*မိမိကိုယ်ကို ဆုံးမခြင်း*
အမြင့်ရောက်တိုင်း အမြင်ကျယ်သည် မဟုတ်၊ အမြင်ကျယ်အောင် အားထုတ်ရင်တော့ အမြင့် ရောက်လိမ့်မယ်။
ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ။
လူဟာ များသောအားဖြင့် မိမိကိုယ်ကို မိမိ
• မလေးစားဘူး။
• မချစ်ဘူး။
• တန်ဖိုး မထားဘူး။
• ပြန်လည်စစ်ဆေးမှု မရှိဘူး။
• မစောင့်ရှောက်ဘူး။
• သနားရကောင်းမှန်း မသိဘူး။
• အမြင့်ရောက်ဖို့လောက်ပဲ အားထုတ်နေတယ်။
• အမြင်ကျယ်အောင် အားမထုတ်ဘူး။
မိမိကိုယ်ကို မိမိ
• လေးစား တန်ဖိုးထားပါ။
• ချစ်ခင်ပါ။
• ကြည်ညို တန်ဖိုးထားနိုင်အောင် အားထုတ်ပါ။
• အချိန်တွေ ဘယ်လောက်မှ မကျန်တော့ပါဘူး။
• ကျန်မယ့် သက်တမ်းက မရေရာပါဘူး၊ အဲဒါကို မျှော်မနေပါနဲ့။
• လက်ရှိမှာ သတိတရားနဲ့ ကွက်တိဖြစ်အောင် အားထုတ်ပါ။
• ၀ီရိယလေး စိုက်ပေးပါ။
• အပျော်အပါး၊ အမော်အကြွား၊ မတော်မတရားတွေနဲ့ အနေချောင်မနေပါနဲ့။
• အနေချောင်ရင်တော့ အသေ မချောင်နိုင်ပါဘူး။
• အသေချောင်အောင် နေရတဲ့ ကာလလေးကို တန်ဖိုးထားပါ။
• ၀ီရိယ ပြဌာန်းပြီး တစိုက်မတ်မတ် အားထုတ်ပါ။
• တိုက်တွန်းပါတယ်၊ နှိုးဆော်ပါတယ်။
• ကိုယ့်ကိုယ်ကိုလည်း ဆုံးမပါတယ်။
• အားထုတ်ကြပါ။ အားထုတ်ပါ။
• လက်ရှိရလာတဲ့ ဘ၀ကို တန်ဖိုးထား အားထုတ်လိုက်စမ်းပါ။
အပ္ပမာဒေန သမ္ပာဒေထ
လေးစားစွာဖြင့်
ဖိုးသား
11/4/2009, WED:, 5:00:06 PM

0 comments:
Post a Comment