* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 8, 2010

တိပိဋက ယောဆရာတော်ကြီးရဲ့ (၆၇) နှစ် အိုပွဲမင်္ဂလာ

ကျေးဇူးရှင် တိပိဋက ယောဆရာတော်ကြီးရဲ့ ၆၇ နှစ်ပြည့် အိုပွဲမင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀ိသုဒ္ဓါရုံကျောင်းတိုက်မှာ ကျင်းပခဲ့တယ်၊ ပင့်သံဃာတော်များ၊သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်သည်တော်များအား ကျွေးမှုလှူဒါန်းခြင်းနဲ့ တရားရေအေး တိုက်ကျွေးလျှက် အိုပွဲမင်္ဂလာကို ကျင်းပခဲ့ပါတယ်၊ ဆရာတော်ကြီးရဲ့ အိုပွဲမင်္ဂလာ နှလုံးသွင်း သံဝေဂကဗျာကိုလည်း ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။

၆၇နှစ် အိုပွဲသဘင်မှာ ဖူးတွေ့ရသည့် တိပိဋကယောဆရာတော်နှင့် ပင့်သံဃာတော်များ









မွေးနေ့ဆိုတာ အိုပွဲပါ .....

- တနှစ်တခါ ၊ မွေးနေ့ပါ ၊ လူမှာခေါ်ရိုးရှိ။

- တကယ်ပြောင်းတာ ၊ ရုပ်နာမ်ပါ ၊ ခန္ဓာမမြဲသိ။
- ရုပ်နာမ် ဓမ္မ ၊ မမြဲကြ ၊ ခဏ ခဏ ပြောင်းနေ၏။
- သေမင်း မှတ်တိုင် ၊ နောက်တစ်တိုင် ၊ ရင်ဆိုင်ရောက်လာ၏။
- မွေးနေ့ဆိုတာ ၊ အိုပွဲပါ ၊ သေချာ ဥာဏ်ဖြင့်ကြည့်။
- အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။
- အသက်ကြီးရုံ ၊ အားမစုံ ၊ အကုန်ကြောက်ရ၏။
- အသိမကြွယ် ၊ အကျင့်ကွယ် ၊ အိုပယ်ဖြစ်သွား၏။
- အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။
- ကြီးလေ လှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။
- မွေးနေ့မင်္ဂလာ ၊ ရတနာ ၊ ကောင်းစွာရအောင်ဖြည့်။

( တိပိဋက ယောဆရာတော် )

ရန်ကုန် အွန်လိုင်းကို အံတု၍ ဓာတ်ပုံများ ပို့ပေးသည့် အရှင်ဝဇိရနှင့် အရှင်ကာရုညတို့အား ကျေးဇူးအထူးတင်ပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP