* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 17, 2009

အင်္ဂလိပ် Grammar သင်ခန်းစာ (၆)...


ဒီသင်ခန်းစာမှာတော့ မှားလေ့ မှားထရှိတဲ့ much, many, little, few, a lot, plenty တို့ရဲ့ အထားအသို အသုံးအနှုံးလေးတွေကို ပြောပြပေးသွားမယ်။ သူတို့ အားလုံးရဲ့ အဓိပ္ပာယ်တွေကတော့ အမြောက်အများ လို့ပဲ အဓိပ္ပာယ် ရပါတယ်။

Much နဲ့ little ကို uncountable nouns တွေမှာပဲ သုံးပါတယ်။
ဥပမာ - much time, much luck, little energy, little money
Many နဲ့ few ကိုတော့ plural nouns တွေမှာ သုံးပါတယ်။
ဥပမာ - many friends, many people, few cars, few countries
A lot of, lots of , plenty of တို့ကိုတော့ uncountable nouns နဲ့ plutal nouns တွေမှာ သုံးပါတယ်။
ဥပမာ - a lot of luck, lots of time, plenty of money, a lot of friends, lots of people, plenty of ideas
ဒီနေရာမှာ plenty of ဆိုတာက လုံလောက်တာထက် ပိုတာကို ဆိုလိုတယ်။ ဥပမာ စာကြောင်းတစ်ခုကို ကြည့်ရအောင်
- There’s no need to hurry. We’ve got plenty of time.
many နဲ့ a lot of တို့ကို သုံးထားပုံကိုလည်း ဆက်ပြီး ကြည့်ပါဦး။
- Many people drive too fast.
- A lot of people drive too fast.
- Do you know many people?
- Do you know a lot of people?
- There aren’t many tourists here.
- There aren’t a lot of tourists here.
many years, many weeks, many days ပုံစံကို သုံးလို့ ရပေမဲ့ a lot of years, a lot of weeks, a lot of days ပုံစံကိုတော့ သုံးလို့ မရပါဘူး။
ဥပမာ - We lived here for many years. ဆိုရင်တော့ မှန်ပါတယ်။ a lot of years ကိုတော့ ရေးလို့ မရပါဘူး။
အငြင်း သဘောကို ဆောင်တဲ့ negative ideas တွေမှာ a မပါတဲ့ little, few တို့ကို သုံးရပါတယ်။
- Gary is very busy with his job. He has little time for other there.
ဒီစာကြောင်းမှာ a little time ဆိုပြီး မသုံးပါဘူး။
- Vicky doesn’t like living in London. She has few friends there.
ဒီစာကြောင်းမှာ a few friends ဆိုပြီး သုံးလို့ မရပါဘူး။
နောက်တစ်မျိုး ရေးနိုင်တာက very little နဲ့ very few တို့ပဲ ဖြစ်ပါတယ်။
- Gary has very little time for other things.
- Vicky has very few friends in London.
A little နဲ့ a few မှာတော့ more positive meaning ပိုပြီး အပြုသဘော အဓိပ္ပာယ် ဆောင်တဲ့ နေရာတွေမှာ သုံးပါတယ်။
- Let’s go and have a coffee. We have a little time before the train leaves.
ရထား မလာခင် ကော်ဖီ သောက်ဖို့ အချိန်ပို ရှိနေသေးတယ်လို့ ဆိုလိုတယ်။
- “Do you speak English?” “A little.”
လုံးဝ မပြောနိုင်တာမဟုတ်ဘူး။ အနည်းငယ်တော့ ပြောနိုင်သေးတယ်။
- I enjoy my life here. I have a few friends and we meet quite often.
သူငယ်ချင်း အများကြီး မရှိပေမဲ့လည်း မကြာခဏ တွေ့ဆုံဖို့ သူငယ်ချင်း အနည်းငယ်တော့ ရှိနေသေးတယ် လို့ ဆိုလိုတယ်။
- “When was the last time you saw Clare?” “A few days ago.”
လုံးဝ မတွေ့ခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ရက် အနည်းငယ်ကတော့ တွေ့ခဲ့သေးတယ် လို့ ဆိုလိုတယ်။
ကျန်တဲ့ ဥပမာ လေးတွေကိုလည်း ဆက်ပြီးတော့ နှိုင်းယှဉ်ကြည့်ပါဦး။
- He spoke little English, so it was difficult to communicate with him.
- He spoke a little English, so we were able to communicate with him.
- She’s lucky. She has few problems.
- Things are not going so well for her. She has a few problems.
- Hurry! We only have a little time.
- The village was very small. There were only a few houses.

(မှတ်ချက် - a few ရဲ့ အနောက်မှာ လိုက်ရမယ့် noun ကတော့ plural nouns ကိုပဲ သုံးရပါမယ်။ ဥပမာ - a few houses, a few cars, a few problems…)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP