* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 15, 2010

ရှင်မရေ-၂ (မောင်ခိုင်မာ) ကဗျာရှည် (၈) ပုဒ် စုစည်းမှု


ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက Post - အသစ် မတင်ဖြစ်တာ အခုထိဆိုတော့ (၃) လနီးပါး အလုပ် မလုပ်ဖြစ်ခဲ့တာလို့ ဆိုရမှာပါ။ ကဗျာဆရာမြောက်များစွာရှိတဲ့အထဲကမှ ဆရာမောင်ခိုင်မာရဲ့ ကဗျာရှည်တွေကို စွဲစွဲလမ်းလမ်း နှစ်သက်မိလေတော့ ဆရာရဲ့လက်ရာ ရှင်မရေ (၂) ကဗျာရှည်(၈)ပုဒ် စုစည်းမှုကို တင်ဆက်ပေး လိုက်ပါတယ်။

နွေလမ်းမှာလေကြမ်းဆင် - ကဗျာရှည်ထဲက - အပိုင်းအစ အချို့ကို ဆွဲထုတ်ကြည့်မိလိုက်တော့ ...

ကိုယ့်ခြံကိုကိုယ်ကာ
စီမံပါမှ တန်ကာကျ။
သူတို့စခန်းလိုပေါ့
တို့လမ်းစဉ် ပျော်ရွှင်မွေ့ရမယ်
ဒါ အရှေ့အာရှ။

ကိုယ့်အိမ်ကို ကိုယ်ရုံ
လုံခြုံပါမှ တော်ရုံကျ။
သူတို့ လှမ်းသလိုပေါ့
တို့လမ်းမှာ ပန်းတွေတွေ့ရမယ်
ဒါ အရှေ့အာရှ။

ကိုယ့်ပန်းကို ကိုယ်ပန်
ပိုလျှံကာမှ တန်ကာကျ။
သူတို့ရောင်းသလိုပေါ့
ကိုယ့်အကြောင်း ကိုယ်ပြန်လေ့လာမှ
ဒါ အရှေ့အာရှ။

အာရှချင်း အတူတူ
အူ ချင်းလည်း မကွဲပြား။
စားတော့လည်း ဒီဆန်
နံ တော့လည်း မကွဲပြား။
သူတို့အာရှမှာဖြင့်
သူတို့အာဟာရတွေနဲ့
သူတို့မာနတွေ စီမံသလိုပေါ့
တို့အာရှမြေမှာလည်း
တို့အာဟာရတွေနဲ့
တို့မာနတွေ စီမံသနဲ့
ဆန်တစ်ပြည် တစ်ရာကျစေတော့

အာရှမှာ တစ်ချို့ဘုံအမြင့်ထက်
ရှင်မရေ တို့ဂုဏ်မြင့်မား ။

အပြည့်အစုံကို ဒီနေရာကနေ DOWNLOAD ပြုလုပ်ပါ။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP