* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 15, 2010

သင်္ကန်းဘယ်ဘက်တင်တာ ဘာ့ကြောင့်လဲ

အမေး။ ။အရှင်ဘုရား…သံဃာတော်များ သင်္ဃန်းကို ဘာကြောင် ဘယ်ဘက်သို့ ရုံကြတာလဲဘု၇ား။ ညာဘက်ရုံရင်ရော ဘာဖြစ်နိုင်ပါသလဲ။ နောက်တစ်ခုက အလှူပြုခြင်းအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ(သို့မဟုတ်) ပစ္စည်းလှူလိုက်ပါတယ်။ အလှူခံတဲ့သူက ထိုပစ္စည်းကို တစ်ခြားသူတစ်ယောက်ကို ပေးလှူလိုက်ပါတယ်။ ဒါဆိုရင် တပည့်တော်မှ ကုသိုလ်နှစ်ခါရနိုင်ပါသလားဘုရား။
တာလေးရှိလို့ပါ။သံဃာတော်များသင်္ဃန်းကိုဘာကြောင့်ဘယ်ဘက်သို့ရုံကြတာလဲဘုရား။ညာဘက်၇ုံရင်ရောာဘာဖြစ်နိုင်ပါသလဲဘုရား။
နောက်တခုက အလှူပြုခြင်းအကြောင်းပါ။တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ သို့မဟုတ် ပစ္စည်း လှူလိုက်ပြီး ထိုသူက တခြားသူတစ်ဦးဦး အားလှူလိုက်ရင် တပည်တော်မှာ ကုသိုလ်နှစ်ခါရနှိင်ပါသလား။
white devil (နေရပ်မရှိ)

အဖြေ။ ။သင်္ကန်းကို ဘယ်ဘက်ပုခုံးပေါ်တင်ပြီး ရမ်းကြတာနဲ့ပတ်သက်ပြီး စာပေမှာ ရှာကြည့်တဲ့အခါ (ပဌမံ ကေသမဿုံ သြဟာရာပေတွာ ကာသာယာနိ ၀တ္ထာနိ အစ္ဆာဒါပေတွာ ဧကံသံ ဥတ္တရာသင်္ဂံ ကာရာပေတွာ )လို့ မဟာဝါပါဠိတော်၊ မဟာခန္ဓက၊ ပဗ္ဗဇ္ဇူပသမ္ပဒါကထာ မှာ မိန့်တော်မူ ထားတာတွေ့ရပါတယ်။ ထိုပါဠိထဲက ‘ဧကံသံ ဥတ္တရာသင်္ဂံ’ ကိုကြည့်ရမှာဖြစ်တယ်။ ဒီစကားလုံးဟာ အခြားနေရာတွေမှာလဲ တွေ့ရပါတယ်။ အဓိပ္ပါယ်က ရှင်ပြုတဲ့အခါ ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ပယ်ပြီး ဖန်ရည်စွန်းတဲ့သင်္ကန်းကို ဖုံးလွမ်းကာ အပေါ်ရုံသင်္ကန်းကို ပုခုံးတစ်ဖက်မှာ တင်ရမယ် လို့ လာပါတယ်။
ဘယ်ဘက်ပုခုံးမှာတင်ပါလို့တော့ အထူးဝိသေသမပါပါဘူး။ ဒါပေမဲ့ ခေတ်အဆင့်ဆင့်က ဒီလိုပဲ ဘယ်ဘက်ကို တင်လာကြပါတယ်။ နောက်တစ်ခုက ကမ္ဘာမှာရှိကြတဲ့လူများဟာ အများအားဖြင့် ညာဘက်လက်က သန်တာ များကြပြီး၊ လက်နဲ့ပြုလုပ်တဲ့အခါ အများအားဖြင့် ညာဖက်က ပြုလုပ်ကြတာများကြပါတယ်။ ဒါကြောင့်လဲ သင်္ကန်းရမ်းတဲ့အခါ ညာဖက်လက်ကသင်္ကန်းအစကိုင်ပြီး ဘယ်ဘက်ပုခုံး ပေါ်တင်ကြတာ သဘာဝဖြစ်နေပါတော့တယ်။ ပါဠိတော်ကတော့ ဘာ့ကြောင့် ဘယ်ဘက်ပုခုံးတင်ရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ အထူးမရှိပါဘူး။
တကယ်လို့ ပညာရှင်များ အဋ္ဌကထာတွေမှာ ရှာတွေ့တယ်ဆိုရင် ထပ်မံဖေါ်ပြပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။
အလှူနဲ့ပတ်သက်ပြီး ကိုယ်လှူလိုက်တဲ့ဒါနအပေါ်မှာ အလှူခံသူက တစ်ခြားတစ်ယောက်ကို ပေးလှူလိုက်တယ်။ဒီလိုပေးလှူလိုက်တဲ့ အကြောင်းကိုလဲ ပထမအလှူရှင်ကသိသွားလို့ ကျေနပ်ဝမ်းမြောက်မှုဖြစ်ရင်တော့ ကုသိုလ်ထပ်ရတယ်။ ဒါပေမဲ့ “ငါကသူ့ကိုသုံးစေချင်လို့ လှူတာ သူကတစ်ခြားသူကို ပေးလိုက်ရကောင်းလား” ဆိုပြီး စိတ်ဆိုးနေမယ်ဆိုရင်တော့ ကုသိုလ်မရနိုင်ပါဘူး။
အမှန်က လှူလိုက်တဲ့ပစ္စည်းကို ရရှိတဲ့သူက အခြားသူအားပေးတာဖြစ်စေ၊မပေးတာဖြစ်စေ အဓိကမဟုတ်ပါဘူး။ ကိုယ်ပြုလိုက် တဲ့ကုသိုလ်အပေါ်မှာပဲ ထပ်ခါတလဲလဲ တွေးပြီး ကြည်နူးဝမ်းမြောက်နေမယ်ဆိုရင် ၀မ်းမြောက်မှုဖြစ်သလောက် ကုသိုလ်ရနေမယ်ဆိုတာပါပဲ၊ အကြိမ်ကြိမ်တွေးရင် အကြိမ်ကြိမ် ကုသိုလ်ရနေမယ်။ ဒါဆိုရင် သဘောရှင်းလောက်ပါပြီ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP