* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 1, 2009

*သူငယ်ချင်းဆိုတာ*


သူငယ်ချင်း ဆိုတာပါဠိလို သဟာယကပါ။သုခ ဒုက္ခံသဟအာယန္တိဥပဂစ္ဆန္တီတိသဟာယကော၊ ချမ်းသာ
ဆင်းရဲကိုအတူတကွခံစားတတ်သောကြောင့်သူငယ်ချင်းလို့ခေါ်ဆိုပါတယ်လို့အဓိပ္ပာယ်ရပါတယ်။
သူငယ်ချင်းဆိုတာ ဆင်းရဲ၊ ချမ်းသာမခွဲခြားဘဲ ရာထူးဂုဏ်ရှိန်တွေဘယ်လောက်မြင့်မားကြွယ်နေပါစေ
တစ်ဦးနဲ့တစ်ဦးဆိုးအတူကောင်းအဖတ်မျှဝေခံစားတတ်တဲ့စိတ်ဓါတ်ရှိရမှာဖြစ်ပါတယ်။
ကိုယ်ရဲ့သူငယ်ချင်းကမကောင်းတဲ့ ဒုစရိုက်တွေပြုလုပ်တဲ့အခါကိုယ်ကိုတိုင်ပါဝင်အားပေးခြင်းမရှိဘဲ
လမ်းမှန်သို့ရောက်အောင်အမှားကို အမှန်မြင်အောင်ပြုပြင်ထိန်းကျောင်းပေးနိုင်မှသာတကယ်သူငယ်
ချင်းကောင်းဖြစ်ပါတယ်။အရက်ခွက်ကို အတူသောက်နိုင်မှ၊ လောင်းကစားမှုကို အတူတကွလုပ်နိုင်မှစ
တဲ့မကောင်းမှုများကို သိရဲ့သားနဲ့ မတားမြစ်ဘဲ အတူတကွ အားပေး အားမြှောက်ပြုလုပ်နိုင်မှသာတ
ကယ့်သူငယ်ချင်းမဟုတ်ပါဘူးခင်ဗျာ။
မိဘတွေနဲ့ဝေးကွာပြီးပညာသင်နေရတဲ့အချိန်မှာလမ်းမှားသို့မရောက်အောင်၊စိတ်ဓါတ်ကျနေတဲ့အ
ချိန်မှာလည်းအမြဲတမ်းအားပေးပြီးကျွန်တော်ဘအခုလိုတိုးတက်အောင်မြင်လာအောင်လမ်းညွန်ပေးခဲ့
တာတွေဟာလည်းသူငယ်ချင်းကောင်းမိတ်ဆွေစစ်တွေရှိခဲ့လို့သူတို့တွေရဲ့အားပေးမှုတွေကြောင့်ဖြစ်
ပါတယ်။စစ်မှန်တဲ့ သူငယ်ချင်းဆိုတဲ့ စိတ်ဓါတ်ဟာတကယ့် ကျဉ်းထဲ ကျပ်ထဲအချိန်မှာသိသာလာရပါ
တယ်။ထိုထက်ပိုပြီးတော့ကိုယ်ရဲ့သူငယ်ချင်းကို ကိုးကွယ်မှုမှားနေရင်လည်း စစ်မှန်တဲ့ကိုးကွယ်မှုကို
ရောက်ရှိအောင်လမ်းပြပေးနိုင်ရင်တော့သာလွန်မြင့်မြတ်တဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်လာ
မှာဖြစ်ပါတယ်။
သူငယ်ချင်းစိတ်ဓါတ်ကိုပိုပြီးထင်ရှားအောင် ဆရာတော်ရဝေနွယ်(အင်းမ)အင်တာဗျူးဂျာနယ်တွင်ရေး
သားခဲ့သော့ကဿပဘုရားရှင်လက်ထက်တော်ကဇာတ်တော်လေးကိုဖော်ပြပေးလိုက်ပါတယ်။
ကဿပဘုရားရှင်လက်ထက်တော်က ဃဋ္ဋိကာရလို့အမည်ရတဲ့အိုးထိန်းသည်တစ်ယောက်ရှိခဲ့ဖူးပါ
တယ်။ဃဋ္ဋိကာရရဲ့အချစ်ဆုံးသူငယ်ချင်းကဇောတိပါလပါ။ဃဋ္ဋိကာရကဇာတ်နိမ့်အမျိုး၊ဇောတိပါလက
ဇာတ်မြင့်အမျိုး၊ဒါပေမယ့်သူတို့နှစ်ယောက်အတော်ချစ်ကြတယ်လို့ဆိုပါတယ်။
တစ်နေ့တော့ဃဋ္ဋိကာရကဇောတိပါလကိုကဿပဘုရားရှင်ကိုသွားဖူးဖို့ခေါ်ပါတယ်။ဒီတော့ဇောတိ
ပါလကဘယ်လိုပြန်ပြောသလဲဆိုတော့“ဦးပြည်း ရဟန်းယုတ်ကိုဖူးလို့ဘာအကျိုးရှိမှာလဲ”လို့ပြန်ပြော
ပါတယ်။ဇောတိပါလရဲ့စကားသံထဲမှာဇာတ်မြင့်ဆိုတဲ့မာနသံကအထင်းသားပေါ်နေပါတယ်။ဃဋ္ဋိကာ
ရကသုံးကြိမ်သုံးခါခေါ်ပါတယ်။ဇောတိပါလကလဲသုံးကြိမ်သုံးခါငြင်းပါတယ်။
ဇောတိပါလရဲ့ငြင်းသံအဆုံးမှာ ဃဋ္ဋိကာရက ရေချိုးဖို့မြစ်ဆိပ်ကိုခေါ်ပြန်ပါတယ်။ဒီအခါမှာတော့ဇော
တိပါလမငြင်းပါဘူး။ဃဋ္ဋိကာရနောက်ကိုဖြောင့်ဖြောင့်တန်းတန်းလိုက်ခဲ့ပါတယ်။
တကယ်တော့ဃဋ္ဋိကာရကဇောတိပါလကိုပရိယာယ်နဲ့ခေါ်တာပါ။ဘာဖြစ်လို့လဲဆိုတော့မြစ်ဆိပ်နဲ့
မြတ်စွာဘုရားကျောင်းတော်နဲ့နီးလို့ပါ။ဃဋ္ဋိကာရက မြစ်ဆိပ်ကိုရောက်တော့ဘုရားရှင်ဆီ သွားဖူးဖို့ထပ်ခေါ်ပြန်ပါတယ်။ဒါပေမယ့်ဇောတိပါလကငြင်းမြဲပါပဲ။ဒီတော့ဃဋ္ဋိကာရကဇောတိပါလရဲ့
ခါးပုံစကိုကိုင်ပြီးတောင်းတောင်းပန်ပန်နဲ့ခေါ်ပြန်ပါတယ်။ဇောတိပါလကတော့ရှေးနည်းအတိုင်းငြင်းမြဲ
ပါပဲ။
နောက်ဆုံးတော့ဃဋ္ဋိကာရကဘာလုပ်လိုက်သလဲဆိုတော့ဇောတိပါလရဲ့ဆံပင်ကိုကိုင်တဲ့ပြီးမြတ်စွာ
ဘုရားဆီ လိုက်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ဒီအချိန်မှာတော့ ဇောတိပါလ လည်းတော်တော်လေး
ထိတ်လန့် တုန်လှုပ်သွားပါတယ်။ဇောတိပါလက ဇာတ်မြင့်၊ ဃဋ္ဋိကာရက ဇာတ်နိမ့်။ဇာတ်နိမ့် သူက
ဇာတ်မြင့်သူရဲ့ဆံပင်ကိုကိုင်ခဲ့ရင်သူတို့ခေတ်ဥပဒေအရသေဒဏ်ပါ။ဒီတော့ဇောတိပါလကဘယ်လို
စဉ်းစားသလဲဆိုတော့“သူငယ်ချင်းဃဋ္ဋိကာရဟာသေဒဏ်ကိုမမှုဘဲငါ့ရဲ့ဆံပင်ကိုကိုင်ပြီးသူ့ဆရာဘု
ရားရှင်ဆီလိုက်ခဲ့ဖို့ခေါ်တယ်။ဒီအပြုအမူဟာ ငါ့အပေါ် အတော်ချစ်လို့ဖြစ်မယ်၊ပြီးတော့တစ်စုံတစ်ခု
သောအကျိုးကို လိုလားလို့ဖြစ်မယ်ထင်တယ်။ဘာပဲပြောပြောသူ့စေတနာကိုအသိအမှတ်ပြုတဲ့အနေ
နဲ့လိုက်သွားမှပဲ” လို့စဉ်းစားပါသတဲ့။ပြီးတော့“သူငယ်ချင်း ဃဋ္ဋိကာရ...ဆံပင်ကိုင်တဲ့ အထိတောင်
သင့်ဆရာကိုဖူးမြင်စေလိုသလား”လို့ပြန်မေးလိုက်ပါတယ်။ဃဋ္ဋိကာရလည်း“ဟုတ်ပါတယ်သူငယ်ချင်း
ရယ်လို့ပြောပြီးဇောတိပါလကိုဘုရားရှင်ဆီပို့ပေးဖို့စီစဉ်ပါတယ်။
ဒီဇာတ်တော်လေးကိုဖတ်ရခြင်းအားဖြင့်ဇာတ်နိမ့်၊ဇာတ်မြင့်တွေသာခွဲခြားပြီးသူငယ်ချင်းဆိုတဲ့အသိ
သာမရှိခဲ့ရင် ဇောတိပါလ မြတ်စွာဘုရားရှင်ထံရောက်ရှိမှာမဟုတ်ပါဘူးဆိုတဲ့သူငယ်ချင်းအချင်းချင်း
လမ်းမှန်သို့ရောက်အောင်ထားရှိတဲ့စစ်မှန်တဲ့သူငယ်ချင်းစိတ်ဓါတ်ကိုတွေ့ရမှာဖြစ်ပါတယ်။
ကျွန်တော်ဒီပိုစ်လေးကိုရေးလိုက်ရခြင်းကတော့ ကျွန်တော် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံ
တက်နေစဉ်ကာလအတောအတွင်းကျွန်တော်ကိုအမြဲတမ်းထာဝရအားပေးနေတဲ့သူငယ်ချင်းနဲ့တကွ
ကျွန်တော်ကိုဖုန်းဆက်ပြီးအားပေးခဲ့သောသူငယ်ချင်းများ၊လာရောက်ခဲ့သောသူငယ်ချင်းများ၊ဆေးရုံ
ဆင်းပြီး လာရောက်မေးမြန်းအားပေးကြသောသူငယ်ချင်းများ၊ကျွန်တော်ကို ဂျီမေးမှတစ်ဆင့်အားပေး
မေးမြန်းကြသောသူငယ်ချင်းများ၊ကျွန်တော်ဘလော့ကိုကျွန်တော်အနားယူနေစဉ်အတွင်းလာရောက်
ဖတ်ရှု့မေးမြန်းအားပေးကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းအားလုံးကိုကျွန်တော်မိသားစုနဲ့ဝေးကွာနေ
တဲ့အချိန်မှာသူငယ်ချင်းတို့ရဲ့ အားပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားချင်တဲ့အတွက်
ရေးသားလိုက်ရခြင်းဖြစ်ပါတင်ခင်ဗျာ။သူငယ်ချင်းတွေများတော့အမည်တွေကိုတစ်ယောက်ခြင်းဖော်
ပြပေးနိုင်ခြင်းမရှိတာကိုတော့သူငယ်ချင်းအားလုံးနားလည်ပေးကြပါရန်ပြောကြားလိုပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ဘ၀တစ်လျောက်လုံးမှာစစ်မှန်သောသူငယ်ချင်းကောင်းများနဲ့ဆုံတွေ့ပြီးတရားစစ်၊
တရားမှန်ကိုပွားများအားထုတ်နိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP