* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 12, 2010

*ဖေဖော်ဝါရီလ ၁၄-ရက်နေ့ တရားတော်နာ ဖိတ်ကြားလွှာ*


မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့ ခင်ဗျာ...

ဖေဖော်ဝါရီလ ၁၄-ရက်နေ့၊ တနင်္ဂနွေနေ့၊ နယူးယောက် စံတော်ချိန် မနက် 7:15, ရုရှ စံတော်ချိန် ညနေ 3:15, စင်္ကာပူ စံတော်ချိန် ညနေ 8:15 တွင် ဆရာတော် အရှင်သုနန္ဒာလင်္ကာရ (http://www.dhammayaungchi.com/) မှ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် တရားတော် ချီးမြှင့်ပေးမှုကို http://live.dhammathukha.com/ မှ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်ပါ၍ ဓမ္မမောင်နှမတို့ အနေနဲ့ တရားတော် နာယူနိုင်ကြပါရန် လေးစားစွာ ကြိုတင်၍ အသိပေးအပ်ပါတယ် ခင်ဗျာ...။

တရားတော်နာ ကြွရောက်ကြပါရန်လည်း တလေးတစား ဖိတ်ကြားပါရစေ။

ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ဝယ်ညွတ်နူး ဦးထိပ်ပန်ဆင်လျက်
http://live.dhammathukha.com/


---------------*******---------------

သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။

တရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရား ဟောတော်မူသည်။ ထိုစဉ် ကန်အတွင်း၌ နေသော ဖားငယ်တကောင်သည် ရေကန်ထဲမှ ထွက်လာသည်။ ပရိသတ်အစွန် တနေရာ၌ ၀ပ်လျက်-သည်အသံသည် တရားတော်၏ အသံပင်ဖြစ်၏-ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။

ထိုအခိုက် နွားကျောင်းသားတယောက်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ ၀င်ရောက် တရားနာယူသည်။ တရားနာရာ၌ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို ထောက်လျက် နာယူသည်။ ထိုအခါ သူ၏ နှင်တံတုတ်သည် ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ ထောက်မိသွားသည်။ ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင် သေဆုံးသွားရှာသည်။

ဖားငယ်သည် တရားတော်၏ အနက် အဓိပ္ပါယ်ကို မသိ။ သို့ရာတွင် တရားတော်ကို အာရုံပြုလျက် ကြည်သာ ရွှင်လန်းသော စိတ်အစဉ်ရှိနေစဉ် သေဆုံးသွားသဖြင့် တာဝတိံသာ နတ်ပြည်ဝယ် နတ်သား သွားဖြစ်သည်။ ရွှေဗိမ္မာန်၌ နတ်သမီး အခြံအရံပေါင်း များစွာဖြင့် စံစားရသည်။ မဏ္ဍူကဒေ၀ပုတ္တ (ဖားနတ်သား) ဟူ၍ အမည်တွင်သည်။

ထို ဖားနတ်သားသည် အတိတ်ဘ၀က ဖားသူငယ် ဖြစ်ခဲ့ပုံနှင့် ဘုရားရှင်၏ တရားတော်ကို နာခဲ့ရသဖြင့် ယခုကဲ့သို့ နတ်သား ဖြစ်လာခဲ့ရပုံကို ဆင်ခြင်မိသည်။ သို့ဖြင့် သူသည် အခြံအရံများနှင့် တကွ လူ့ပြည်သို့ ဆင်းလာသည်။ တရားဟောနေသော ဘုရားရှင်ကို သွားရောက် ဖူးမြော်သည်။ ဘုရားရှင်သည် ဖားနတ်သား၏ ဖြစ်ကြောင်း ကုန်စင်ကို တန်ခိုးတော်ဖြင့် သိတော်မူပြီးဖြစ်သည်။ သို့ရာတွင် တရားနာ ပရိတ်သတ်များ ထင်ရှားစွာသိစေလို သဖြင့် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းသည်။ ဖားနတ်သား ကလည်း ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားသည်။

ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်း ဟောပြောတော် မူသည်။ နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက် ဟောပြောတော်မူသည်။ တရားအဆုံးတွင် ဖားနတ်သားသည် သောတာပန် တည်သွားသည်။ တရားနာ ပရိသတ်တို့လည်း ထူးမြတ်သော အကျိုးကျေးဇူးကို ခံစားရရှိလေသည်။
(အကိုး။ ။ မဏ္ဍူကဒေ၀ပုတ္တ၊ ဖားနတ်သားဝတ္ထု၊ ၀ိမာနအဋ္ဌကထာ)
( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၃၀-ခု စက်တင်ဘာလ)

သင့်လျော်သော အခါ၌ တရားနာခြင်း post ကို မင်္ဂလာသတင်းစဉ် http://mawluu.blogspot.com/ အရှင်ဓမ္မသာမိ ဆိုဒ်မှ ကူးယူ မျှဝေပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP