* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 21, 2009

သီတင်းကျွတ် တန်ဆောင်မုန်း...



၂၀၀၉.၀၉.၂၀

သရဒသုတ် - (သီတင်းကျွတ်၊ တန်ဆောင်မုန်း)


ရဟန်းတို့ တန်ဆောင်မုန်းလ 'သရဒ' အခါ တိမ်သား ကင်းစင်၍ မြင့်သော မိုးကောင်း ကင်၌ ရှေးရှု တက်လာသော နေမင်းသည် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာ သာဝကအား ကိလေသာမြူ အညစ် အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်လာ၏။

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ် အမြင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အရိယာသာဝကအား သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ သုံးဝသော သံယောဇဉ် 'နှောင်ကြိုး' တို့သည် ပျောက်ကုန်၏။

ထိုမှနောက်၌ မက်မောခြင်း 'အဘိဇ္ဈာ'၊ ပျက်စီးစေလိုခြင်း 'ဗျာပါဒ'တရားနှစ်မျိုးတို့မှ လွတ်မြောက်၏။ ထိုပုဂ္ဂိုလ်သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်'သုံးသပ်ခြင်း 'ဝိစာရ'နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ရဟန်းတို့ ထိုအခါ၌ အရိယာ သာဝကသည် အကယ်၍ သေငြားအံ့၊ ထို သာဝကအား လူ့ပြည်သို့ တစ်ဖန် ပြန်လာ စေနိုင်သော ယင်း ယှဉ်စပ်မှု သံယောဇဉ် 'နှောင်ကြိုး' မရှိတော့ပြီဟု မိန့်တော်မူ၏။ 95

၃ - သရဒသုတ်၊ လောဏကပလ္လဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP