* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 4, 2009

Laptop.ကွန်ပျူတာသုံးသူများ သတိပြုနိုင်ရန်


မနေ့က ကျမတို့မြို့မှာ လူတစ်ယောက် laptop မီးလောင်လို့ မီးသတ်ဖို့ကြိုးစားရင်းသူပါအသက်ဆုံးရှုံးသွား တယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။ ထိုသူက laptop ကို couch ပေါ်တင်ပြီး အားသွင်းထားတာ ခုံကပျော့တော့ လေ၀င်လေထွက်ပေါက်ကို ပိတ်ထားသလိုကလဲဖြစ်၊ ဘက်ထရီကလဲ ယိုယွင်းနေတဲ့ ဘက်ထရီကလဲဖြစ်တော့၊ မီးထလောင်တာလို့ ဆိုပါတယ်။ Hwelett-Packard က မေလတုန်းက notebook ဘက်ထရီပေါင်း ရသောင်းကို ပြန်ခေါ်ထားပါတယ်။ ကနေဒါမှ လူများကတော့ ဒီဆိုက်ဒ် မှာ ကိုယ့် notebook ဘက်ထရီ ပြန်ခေါ်စာရင်းထဲပါလား စစ်နိုင်ပါတယ်။

ဒီလိုဆန်ဆန်အဖြစ်မျိုးတွေ ဖြစ်တဲ့အခါမှာ ဒဏ်ရာအနာတရ ရတာမျိုးလောက်ပဲ အရင်က ဖြစ်ကြပေမယ့် တစ်ခါတုန်းကတော့ အိမ်ပါ မီးလောင်သွားတယ်လို့ ဆိုပါတယ်။ Notebook တွေကို မာတဲ့မျက်နှာပြင်တွေ ပေါ်မှာ သုံးရန်၊ ပျော့တဲ့မျက်နှာပြင်တွေပေါ်မှာသုံးလျှင် အပူစုတ်ပြားခံပြီးသုံးရန်၊ အိတ်ထဲထည့်ပြီးသယ် သွားချိန်တွေမှာ စက်ကိုပိတ်ပြီးမှ သယ်သွားရန်၊ စက်ရဲ့လေ၀င်လေထွက်ပေါက်ကို ဖုန်တွေမပိတ်အောင် သန့်ရှင်းရေးလုပ်ပေးရန်၊ စက်ရဲ့အပူချိန်တွေ လျော့ကျစေတဲ့ သင့်တော်ရာ စားပွဲ၊ မျက်နှာပြင်တို့ကို အသုံးပြုကြရန် စသဖြင့်အကြံပေးကြပါတယ်။

Notebook တွေကို ကုတင်ပေါ်တင်၊ ဆိုဖာပေါ်တင်ပြီး စာဖတ်တာတို့၊ စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း အိပ်ပျော်သွားတာတို့ ကျမ ကိုယ်တိုင်လဲ ဖြစ်ဖူးပါတယ်။ ဆိုဖာပျော့ပေါ်မှာ၊ အိပ်ရာထဲမှာ၊ ကျောင်းစာဖတ်ရင်း၊ ပရိုဂျက်လုပ်ရင်း Notebook ပွင့်ပြီး အိပ်ပျော်သွားလိုက်တာ မိုးလင်းသွားတတ်တာမျိုးတွေက အလွန်အန္တရာယ် ကြီးပါတယ်။ လေ၀င်လေထွက်ပေါက်ကို မပိတ်ရဘူး၊ မာတဲ့ မျက်နှာပြင်ပေါ်မှာ တင်ထားရတယ်ဆိုတာ လူတိုင်းသိပေမယ့်၊ တစ်ခါတစ်ခါ သတိမမူ ဂူမမြင်၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်တတ်ကြလို့ ဒီပိုစ်လေးကို ရေးရခြင်းဖြစ်ပါတယ်။

http://www.ainchannmyay.com/ ကပါ။

အဆင်ပြေကြပါစေ......



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP