* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 5, 2009

အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည်...


ဒုတိယ ပါပဏိကသုတ် - (အိမ်ဈေးသည်)

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၌ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤလောက၌ ဈေးသည်သည်

၁... မျက်စိအမြင် ရှိ၏၊
၂... ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိ၏၊
၃... အမှီကောင်းနှင့် ပြည့်စုံ၏။

၁...
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ''ဤကုန်ပစ္စည်းကို ဤသို့ဝယ်၍ ဤသ့ေို ရာင်းသော် အရင်းအနှီး ကား ဤမျှလောက် ဖြစ်လတ္တံ့၊ အမြတ် အစွန်းကား ဤမျှလောက် ဖြစ်လတ္တံ့'' ဟု ဤသို့ ရောင်းကုန် ပစ္စည်းကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိ၏။

၂...
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ကုန်ပစ္စည်းကို ဝယ်ခြင်းငှါလည်းကောင်း၊ ရောင်းခြင်းငှါ လည်းကောင်း ကျွမ်းကျင်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် ထူးသော ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏။

၃...
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊
ရဟန်းတို့ ဤလောက၌ ဈေးသည်ကို ကြွယ်ဝကုန် များသောဥစ္စာရှိကုန် များသော အသုံးအဆောင် ရှိကုန်သော သူကြွယ် တို့သည်လည်းကောင်း၊ သူကြွယ်သား တို့သည်လည်းကောင်း ''ဤဈေးသည်ကား မျက်စိအမြင်လည်းရှိ၏၊ ဉာဏ်နှင့် ယှဉ်သော ဝီရိယထူးလည်း ရှိ၏၊ သားသမီးတို့ကို လုပ်ကျွေးခြင်းငှါ လည်းကောင်း၊ ငါတို့အား ရံခါရံခါ အတိုးပေးဆပ်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏'' ဟု သိကုန်၏။ ထိုသူကြွယ် သူကြွယ်သားတို့သည် ထို ဈေးသည်ကို ''အချင်းဈေးသည် ငါ၏အထံမှ ဤကုန်စည်ပစ္စည်းတို့ကို ယူ၍ သားမယားကိုလည်း လုပ်ကျွေးလော့၊ ငါတို့အား လည်း ရံခါရံခါ အတိုးပေးဆပ်ပါလော့'' ဟု ကုန်စည်ပစ္စည်းဖြင့် ဖိတ်ကြား ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၏ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်...

၁... ပညာ မျက်စိ အမြင်ရှိ၏၊
၂... ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏၊
၃... အမှီကောင်းနှင့် ပြည့်စုံ၏။

၁...
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲ ဖြစ်ကြောင်းတည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'တည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်' သို့ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏။

၂...
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဉာဏ်နှင့် ယှဉ်သော ဝီရိယထူးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်း ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ထက်သန် သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လ ရှိ၏၊ ကုသိုလ်တရား တို့၌ တာဝန်ကို ပစ်ချမထား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဉာဏ်နှင့်ယှဉ်သော ဝီရိယ ထူးရှိ၏။

၃...
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့
ဤသာသနာတော်၌ အကြားအမြင်များကုန် ပါဠိတော်ကို နှုတ်တက်ဆောင်ကုန် သုတ္တန်ကို ဆောင်ကုန် ဝိနည်းကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ ရံဖန် ရံခါ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ပါနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်သို့ပါနည်း'' ဟု မေးမြန်း၏၊ စိစစ်၏၊ ထို ဗဟုသုတရှိကြသော အသျှင်တို့သည် ထိုရဟန်းအား မဖွင့်အပ်သေးသည်ကို လည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည် တို့ကိုလည်း ပေါ်လွင်စေကုန်၏၊ များပြားကုန်သော ယုံမှားခြင်း၏ အကြောင်းတရား တို့၌ ယုံမှားမှုကို ပယ် ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ် ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏ဟု မိန့်တော်မူ၏။ 20

၁ဝ - ဒုတိယ ပါပဏိကသုတ်၊ ရထကာရဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP