* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 17, 2009

မုဒြာအကြောင်း သိကောင်းစရာ


အသောက မင်းတရားကြီး ကောင်းမှု့တော် ဖြစ်သော အလိုတော်ပေါက် ဘုရားအတွင်းက ကြည်ညိုစရာ ရုပ်ပွားတော်တစ်ဆူ

မုဒြာ အကြောင်းတွေကို စိတ်ဝင်စားလို့ စုစည်းနေတာ ကြာခဲ့ပါပြီ၊ သို့သော်လည်း ကျေနပ်ရလောက်အောင် အချက်အလက် စုံစုံညီညီ တော့ မစုဆောင်းနိုင်သေးပါ၊ ကလေးဘ၀ အရွယ်ကတည်းက ဘုရားရှင်ပုံတော် အမျိုးမျိုးတွေမှာ လက်တော် ပုံစံ အမျိုးမျိုး ထုလုပ်ပူဇော်ထားတာကို တွေ့ရသော်လည်းဘာကြောင့် လဲ ဆိုတာ မစဉ်းစားနိုင်ခဲ့ဘူး၊

မြန်မာပြည်မှာ ကတည်းက ရုပ်ပုံတွေနှင့်တကွ စာပေတွေကိုရော စုဆောင်းထားပေမဲ့ အဲဒီ မှတ်စုက ကျန်ရစ်ခဲ့တဲ့ အတွက် ယခုတော့ လက်လှမ်းမှီရာ လောက်သာ စုစည်းတင်ပြလိုက်ပါတယ်၊

တကယ်တော့ မုဒြာ ဆိုတာ မဟာယာန အနွယ် တန္တရ ယာန ဂိုဏ်းက နေ ဆင်းသက် ကူးစက်လာတယ်လို့ ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး စာအုပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်၊ ဒါကြောင့် ကနဦး အနေနဲ့ မုဒြာ ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နဲ့ ရာနှုန်းပြည့် မသက်ဆိုင်ပေမဲ့ အနည်းငယ် ရောယှက်နေတာကိုတော့ ၀န်ခံရမှာပါ၊

အခု တင်ပြထားတာတွေကတော့ မြန်မာပြည်တုံးက ရှမ်းပြည်တောင်ပိုင်းဒေသ အင်းလေးဖောင်တော်ဦးဘုရား ကို အသွား နန်းပန် ရွာအနီးက အလိုတော်ပေါက် ဘုရားမှာ တွေ့လို့ ရှားရှားပါးပါး မှတ်တမ်းအနေနဲ့ ရိုက်ယူထားတဲ့ ပုံတော် အချို့ကို ဗဟုဿုတအနေနဲ့ မျှဝေလိုက်ပါတယ်၊ ၎င်းဘုရားဟာ အသောက မင်းကြီးရဲ့ နေရာအနှံ့ကုသိုလ်ပြုရာ စေတီပေါင်း ၈၄၀၀၀ စာရင်းမှာပါဝင်တယ် လို့ ကြည်ညိုဖွယ်ရာ မှတ်သားရပါတယ်။

( မုဒြာ ဆိုသည်မှာ လက်နေလက်ထားဟန် ခြေနေခြေထားဟန်တို့ကို သရုပ်ဖော်ထားခြင်း ဖြစ်၏ )

သန္တိဒ မုဒြာရုပ်ပွား ဆင်းတုတော်ကို ကိုးကွယ်လျင် ဘေးရန်ကင်းခြင်း ၊ ငြိမ်းချမ်းသာယာခြင်း၊ စီးစိမ် ကျက်သရေတိုးပွားခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း၊ တရားထူးကို ရရှိခြင်း သိဒ္ဒိပေါက်ခြင်း၊ ဆုတောင်းပြည့်ခြင်း အကျိုးထူးများကို ရရှိနိုင်သည် ဟု ဆိုသည်၊ ( သန္တိ - ငြိမ်းအေးခြင်း ကို ၊ ဒ - ပေးတော်မူဟန် )



အဘယ မုဒြာ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အစိမ်းသားရဲ သင်းကွဲ ပြိတ္တာ နတ်မိစ္ဆာတို့၏ နှောက်ယှက်မှု့မှ ကင်းဝေးသည်၊ ရဲရင့်တက်ကြွ သူရသတ္တိနှင့် ပြည့်စုံစေသည်၊

ရန်သူ စစ်သည် သူပုန် သူစိမ်း မုဒိမ်း ဓားပြတို့ ရန်မှ ကင်းဝေးသည်၊ စိတ်အားငယ်ခြင်း စိတ်ဓာတ်ကျဆင်းခြင်းမှ လွတ်ငြိမ်းပပျောက်စေသည်၊ စသော အကျိုးထူးများကို ရရှိခံစားနိုင်ကြောင်း ပြဆိုထားသည်၊ ( ဘယ - ဘေးရန်ဟူသမျှ။ အ- မရှိခြင်း၊ )


ဆက်လက်ဖော်ပြပါမည် --


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP