* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 5, 2009

ရှင်အရဟံရဲ့ မြန်မာပြည်တရားဦး

အမေး။ ။ရှင်အရဟံက အနော်ရထာမင်းကို ပထမဆုံး ဟောတဲ့ တရားဦးများ ရှိရင် သိပါရစေပါဘုရား။
Dr. တင့်ဇင်ဦး
Men sfield, Endland
အဖြေ။ ။ ရှင်အရဟံရဲ့ တရားဦးကို ပြောမယ်ဆိုရင် ရှင်အရဟံနဲ့ အနော်ရထာမင်းတို့ တွေ့ဆုံကြပုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စာဖတ်သူများလည်း ဗဟုသုတ ဖြစ်အောင် သူတို့နှစ်ဦးတွေ့ဆုံပုံလေးကို အကျဉ်းမျှ ဖေါ်ပြပေးလိုက်ပါတယ်။

အခါတစ်ပါး မြန်မာပြည်မှာ သာသနာထွန်းကားနိုင်ရန်အတွက် အရှင်အရဟံဟာ ပုဂံပြည်သို့ ကြွလာကာ မြို့နဲ့ မနီးမဝေး တောအုပ် တစ်ခုမှာ သီတင်းသုံးနေပါတယ်။
ထိုအခါသိကြားမင်းက ဘုရင်အနော်ရထာနဲ့ အရှင်အရဟံ တွေ့ဆုံနိုင်အောင် တောလယ်နေတဲ့ မုဆိုးတစ်ယောက်နဲ့ အရှင်အရဟံကို တွေ့ဖို့ ဖန်တီးပေးလိုက်ပါတယ်။ သူတို့နှစ်ဦး တွေ့ကြတဲ့အခါ မုဆိုးက ဒီလူဟာ ဘီးလူးလား၊ လူရိုင်းလား တစ်ခုခုဖြစ်နိုင်တယ်။ ဘုရင်ကို ဆက်သရရင်ကောင်းမယ်ဆိုပြီး၊ အရှင်အရဟံကို ဖမ်းယူကာ ဘုရင်ထံ ဆက်သလိုက်ပါတယ်။ အနော်ရထာမင်းက အရှင်အရဟံကို မြင်ကတည်းက ဣနြေ္ဒနဲ့ပြည့်စုံနေတာ မြင်ရတဲ့အတွက် ဒီပုဂ္ဂိုလ်ဟာ လူရိုင်းမဟုတ်နိုင်ဘူး၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်တယ်။ လို့ ယူဆမိပါတော့ တယ်။
အနော်ရထာမင်းက အရှင်အရဟံအား အရှင်နဲ့ သင့်လျော်မဲ့နေရာမှာ နေနိုင်ထိုင်နိုင်ပါတယ် လို့ ပြောတော့ အရှင်အရဟံက ရာဇပလ္လင် ပေါ်မှာ နေတော်မူလိုက်ပါတယ်။ အနော်ရထာက ဒီပုဂ္ဂိုလ်ဟာ သာမန်ပုဂ္ဂိုလ် မဖြစ်နိုင်ဘူး။ မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတာ သေချာပါတယ်။ လို့ တွေးပြီး အရှင်အရဟံကို မေးပါတယ်။
ဘုရင်။ ။ “ငါ့ရှင်က ဘယ်အမျိုးအနွယ်ဖြစ်ပါသလဲ၊ ဘယ်အရပ်က ကြွတော်မူလာခဲ့ပါသလဲ၊ ဘယ်သူရဲ့ အဆုံးအမကို ခံယူပါသလဲ”
ရှင်အရဟံ။ ။ ငါ့ရဲ့ အမျိုးအနွယ်က ဘုန်းတော်ခြောက်စုံ ဘဂဂုဏ်နဲ့ ပြည့်စုံတော်မူကာ အစိန္တေယျလေးပါးနဲ့ ပြည့်စုံတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ရဲ့ အမျိုးအနွယ်ဖြစ်တယ်။ ငါ့ရဲ့ဥပဇ္ဈာယ်ဆရာ အပေါင်းအဘော်ရှိ သံဃာတော်များ ရှိရာအရပ်က လာခဲ့ပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အရဲ့ အဆုံးအမကို ခံယူပါတယ်။
ဘုရင်။ ။ဒါဆိုရင် ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော် တစိတ်တဒေသထဲက တစ်ချို့ကို ဟောပြတော်မူပါဘုရား။
ရှင်အရဟံ။ ။ အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ နမိယန္တိ၊ ယေပမတ္တာ ယထာမတာ။
(အပ္ပမာဒ မမေ့မလျော့တဲ့ သတိတရားရှိသူဟာ မသေရာဖြစ်တဲ့ နိဗ္ဗာန်ရဲ့ အကြောင်းဖြစ်တယ်။ မေ့လျော့တဲ့သူက သေခြင်းရဲ့ အကြောင်းဖြစ်တတယ်။ မမေ့မလျော့နေသူဟာ မသေကြပါ။ မေ့လျော့နေသူကျတော့ အသက်ရှင်သော်လည်း သေသောသူနဲ့ မခြားပါ။) လို့ အရှင်အရဟံက အပ္ပမာဒ တရားတော်ကို အနော်ရထာမင်းအား ရှေးဦးစွာ ဟောကြားတော်မူခဲ့ပါတယ်။
(သာသနာလင်္ကာရစာတမ်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP