ရုပ် နှင့် နာမ်
Posted on February 11, 2010 by သူရိယ
လက်တစ်ကွေးမှာ ကွေးချင်တဲ့ စိတ်ကလေးရယ် ၊ ကွေးတဲ့ ရုပ်လေးရယ် ပါပါတယ်…
ကွေးမယ်ကြံတဲ့စိတ်မှာ နာမ်ခန္ဓာလေးပါး ပါပါတယ်…
၁) ကွေးတဲ့အခါ ဝမ်းမြောက်ဝမ်းသာနဲ့ ကွေးတာ ဖြစ်ချင်လည်း ဖြစ်မယ် ၊ ဝမ်းသာတာလည်းမဟုတ် ၊ နှလုံးမသာယာတာလည်း မဟုတ်ဘဲ ရိုးရိုးအနေအထားနဲ့ ကွေးတာလည်း ဖြစ်ချင်ဖြစ်မယ် ၊ ဒါက ဝေဒန္ခခန္ဓာ ပါ
၂) ကွေးမယ်လို့ မှတ်သားတဲ့ သညာက သညက္ခန္ဓာ ပါ
၃) ကွေးဖို့ရာ စေ့ဆော်တိုက်တွန်းတဲ့ သဘောလေးက သင်္ခါရက္ခန္ဓာ ပါ
၎) ကွေးမယ်လို့ ကြံတဲ့ စိတ်က ဝိညာဏခန္ဓာ ပါ
၅) ကွေးတဲ့ လှုပ်ရှားမှုက ရူပက္ခန္ဓာ ပါ

ကျမ်းကိုး
လူတော်လူကောင်းနှင့် အကုသိုလ် ပယ်နည်း
ရဝေနွယ် ( အင်းမ)
(စန္ဒာ့ ကိုယ်စားတင်ပေးချင်းဖြစ်ပါတယ်။)
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »

0 comments:
Post a Comment