* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 4, 2009

ပြုသူအသစ် ခံရသူအဟောင်း

အော် - --

သီဟိုဠ်မှာ တိရ စ္ဆာန်ဖြစ်ကြရတာ ကံကောင်းလိုက်တာ၊ ဘာအကြောင့်ကြောင့်မှ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ အသက်အန္တရာယ် ဆိုတာကတော့ ဝေလာဝေးပေါ့ ၊

စာပေမှာ စကားတခု ရှိတယ် ကာကောလောကနနည်း ( ကာက + သြလောကန )တဲ့၊ ကျီးကန်းတွေဟာ အစာ စားတော့မယ် ဆိုရင် အစာကို မျက်စိက တဖက် ရန်သူကို တဖက်ကြည့်ပြီးမှ စားကြလေ့ရှိတယ်၊ ဒီမှာတော့ ကြည့်စရာ မလိုဘူး၊ စာပေကိုပဲ ပြင်ရတော့မလိုလို - -

သီဟိုဠ်မှာတော့ ကျီးကန်းတွေ ဥသြငှက် ကြက်တူရွေး ငှက်အားလုံးနဲ့ ခွေးတွေ ဖွတ်တွေ ကြွက်တွေ လက်လှမ်းမှီရာအနီးအနားကသတ္တ၀ါအားလုံး ကို ရွတ်ပြလိုက်တာပါ၊

အားလုံးဟာ အေးအေးချမ်းချမ်း အစာစားချင်ရင် ဘာကိုမှ ဂရုမစိုက်ဘူး၊ ကြောက်စရာ ရန်သူမရှိဘူး ပေါ့။ ဘယ်လူတွေကမှလဲ ရန်မမူကြဘူးလေ၊ စာရေးသူ ဟာ တောမှာ မွေးဖွားခဲ့ပေမယ့် ဖွတ်သတ္တ၀ါ ဆိုတာကို မမြင်ဖူးခဲ့ဘူး၊

ဘယ်မြင်ရမလဲ လူတွေက ဖွတ်ကို တွေ့ရင် အလွတ်မပေးတော့ဘူး၊ တောင်ပို့ထဲ ၀င်သွားရင်တောင် ၃ ယောက် ၄ ယောက်စုပေါင်းပြီး အဲဒီတောင်ပို့ကို ဖြိုပြီး ရအောင် သတ်ကြတယ်လို့ ကြားဖူးတယ်၊ အဲလောက်ထိ မြန်မာပြည်မှာ ပါဏာတိပါတကို စောင့်ထိန်းကြတယ်၊

သီဟိုဠ် ရောက်မှပဲ ကိုလံဘို မြို့တော်ကြီးမှာ မြင်ဖူးရတာ ကိုယ့်ကိုယ်ကိုတောင် အံ့သြလို့ မဆုံး။ လူတွေရဲ့ သီလ စောင့်ထိန်းပုံလေးကို ယှဉ်ပြတာပါ ။ခြားနားချက်ကတော့ သီဟိုဠ်ယဉ်ကျေးမှု့အရ သက်သက်လွတ်စားကြတာက အဓိကကျမယ် ထင်ပါတယ်၊

ခါးဝတ်ပုဆိုးလို မြဲအောင် စောင့်ထိမ်းရမယ် ဆိုတဲ့ ငါးပါးသီလကို ထမင်းစားရေသောက် ဘာမှ မဖြစ်သလို ချိုးဖျက်နေကြတာကို မြင်ရလို့ ဒီပို့စ်လေး ရေးဖြစ်လိုက်တာပါ၊

တကယ်တော့ မကောင်းမှု့ ဆိုတာ ၀ဋ်ကြွေးပါလာရင် ဘုရားရှင်သော်မှ မကယ်နိုင်ဘူး။ နောက်ဆုံး အတောင်ပံပေါက်ပြီး ကောင်းကင်ပျံ ရှောင်အုံးတော့ မလွတ်နိုင်၊ သမုဒ္ဒရာထဲ ၀င်ပုန်းအောင်းနေပါစေ၊ မလွတ်ရေးချ မလွတ်ပါ ၊

ကဲ အောက်က ပုံလေးကို ကြည့်ပြီး အော် ( ပြုသူအသစ် ခံရသူအဟောင်း ) သတ်သူက အကုသိုလ်တွေ ၀ယ်နေတယ်၊ သတ်ခံရသူက ၀ဋ်ကြွေးကို ပေးဆပ်နေတယ် လို့ တွေးမိပြီး သံဝေဂ ပွားမိတယ်၊

ယုန် ၁၀ ကောင် လိုက်လို့ရမှ ယုန်အရိုးကို တခါ ကိုက်ရတဲ့ မုဆိုးနောက်က သားကောင်လိုက် ခွေးလို ဘ၀မျိုးမှာ (မကောင်းမှု့မှာ ပျော်မွေ့မနေဖို့ လူ့ဘ၀ရခိုက် မှာ အရေးကြီးပါတယ်)


သတ္တ၀ါ အားလုံးအပေါ် မေတ္တာ ကရုဏာ ထားနိုင်ကြပါစေ --

| |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP