်းချုပ်
တက္ကသိုလ် တေဇာလင်း
ရတနာဘုံမြင့်စာချကျောင်း
ချမ်းသာကြီးကျောင်းတိုက်
ပွဲကုန်း၊ အောင်မြေသာစံမြို့နယ်
၉၁/၉၂ လမ်းကြား၊ ၂၆ ဘီလမ်း
မန္တလေးမြို့။
ဖုန်း ၀၂-၆၀၇၉၄


ရွှေလမ်းငွေလမ်းဝင်းကြည်
၇-၃-၂၀၁၀ ည(၉း၃၀)နာရီ တင်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP