* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 21, 2009

9 သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၃)

သတိဆိုတဲ့ တံခါးမှူး

တရားအားထုတ်တဲ့အခါမှာ သတိဟာ တံခါးစောင့်နဲ့ တူတယ်။ ပကတိမြို့ အ၀င်ဝတွေမှာစောင့်တဲ့ တံခါးမှူးဟာ ယုံကြည်စိတ်ချမှု မရှိတဲ့သူတွေကိုအ၀င်မခံဘူး၊ ယုံကြည်စိတ်ချရတဲ့သူတွေကိုမှသာ အ၀င်ခံတယ်။ ဒီအတိုင်းပါပဲ၊ သတိဆိုတဲ့ တံခါးစောင့်၊ တံခါးမှူးက အကုသိုလ်တွေကို အ၀င်မခံဘူး။ ကုသိုလ်တွေတော့ အ၀င်ခံတယ်။ ၀င်ခွင့်ပြုတယ်။

အနေလည်းပျော် အသေလည်းပျော်

သတိပဋ္ဌာန်တရားနဲ့  နေတဲ့သူဟာ သေခါနီးမှာ ညည်းညည်းညူညူအော်အော်ဟစ်ဟစ် မသေရဘူး။ ကိုယ့်အမှတ်နဲ့ ကိုယ် နေရတယ်။ သေရတယ်။ လုံးဝသတိမမေ့ဘူး။ သတိ မလွတ်ဘူး။ သတိပဋ္ဌာန်တရားကို ထိထိမိမိပိုင်ပိုင်နိုင်နိုင် မှတ်သားပွားများထားတဲ့ ယောဂီသူတော်စင်ဟာ အနေဖြောင့်တယ်။ အသေဖြောင့်တယ်။

ကျန်းမာရေး နဲ့  တရား

ယောဂီသူတော်စင်အားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ။ကျန်းမာရေးကောင်းအောင် ဆီး၊ ၀မ်း၊ လေ သုံးမျိုးကို အထူးဂရုစိုက်ရမယ်။ လမ်းလျှောက်တဲ့အကျင့် ပြုလုပ်ပေးရမယ်။ သွေးလေညီညွတ်မှ ကျန်းမာရေးကောင်းမယ်။ ကျန်းမာရေး ကောင်းမှ တရားမှတ်ရတာ ပို၍ အဆင်ပြေမယ်။ ဥာဏ်တက်မယ်။ ဥာဏ်ထက်မယ်။


သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)
ဆက်လက်ဖတ်ရှုရန်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP