* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 1, 2009

ဆရာတော် ပြန်လည်ကြွရောက်တော်မူလာပြီ ဖြစ်ပါသည်...

စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း (ကိုရီးယား)၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသည် ၀ါတွင်း သုံးလ ကာလ ပတ်လုံး မြန်မာနိုင်ငံသို့ ကြွရောက်၍ ၀ါဆိုဝါကပ်ပြုကာ လူငယ် လူရွယ်များနှင့် တပည့် ဒကာ ဒကာမများအား တရားဓမ္မ ဟောပြောဆုံးမ၍ ဘာသာရေးဆိုင်ရာ သင်တန်းများပြသကာ သာသနာပြု လုပ်ငန်းများ လုပ်ဆောင်တော်မူခဲ့ပြီး ယခုအခါ ကိုရီးယားနိုင်ငံ ဒယ်ဂုမြို့ရှိ စိတ္တသုခကျောင်းတော်သို့ ပြန်လည်ကြွရောက်တော်မူ လာပြီဖြစ်ပါသည်။


ဆရာတော် ပြန်လည်ကြွရောက်တော် မူလာပြီ ဖြစ်သဖြင့် ဒယ်ဂုမြို့ရှိ ဘုန်းတော်ကြီးကျောင်း၌ အပတ်စဉ် စနေ့တနင်္ဂနွေနေ့များတွင် ဗုဒ္ဓဘာသာ မြန်မာအများ စုပေါင်းကာ အလှူဒါနပြုခြင်း၊ တရားဟောတရားနာ ပြုခြင်း၊ ဘာသာရေးဆိုင်ရာ မေးမြန်းဆွေးနွေးမှုများပြုခြင်း စသည့် သာသနာပြု လုပ်ငန်းများကိုလည်း ဆရာဒကာ လက်တွဲကာ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည့်အပြင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် အခြားသင့်လျော်သည့် နေ့များတွင်လည်း ကိုရီးယားနိုင်ငံသားများအား ထေရ၀ါဒဓမ္မများကို ဟောပြောပြသ ဖြန့်ဝေသွားမည် ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ ကိုရီးယားရောက် ရွှေမြန်မာများနှင့် ကိုရီးယားဗုဒ္ဓဘာသာများအား ကျောင်းတော်သို့ ကြွရောက်၍ ဓမ္မအမွေများ ရယူနိုင်ပါမည့်အကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP