* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 17, 2009

မလိုအပ်တဲ့နေရာမှာ ဘာ့ကြောင့် စုပုံပြီး လှူရတာလဲ

အမေး။ ။အရှင်ဘုရား…..တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေ တို့ကို အများကြီးအကုန်အကျ ခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့၊ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက် ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီး အကုန်ခံပြီး အကူအညီပေးသင့်တယ် လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။

အဖြေ။ ။ ဒီလိုအယူအဆတွေ ရှေးကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေဦးမယ်၊ နောင်လည်း ရှိနေဦးမှာဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအယူအဆဟာ ဘာသာခြားများရဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာသာခြားများအတွက် အတတ်နိုင်ဆုံး အဖြေပေးပါ့မယ်။ ဒီမေးခွန်းဟာ လူသားအားလုံးသိသင့်တဲ့ မေးခွန်းတစ်ခု ဖြစ်နေတဲ့အတွက် မေးလာသူကို ကျေးဇူးတင်ရဦးမှာပါ။
မိမိပိုင်တဲ့ ပစ္စည်းကို သူတစ်ပါးအား တစ်နေရာရာအား ပေးကမ်းတယ်ဆိုတာဟာ စွန့်လွတ်မှု(ရက်ရောမှု)လို့ ခေါ်ပါတယ်။ ဒီ ရက်ရောမှု စွန့်လွတ်မှု ဖြစ်ဖို့အတွက် ပစ္စည်းအပေါ်မှာ မိမိစိတ်က အနှောင်အဖွဲ့ကင်းနေရမှာပါ။ ဒါကို အနှောင်အဖွဲ့ကင်းတဲ့ စွန့်လွတ်မှု ဖြစ်သလို အားကြီးတဲ့ စိတ်ဓါတ်အင်အားတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တဖြေးဖြေးလေ့ကျင့် ယူရတာပါ။ အများအားဖြင့် တော်ရုံလူများ မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။
ယနေ့ကမ္ဘာမှာ အချင်းချင်း သတ်ဖြတ်ညင်းဆဲနေကြတယ်။ သူတစ်ပါးပစ္စည်းကိုလည်း နည်းအမျိုးမျိုးဖြင့် လုယူ၊ဓားမြတိုက်နေကြ တယ်။ ကိုယ့်အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဘယ်သူပဲအကျိုးယုတ်ယုတ် လိမ်ပြောဖို့ ၀န်မလေးကြဘူး။ အချို့ကလည်း လူကိုသတ်တာမှ အပြစ်ရှိတယ်၊ သတ္တ၀ါကောင်လေးတွေကို သတ်က အပြစ်မရှိဘူး၊ ရှေ့ဘ၀ နောက်ဘ၀ မရှိဘူးဆိုတဲ့ ၀ါဒ အတွေးအခေါ်တွေ၊ ပေးကမ်းလှူဒါန်း တာတွေဟာ အကျိုးမရှိ၊ အကျင့်သိက္ခာ စောင့်ထိန်းဆောက်တည်တယ်ဆိုတာလည်း အလကားပဲ၊ ဘာမှ အကျိုးမပေးဘူး၊ တကယ်တော့ ဘာသာရေးဆိုတာဟာ လူပျင်းတွေရဲ့အလုပ် လို့ ယူဆနေကြတာဟာ ၀ါဒဆိုးတစ်ခု ဖြစ်ပါတယ်။ ထိုဝါဒဆိုးများရှိတဲ့ နိုင်ငံများဟာ အခုထိ ရှိနေဆဲပါ။
ထိုဝါဒဆိုးများဖြစ်လာတဲ့အခါမှာ တားဆီးစရာ ဘာလက်နက်ရှိကြပါလဲ၊ အချို့က ဓါး-ဓါးချင်း၊ လှံ-လှံချင်း ၊ လက်နက်-လက်နက်ချင်း အပြန်အလှန် တိုက်ခိုက်ပြီး အဖြေရှာကြတယ်။ ကြာလာတော့ နှစ်ဖက်စလုံးမှာ ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပါတယ်။ ဖြေရှင်းမှုမအောင်မြင်ဘူး၊ ဒါဟာ ၀ါဒဆိုးတွေကို ဖြေရှင်းမှုနည်းလမ်း မမှန်လို့ပဲ ပြောရပါလိမ့်မယ်။
ယနေ့ ကမ္ဘာမှာဖြစ်နေတဲ့ ထိုဝါဒဆိုးကို ဘယ်လို လက်နက်မျိုးနဲ့ ဖြေရှင်းကြမှာလဲ၊ ဘာလက်နက်နဲ့မှ ဖြေရှင်းလို့မရပါဘူး။ အားကောင်းပြင်းထန်တဲ့ စိတ်ဓါတ်အင်အားကို ခံဓါတ်လုပ်ပြီး ထိုဝါဒဆိုးအား ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် စွန့်လွတ်ရက်ရောမှုစတာတွေဖြစ်ပေါ်လာအောင် အခြေခံတဲ့ စိတ်ဓါတ်အင်အားဟာ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်လို့ပါပဲ။ ဒီစိတ်ဓါတ်အင်အားက တစ်ခြားမဟုတ်၊ ဗုဒ္ဓ၀ါဒအရ ယုံကြည်မှု(သဒ္ဓါ)ပင်ဖြစ်ပါတယ်။ တစ်ခုရှိတယ်၊ သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ အခြားဘာသာအများ ယုံကြည်တဲ့ ယုံကြည်မှုမျိုးကို မဆိုလိုပါ။ ပညာနဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။
ထိုယုံကြည်မှုကြောင့်လည်း ဘုရားကျောင်းကန် စတာတွေမှာ အလှူရေစစ်လက်နဲ့မကွာ ဖြစ်နေကြတာပါလို့ ဖြေကြားပေး လိုပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP