အလှပြင်ဆိုင်တရားတော် by ညိုလေး (ပေါင်းတည်)
တရားစခန်း(၁၀)ရက်ပြည့်လျှင် ကိုယ့်အိမ်ကိုယ့်ယာပြန်ရမှာဖြစ်ပါတယ်။ ကိုယ်သင်ကြားတတ် မြောက်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို မလည်အောင်ဖြတ်တတ်ရမယ်။ တရားစခန်းဝင်တယ်ဆိုတာ ကိလေသာတွေကို သတ်နေတာ။ ခန္ဓာကိုယ်ကြည့်ကောင်းအောင် နည်းအမျိုးမျိုးနဲ့အလှဆင်နေကြ တယ်။ အဝတ်အစားတွေကို ကျပ်တာရှောင်တာ ရွေးရတယ်။အရောင်အမျိုးမျိုး အဆင်းအမျိုး
မျိုးနဲ့အလှဆင်ကြရတယ်။အချိုးမကျရင်ဘယ်လောက်ပြင်ပြင်အဆင်မပြေပါ။အလှပြင်ဆိုင်သွားပြီးမွမ်းမံပြင် ဆင်တဲ့အခါ နည်းမျိုးစုံနဲ့ ပြုပြင်ပေးလို့ ကြည့်ကောင်းသွားတယ်။ အလှပြင်ဆိုင်မသွားခင်မျက်နှာပေါ်က အဖု၊အပိန့်၊မှည့်ခြောက်၊တင်းတိပ်တွေဟာလောဘ၊ဒေါသ၊မောဟဆိုတဲ့ကိလေသာအမှိုက်တွေနဲ့တူပါတယ်။ ထုနဲ့ထည်နဲ့ရှိနေတဲ့ကိလေသာအမှိုက်တွေကိုပါးသွားအောင်“တရားရိပ်သာ”ဆိုတဲ့စိတ်အလှပြင်ဆိုင်မှာလာပြီးအလှပြင်နေကြတာပါ။အလှပြင်ဆိုင်က ထွက်မလာခင်အချိန်ကိုကြည့်ကြရအောင်။အလှပြင်ပြင်ပြီးလို့ဆံပင်ကိုလည်းသေသေသပ်သပ်ဖြစ်သွားတော့၊မှန်ထဲ မှာကြည့်လို့မဝအောင်ဖြစ်လာမယ်။ ပြင်ဆင်တဲ့အပေါ် ချောလို့သဘောကြတာက “လောဘ” စိတ်ဖြစ်နေပြီ ။ ကိုယ့်ဆံပင်ကို အလှမပျက်အောင် အထိန်းအကွပ်ပဲ့မခံရအောင် ဂရုတစ်စိုက်နဲ့နေရပြီး အလှပျက်မှာစိုးလို့ ကြောင့်ကြပူပန်ရတာက “သောက” ပဲ။ ကိုယ့်အပေါ်က အလှကို တိုက်ခိုက်မိရင် မကျေနပ်တဲ့ “ဒေါသ” စိတ်က ပေါ်လာပြန်တယ်။ အိမ်ရောက်သည့်တိုင်အောင် အလှမပျက်အောင်နေ နေရတဲ့ စိုးရိမ်စိတ်က မိမိစိတ်ကို ညစ်နွမ်းစေတယ်။
ဘုရားက ကိလေသာတွေကိုပါယ်ခိုင်းတယ်။ ခန္ဓာကိုယ်ကြီးအကြောင်းပြုပြီး ကိလေသာတွေ ထူခဲ့ တယ်။ ကိုယ့်စိတ်ကိုပြန်သုံးသပ်ကြည့် ရင်ငါ့မျက်နှာလေးဆိုတော့ဒိဋ္ဌိဖြစ်သွားပြီ။ငါ၊သူတစ်ပါး၊ယောင်္ကျား မိနိ့်းမမဟုတ်။ နာမ်နဲ့ရုပ်နဲ့ပဲရှိတယ်။ ဖြစ်လာတဲ့ စိတ်တွေက လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ ကိလေသာတွေကမ္မပစ္စယာဇာတိ၊ဇာတိရရင်ဇရာမရဏပရိဒေဝ--စသည်ဖြင့်ပဋိစ္စသမုပ္ပါဒ် လည်တော့မယ်။ သာသနာနဲ့ဆုံတုံးကြုံတုံးအကျိုးရှိအောင်ခန္ဓာကိုယ်ကိုအရင်းတည်ပြီး တရားရှာကြပါ။
“ရိပ်သာ”တည်းဟူသောစိတ်အလှပြင်ဆိုင်ကစိတ်ကိုပြုပြင်ပေးပါမယ်။ရိပ်သာအားလုံးစိတ်အလှပြင်ဆိုင်ဖွင့်ပေးနေတာပါ။တစ်နေ့တစ်နေ့စိတ်ကလေးကိုစောင့်ရှောက်တဲ့အလုပ်
ကိုလုပ်ကြပါ။ ခန္ဓာကိုယ်ကြီးဟာမတင့်တယ်တဲ့အသုဘခန္ဓာကြီးပါ။စိတ်အလှပြင်တာကိလေသာခွာတာပါ။ ယောဂီတို့ကိုအပါယ်လေးပါးကလွတ်အောင်စိတ်ကိုအလှပြင်ပေးနေတာပါ။ ရုပ်နာမ်ဓမ္မသင်္ခါရတွေပေါ်မှာ အသိကပ်ပေးပါ။စောင့်ကြည့်ပါ၊ရှုပါ။တစ်ချက်ရှုရင်တစ်ချက်ဒေါသကင်းပါတယ်။အဲဒီပုဂ္ဂိုလ်တကယ့်အလှပိုင်ရှင်လို့ခေါ်ပါတယ်။တစ်ရက်မှာကိလေသာနည်းနည်းပါးရင်(၁၀)ရက်
မှာနည်းနည်းများမယ်။ရိပ်သာမှာစိတ်အလှပြင်ပြီးရင်အလှပြင်ဆိုင်မှာအလှပြင်လာသလိုအိမ်ရောက်သည့်တိုင်အလှမ
ပျက်အောင်နေသလိုနေပါ။ မိမိအိမ်ရောက်လျှင်ကိလေသာလောဘ၊ဒေါသ၊မောဟ၊အမှိုက်တွေမရှိအောင် ဆက်လက်ထိန်းသိမ်း နေထိုင်ပါ။ စိတ်ကိုအလှပြင်ခြင်းသည် ကျက်သရေအရှိဆုံးပါ။ မြတ်စွာဘုရားက အလှဆင်လိုလျှင်အနှစ်ထုတ်ကြလို့ ဟောကြားခဲ့ပါတယ်။ ဝိပဿနာ အလုပ်ဆိုတာ အကာထဲက အနှစ်ထုတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဝိပဿနာ အလုပ်သည် အကောင်းဆုံးအလုပ်ဖြစ်ပါတယ်။ အနှစ်တရားတွေနဲ့ စိတ်အလှတွေပြင်နိုင်အောင်ကြိုး စားကြပါဟု ဟောကြားတော်မူခဲ့ပါသည်။
(၂၀၀၉ ခုနှစ်၊အောက်တိုဘာလအတွင်း၊အိန္ဒိ ယနိုင်ငံ ပတ္တနားမြို့တွင် ဘဝနတ်ထဲပျံလွန်တော်မူသွားခဲ့သော ဆရာတော် အရှင်ပုညာနန္ဒဟောကြားတော်မူခဲ့ေ သာ အလှပြင်ဆိုင်တရားတော်ကိုပြန်လည် မျှဝေလိုက်ပါသည် ။
ဆရာတော်သည်ရန်ကုန်တိုင်းသာကေတမြို့နယ်(၉)ရပ်ကွက်၊နဝရတ်လမ်းရှိပုညာရာမမိုးကုတ်ဝိပဿနာကျောင်း တိုက်ကြီး၏ပဓာနနာယကဆရာတော်တစ်ပါးဖြစ်ပါသည်။အရှင်သူမြတ်သည်သာသနာတော်အတွက်ရပ်ကွက်သံ
ဃာ့နာယကအကျိုးတော်ဆောင်ရပ်ကွက်လုံးဆိုင်ရာဓမ္မာရုံကြီး
၏သြဝါဒစရိယဆရာတော်ဖြစ်ပါသည်။ပုညာရာမမိုးကုတ်ဝိပဿနာကျောင်းတိုက်အတွင်းလစဉ်(၁၀)ရက်တရား
စခန်းဝါတွင်းရက်ရှည်ကျေးရွာအသီးသီးသို့လှည့်လည်၍နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကိုဟောကြားပြ
သတော်မူခဲ့ ပါသည် ။အရှင်ပုညာနန္ဒသည် မြန်မာနိုင်ငံတွင်သာမကပြည်ပနိုင်ငံများသိုပါကြွရောက်ပြီးတရားစခန်းများဖွင့်လှစ်ကာ ဝိပဿနာအလုပ်ပေးတရားတော်များကိုေ ဟာကြားလျက် သာသနာပြုနေဆဲတွင် ပျံလွန်တော်မူခြင်းဖြစ်၍ ပြည်တွင်းပြည်ပမှ တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့မှ နှမျောတသ ယူကြူံးမရဖြစ်ခဲ့ကြပါတသည် ။ ဆရာတော်ဘုရားဟေားကြားတော်မူခဲ့ သည့် တရားတော်အနက် အလှပြင်ဆိုင် တရားးတော်မှ တရားတော်အချို့ကို မျှဝေရမည်ဆိုလျှင်(ဆရာတော်၏ ဂုဏရသမြောက်သောအသံတော်အတိုင်းရေးသားဖေါ်ပြပါမည် ။)
ဗုဒ္ဓဘာသာဝင် သူတော်စင်များ စိတ် အလှပြင်နိုင်ကြပါစေ


0 comments:
Post a Comment