* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 26, 2009

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဋ္ဌာန ဘုရားရှိခိုး

ပလ္လင်္ကသတ္တာဟ စံတော်မူပုံ

ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။ ။ ပညိနြေ္ဒ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား ရောင်တော်မာရ်နှင် ရွှေပလ္လင်ထက်၊ သဗ္ဗညုတဥာဏ်ကို ရပြီး၊ သတ္တာဟရက် ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ။ ဘုန်းကြွယ်လက်ဦး ဘွယ်ပေကိုး။

အနိမိသ သတ္တာဟ စံတော်မူပုံ

နှစ်ကြိမ်မြောက်ထ သတ္တာဟတွင်၊ မာရပယ်လှန် ပလ္လင်ပျံမှ၊ ဧသန်တူရူ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း ပလ္လင်နန်းကို၊ ဖြောင့်တမ်း စက္ခု စိမ့်စိမ့်ရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။ ။ကြည်လင်ညွတ်နူး၊ ဘွယ်ပေကိုး။

စင်္ကမ သတ္တာဟ စံတော်မူနေပုံ

သုံးကြိမ်မြောက်ထ သတ္တာဟတွင်၊ ဗောဓိပင်မှ မြောက်ခွင် ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလားတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား ပျော်စံစားသည်။ ။တရားဆင်ခြင် လျက်ပေကို။

ရတနာဃရ သတ္တာဟ စံတော်မူနေပုံ

လေးကြိမ်မြောက်ထ သတ္တာဟတွင်၊ ဗောဓိပင်နှင့် ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဘွယ်ရာ၊ ရတနာရိပ်ငြိမ် စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ အဘိဓမ္မာကို၊ မဟာဥာဏ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင် သုံးဆင်ခြင်သည်။ ။ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

အဇပါလသတ္တာဟ စံတော်မူပုံ

ငါးကြိမ်မြောက်ထ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ် ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင် ပရမေ စမ္ပာယ်နေသည်။ ။ ရိုသေမြတ်နိုး ဘွယ်ပေကိုး။

မုစလိန္ဒသတ္တာဟ စံတော်မူနေပုံ

ခြောက်ကြိမ်မြောက်ထ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင် အရှေ့တောင်၌၊ မြရောင်လိုလို ရေညိုပြည့်လျှမ်း၊ ကြာပန်း ညွတ်ရုံ။ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ် သနင်းလူ့ဆွေ၊ စမ္ပာယ်နေသော်၊ မိုးလေးထန်းပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့် ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။ ။ ရှေးရိုးသမ္ဘာတော်ကြောင်းကိုး။

ရာဇာယတန သတ္တာဟစံတော်မူနေပုံ

ခါသတ္တမ သတ္တာဟတွင်၊ ဗောဓိပင်မှ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား ပျော်စံစားသည်။ ။ ကြီးမား ဥာဏ်တော် ဘွင့်လို့ကို။

ထိုခုနှစ်ပါး အရပ်များကို ရှေ့သွားသဒ္ဓါ ကြည်ညိုစွာလျှင်၊ ၀န္ဒနာမာန၊ ဂါရ၀ဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။ ကောင်းကျိုး ခပ်သိမ်း၊ ပြည့်စေ့သောဝ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP