ဆရာ့စကား
မင်းတို့တစ်စု ၊ ငါ့အပြုကြောင့်
စိတ်ခုနေခဲ့ ကြပါလျှင် ။
မင်းတို့အကြား ၊ ငါ့စကားကြောင့်
ထွေပြားနေခဲ့ ကြပါလျှင် ။
ကာလ,ဒေသ ၊ ပုဂ္ဂလဟု
ချိန်ဆထိုက်စွာ ၊ သုံးထိုက်ရာသည့်
ဝါစာ,ကာယ ၊ ဥပါယဉာဏ်
စီမံစွဲသုံး ၊ သူမြတ်ထုံးကို
ထိုထိုဆရာ ၊ သုံးတတ်စွာဟု
ဝမ်းသာဝမ်းမြောက် ၊ ကောင်းကျိုးရောက်၍
ဉာဏ်ထောက်ဆင်ခြင် ၊ နောင်ခါမြင်သော်
အရှင်ဆရာ ၊ ကျေးဇူးပါဟု
ကွယ်ရာမပြောကြလေနှင့် ။ ။
စိတ်ခုနေခဲ့ ကြပါလျှင် ။
မင်းတို့အကြား ၊ ငါ့စကားကြောင့်
ထွေပြားနေခဲ့ ကြပါလျှင် ။
ကာလ,ဒေသ ၊ ပုဂ္ဂလဟု
ချိန်ဆထိုက်စွာ ၊ သုံးထိုက်ရာသည့်
ဝါစာ,ကာယ ၊ ဥပါယဉာဏ်
စီမံစွဲသုံး ၊ သူမြတ်ထုံးကို
ထိုထိုဆရာ ၊ သုံးတတ်စွာဟု
ဝမ်းသာဝမ်းမြောက် ၊ ကောင်းကျိုးရောက်၍
ဉာဏ်ထောက်ဆင်ခြင် ၊ နောင်ခါမြင်သော်
အရှင်ဆရာ ၊ ကျေးဇူးပါဟု
ကွယ်ရာမပြောကြလေနှင့် ။ ။
တပည့်များအပေါ် အမုန်းခံ၍ချစ်သော
ဆရာမြတ်များကို ဤကဗျာငယ်ဖြင့် ဂုဏ်ပြု
ပူဇော်ပါ၏ ။


0 comments:
Post a Comment