* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 1, 2009

၃၀.၁၁.၂၀၀၉ တနလာင်္ဆွမ်းပတ် အလှူဓါတ်ပုံများ

မင်္ဂလာပါရှင်။
ဒီနေ့ ၂၉.၁၁.၂၀၀၉ တနလာင်္နေ့ဟာ ကျွန်မတို့ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူအလှူရှင်များရဲ့ တနလာင်္နေ့ဆွမ်းပတ်အလှူနေ့ပဲဖြစ်ပါတယ်ရှင်။ကျွန်မတို့ အလှူရှင်မောင်နှမများ လှူဒါန်းနေကြတာဟာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ပဲ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေထိုင်လျှက်ရှိကြကုန်သော သံဃာတော် နဲ့ ကိုရင်အပါး ၂၀၀ ကျော်ကနေ တခါတလေ အပါး ၄၀၀ကျော်အတွက် အာရုံဆွမ်းဟင်းအလှူ လောင်းလှူနေကြခြင်းဖြစ်တယ်ဆိုတာကို အလှူရှင်မောင်နှမများအားလုံး သိထားကြပြီး ဖြစ်ပါတယ်ရှင်။

အပတ်စဉ်တနလာင်္နေ့တိုင်း နေ့ဆွမ်းအတွက် ဆွမ်းဆန်အလှူကို ဆွမ်းထမင်း+ပဲနှပ် - ကိုဖြိုး+ကိုထက် သူငယ်ချင်းနှစ်ဦး (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊မန္တလး)မှ အပတ်စဉ်လှူဒါန်းတာဖြစ်ပြီးတော့ ၊ အလှူအတွက်လိုအပ်တဲ့ဆီကို - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘို)မှ လှူဒါန်းခြင်း ဖြစ်ပါတယ်ရှင်။

ဒီနေ့မနက် အာရုံဆွမ်းအလှူကို ဂျပန်နိုင်ငံမှ ကျွန်မရဲ့ညီမငယ်တစ်ဦးဖြစ်သူ
Koyanagi Yoshiaki - မသင်းသင်းနိုင် ၊သား- Koyanagi Hiroaki မိသားစုမှ ကြက်သားကြာဆံချက် လှူဒါန်းခဲ့ပါတယ်ရှင်။ဦးဇင်းဦးကောဝိဒထံမှ ပေးပို့လာတဲ့ အလှူဓါတ်ပုံများကို အလှူရှင် ညီမလေးထံ Forward mail လေးပို့ပေးခဲ့တော့ ညီမလေးက ဓါတ်ပုံတွေကြည့်ပြီး အလွန်ပဲဝမ်းသာပီတိဖြစ်ရပါကြောင်း ၊ နောက်ထပ်လည်း လှူဦးမည်ဖြစ်ကြောင်း ကျွန်မကိုပြောခဲ့ပါတယ်။

ဒီလို အလှူရှင်တွေထံကို ဓါတ်ပုံလေးတွေပို့ပေးနိုင်အောင် ကျွန်မမှ ဦးဇင်းဦးကောဝိဒထံ အလှူဓါတ်ပုံတွေရိုက်ပြီး ပို့ပေးဘို့ မေတ္တာရပ်ခံခဲ့ပြီး အလှူရှင်တွေထံ မိမိပြုလုပ်တဲ့ အလှူရက်အတွက် ဓါတ်ပုံလေးတွေပို့ပေးသလို ၊ အွန်လိုင်းမှ အလှူရှင်မောင်နှမများ မိမိတို့တတ်အားသ၍ ပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေအတွက် ကြည်နူးပီတိဖြစ်နိုင်ကြစေရန် ရည်ရွယ်ပြီး ကျွန်မမှ အပတ်စဉ်အလှူပို့စ်လေးတွေ တင်နိုင်အောင် ကြိုးစားခဲ့ပါတယ်ရှင်။

ဒီနေ့အတွက် နေ့ဆွမ်းအလှူရှင်များကတော့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများပဲ ဖြစ်ပါတယ်ရှင်။ဒီနေ့အတွက် အလှူပို့စ်လေးကို စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းဘလော့ဂ်မှာလည်း တင်ထားပါတယ်ရှင်။

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကို တတ်နိုင်ရင် ကျွန်မမှ အများကြီးထောက်ပံ့လှူဒါန်းခြင်ပါသေးတယ်ရှင်။သံဃာတော်များစွာကို ဆွမ်းဆက်ကပ်ဘို့ရာ နိုင်ငံခြားမှာနေထိုင်ကြတဲ့ ကျွန်မတို့အတွက် အလွန်မှပဲ အခက်အခဲရှိလှပါတယ်။တဖက်မှ ဦးဇင်းနဲ့တကွ ဝေယျာဝေစ္ဆအလှူရှင်တွေရဲ့ တတပ်တအား ကူညီအားပေးမှု့သာမရှိခဲ့ရင် ကျွန်မတို့ လှူချင်ရင်တောင်မှပဲ လှူခွင့်ရနိုင်ကြမှာမဟုတ်ပါဘူး။အခုတော့ မိမိရဲ့မွေးနေ့မှာ မွေးနေ့အလှူ လှူဒါန်းလိုသူတွေ ကျွန်မထံဆက်သွယ်လာကြသလို ၊တခြား ဘာအတွက်ပဲဖြစ်ဖြစ် လိုတဲ့နေရာမှာသုံးဘို့ဆိုပြီး လစဉ် စင်္ကာပူဒေါ်လာ ၁၀ လှူဒါန်းလာတဲ့ U Jimmy Soe and Family နဲ့ နောက်ထပ်လှူဘို့ ဆက်သွယ်လာကြတဲ့ အလှူရှင်များစွာကို လှူဒါန်းနိုင်ဘို့ ကူညီပေးနေရတဲ့ ကျွန်မမှာ ကိုယ်တိုင်အမြဲ မလှူနိုင်ပေမယ့် သူတစ်ပါးအလှူဒါနပြုတာကို ကူညီခွင့်ရရှိတဲ့အတွက် အတိုင်းထက်အလွန်ပဲ ၀မ်းသာပီတိဖြစ်နေရပါတယ်ရှင်။

ကျွန်မတို့ ကောက်ခံရရှိထားတဲ့ အလှူငွေတွေနဲ့ အပတ်စဉ်သံဃာတော်တွေကို လက်တွေ့ကျကျလှူဒါန်းမှုပြုလုပ်နေတာကြောင့် အလှူရှင်များမှလည်း ကျေနပ်ပီတိဖြစ်နေကြလိမ့်မယ်ဆိုတာကို ကျွန်မယုံကြည်မိပါတယ်ရှင်။ကျွန်မတို့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများမှ စစ်ကိုင်းတောင်ရိုးသာသနာ့ဝေပုလ္လကျောင်းတိုက်မှ ဆရာတော်ဦးကောဝိဒအတွက် တယ်လီဖုန်းတစ်လုံးလှူဒါန်းခဲ့ဘူးတယ်။ဦးဇင်းဦးကောဝိဒမွေးနေ့မှာ တယ်လီဖုန်းအလှူအတွက်ရေစက်ချပြီး ပိုတဲ့အလှူငွေများနဲ့ မွေးနေ့အလှူအတွက် သံဃာတော်အပါး ၂၀၀ ကျော်ကို နေ့ဆွမ်းနဲ့ ရေခဲမုန့် ကပ်လှူခဲ့ကြတယ်။

ဒုတိယအကြိမ်အလှူအဖြစ် ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူမောင်နှမ အလှူရှင်များထံမှ တစ်နှစ်စာဆွမ်းအလှူငွေ ကောက်ခံလှူဒါန်းနိုင်ခဲ့ပြီး အခုဆိုရင် သံဃာတော်တွေကို အပတ်စဉ်တနလာင်္နေ့တိုင်း နေ့ဆွမ်းဆက်ကပ်လှူဒါန်းနေကြတာဆိုရင် ၄ လပြည့်ခဲ့ပါပြီရှင်။

တတိယအကြိမ်အဖြစ် မီးစက်မတည်အလှူရှင် ရှိပြီးဖြစ်တာကြောင့် မီးစက်အတွက် လိုအပ်တဲ့ အလှူငွေ ၆ သိန်းခန့်ကို အလှူခံပေးခဲ့ပြီး မီးစက်ဝယ်ပြီးတာနဲ့ စာရင်းရှင်းတမ်းပို့စ်တင်ပေးခဲ့ပြီး ဖြစ်ပါတယ်ရှင်။

စတုတ္ထအကြိမ်အဖြစ် ကိုရန်အောင်မှ အဝေးရောက်မြန်မာမောင်နှမများ ကထိန်သင်္ကန်းကပ်လှူနိုင်ကြစေရန် စေတနာထားပြီး စီစဉ်ပေးခဲ့တဲ့အတွက် ကထိန်ပဒေသာပင်အလှူကို ကျွန်မတို့မောင်နှမတွေ အောင်မြင်စွာ လှူဒါန်းနိုင်ခွင့်ရရှိခဲ့ကြတာ တကယ့်အမှတ်တရပဲ ဖြစ်ခဲ့ပါတယ်ရှင်။

နောက်ဆုံးအလှူခံခြင်းကတော့ ထိုင်ခုံအလှူပဲ ဖြစ်ပါတယ်။ဆွမ်းစားကြွလာကြတဲ့ သံဃာတော်တွေ ၊ကိုရင်လေးတွေအတွက် ထိုင်ခုံမလုံလောက်တဲ့အတွက် ကျွန်မမှပို့စ်တင်ပြီးအလှူခံရာမှာ ချက်ချင်းပဲ ထိုင်ခုံအလုံး ၆၀ကျော်လက်ခံရရှိတဲ့အတွက် ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်ရှင်။ထိုင်ခုံတွေဝယ်ထားပြီးပါပြီ ၊ အလှူရှင်နမည်တွေရေးနေတယ်လို့ ဦးဇင်းမှပြောပြလာပါတယ်။

ကျွန်မတို့ လှူဒါန်းခဲ့တဲ့အလှူတွေအားလုံးဟာ သဲထဲရေသွန်သလို မဖြစ်ပဲ လက်တွေ့ကျကျ လုပ်ဆောင် လှူဒါန်းသွားကြခြင်းဖြစ်တယ်ဆိုတာကို ဓါတ်ပုံတွေနဲ့အတူ ပို့စ်တွေတင်ခဲ့တဲ့အတွက် အလှူရှင်များ ကြည်နူးဝမ်းမြောက်စွာနဲ့ နားလည်နိုင်ကြလိမ့်မယ်ဆိုတာ ကျွန်မလေးနက်စွာယုံကြည်မိပါတယ်ရှင်။

ဒီအလှူတွေအားလုံးဟာ ကျွန်မရဲ့ကိုယ်ကျိုးအတွက် တပြားတချပ်မှမပါပဲ နိုင်ငံခြားရောက် မြန်မာမောင်နှမများအားလုံးကို မိမိကူညီနိုင်တဲ့ဘက်ကနေ အလှူလေးတွေ တတတ်တအားပြုလုပ်နိုင်ကြစေရန် စေတနာများစွာနဲ့ ရည်ရွယ်ပြီး အလှူခံပေးနေခြင်းသာဖြစ်ပါတယ်ရှင်။

ကိုယ်အမြဲမလှူနိုင်ရင်တောင်မှ သူတစ်ပါးလှူဒါန်းတာကိုကူညီပေးလိုက်ရလို့ သူတပါးဝမ်းသာပီတိဖြစ်သွားခဲ့ရင် ၊ကျွန်မကလည်းအလှူရှင်တွေနဲ့ထပ်တူ ၀မ်းသာပီတိဖြစ်နေမိခဲ့ပါတယ်။နိုင်ငံခြားမှာရောက်နေလို့ မလှူဒါန်းနိုင်တာကြာခဲ့ပြီမို့ လက်တွေ့ကျကျ ကိုယ်ရှာတဲ့ချွေးနည်းစားလေးတွေနဲ့ ပထမအကြိမ်လှူဒါန်းမှုမှာ ကျွန်မမျက်ရည်လည်အောင်ပဲ ၀မ်းသာပီတိဖြစ်ခဲ့ရတာပါ။အဲဒီလိုခံစားရတဲ့ ၀မ်းသာပီတိဟာ နောက်ထပ်အလှူတွေ ဆက်လက်လုပ်ဆောင်နိုင်အောင် ကျွန်မကိုတွန်းအားဖြစ်စေခဲ့ပါတယ်ရှင်။ကိုယ်လှူသလို သူတပါးတွေကိုလှူစေချင်တယ်။ကိုယ်က သိန်းချီပြီးမလှူနိုင်သလို အလှူရှင်တွေကိုလည်း သိန်းချီပြီးလှူဒါန်းကြဘို့ ကျွန်မ မတိုက်တွန်းခဲ့ဘူးပါဘူး။အလှူရှင်တစ်ဦးကို သိန်းမကျော်တဲ့ အလှူငွေနည်းနည်းစီသာကောက်ခံခဲ့ပြီး အလှူရှင်တွေ အများကြီးစုပေါင်းလိုက်တော့ အလှူကြီးတစ်ခုဖြစ်သွားတာပါပဲ။ကျွန်မဆိုရင် တနေရာမှာ အလှူငွေ နည်းနည်းစီ အများတူထည့်ဝင်ပြီး အားလုံးပေါင်းလိုက်ရင် အလှူတွေအားလုံးအတွက် အလှူငွေကျပ် ၂သိန်းတောင်ပြည့်မယ်မထင်ပါဘူး။ဒီအလှူငွေ ၂ သိန်းဆိုတာ နိုင်ငံခြားမှာနေထိုင်သူတွေအတွက် ၁ပတ်စာအသုံးစရိတ်ပဲရှိတာပါ။ဒါပေမယ် ဒီလို အလှူငွေ နည်းနည်းစီကို အလှူရှင်တွေပေါင်းပြီး မြန်မာပြည်မှာသံဃာတော်တွေများစွာအတွက် အလှူပြုရတာ မိမိရဲ့ထည့်ဝင်ငွေဟာအလှူတစ်ခါ ဆွမ်းကျွေးစာပဲ ရှိပေမယ့် ကျွန်မတို့ အပတ်စဉ်တနလာင်္နေ့တိုင်းမှာ မိမိရဲ့အလှူ ၁နှစ်စာတိတိ ပြုလုပ်သာဓုခေါ်နေနိုင်ကြတာဟာဖြင့် အတိုင်းထက်အလွန် ၀မ်းသာစရာပဲ ဖြစ်ပါတယ်ရှင်။

နောက်ထပ်လှူဒါန်းလို၍ ဆက်သွယ်လာကြသော အလှူရှင်များစွာလည်းရှိနေပါသေးတယ်။မိမိတို့ သဒ္ဓါတရားပေါက်၍လှူဒါန်းလိုကြရင်ဖြင့် သံဃာတော်များစွာအလှူအတွက် ကျွန်မကူညီဆက်သွယ် လှူဒါန်းနေပေးဦးမှာ ဖြစ်ပါတယ်ရှင်။ကျွန်မမှားနေတယ်ဆိုရင်ဖြင့် ဝေဖန်ထောက်ပြနိုင်ကြပါတယ်။

ကျွန်မသစ္စာတစ်ခုဆိုလိုပါတယ်ရှင်။ကျွန်မပြုလုပ်နေသော အလှူခံခြင်းကောင်းမှုအစုစုမှာ ကျွန်မ၏ကိုယ်ကျိုးအတွက် တပြားတချပ်မှမပါသလို သံဃာတစ်ပါး၏ကိုယ်ကျိုးအတွက် လုံးဝမဟုတ်ပဲ အလှူရှင်လူအများ၏ကိုယ်ကျိုးအတွက် နဲ့ သံဃာအပေါင်း၏အကျိုးအတွက်သာဖြစ်ပါတယ်ရှင်။ဤမှန်သောသစ္စာစကားကြောင့် ဂျပန်အိချိအိုခု သိန်းထီကြီးပေါက်ပြီး သံဃာတော်အပါး ၅၀၀ ခန့်သီတင်းသုံးနေထိုင်နိုင်သော ဘုန်းကြီးကျောင်းကြီးကိုဆောက်လုပ်လှူဒါန်းနိုင်တဲ့ ကျောင်းအလှူရှင်ဒကာမကြီး ဖြစ်ရပါလို၏။း)))

အလှူခံခြင်းအတွက်အစုစုအတွက် ၀ိုင်းဝန်းကူညီပေးခဲ့ကြသော...

၁.ကိုရန်အောင် (U.S.A)
၂.ရွာသားလေး(YTU) ( စင်္ကာပူ )
၃.JulyDream (စင်္ကာပူ) တို့ကိုလည်း အမြဲတမ်းအမှတ်တရ ကျေးဇူးတင်ရှိနေပါတယ်ရှင်။











အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေ။

ဝါ၀ါခိုင်မင်း



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP