* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 5, 2009

အနှစ်ကိုးပါး(အပိုင်း၁၁)


ထေရဝါဒနဲ့ မဟာယာန သီလကွာခြားပုံ
ဘုန်းကြီးတို့ သင်္ကန်းက သူတို့သင်္ကန်းနဲ့မတူဘူး။ သူတို့ သင်္ကန်းကတော့ အင်္ကျီကြီးလိုလို ဂါဝန်ကြီးလိုလို အဲဒါ နီညိုကြီး စွပ်ထားကြတာ။ ဘုန်းကြီးတို့ သင်္ကန်းကတော့ အခန်းနဲ့ အကန့်နဲ့ အဲဒါဘယ်ကမှ စွပ်ချလို့မရဘူး။ အလွန် ချမ်းလွန်းတဲ့အတွက်ကြောင့် ဘုန်းကြီးက နီညိုရောင် သင်္ကန်းကြီးကို ခေါင်းကနေခြုံထားတာ။
နီညိုရောင် နှစ်ထပ်သင်္ကန်းကြီးကို ခေါင်းကနေ ခြုံထားလို့ သူတို့က အဲဒါကြီး ကြည့်ပြီးတော့ ''အင်း . ဒီကိုယ်တော်လဲ တိဘက်ဘုန်းကြီးပဲ''လို့ ထင်ကြတာ။
အဲဒီကတည်းက စပြီးတော့ စိတ်ထဲဖြစ်သွားတယ်။ ''နီညိုရောင်သင်္ကန်းကြီးတွေများ အခြားတိုင်းပြည်သွားလို့ ရှိရင် ဝတ်လို့ မကောင်းဘူးထင်တယ်။ တိဘက်ဘုန်းကြီးလို့ အထင်ခံရတာကိုး''။
ဘုန်းကြီးက ''ငါ မြန်မာပြည်က လာတာ၊ မြန်မာဘုန်းကြီးတွေဟာ အထူးသဖြင့် ထေရဝါဒဘုန်းကြီးတွေဟာ မွန်းတည့် ၁၂-နာရီကျော်ပြီးရင် စားတဲ့ ထုံးစံမရှိပါဘူး''လို့ ပြောလိုက်တော့ ''ဘာကြောင့် မစားသလဲ''တဲ့။
''ငါတို့ ထေရဝါဒဝိနည်းမှာ မွန်းလဲပြီးရင် အစားအစာ မစားရဘူးဆိုတာ ဗုဒ္ဓက စည်းကမ်း ထုတ်ထားတာ''။
ဗုဒ္ဓရှင်တော်မြတ် ညစာစားသလား
''မြန်မာပြည်က ထေရဝါဒရဟန်းတော်တွေရဲ့ စည်းကမ်းက ဒီလိုဒီလိုရှိပါတယ်''လို့ရှင်းပြတော့ ကိုယ်တော် တစ်ပါးက ''အရှင်ဘုရားကို တပည့်တော် တစ်ခုပြောပါ့မယ်၊ ဘုရားကိုယ်တော်မြတ်ဟာ ဒီဗောဓိပင်ရဲ့အရှေ့ဘက်နား နေရဉ္ဇရာမြစ်ကမ်းဘေး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆-နှစ်ကြာအောင် ကျင့်တော်မူတုန်းက အစာ မစားပဲ အငတ်ခံကျင့်ခဲ့တယ်။ ဒါကြောင့် ဘုရား မဖြစ်ခဲ့ဘူး''တဲ့။
ဗောဓိပင်ရဲ့ အရှေ့ဘက်မှာ နေရဉ္ဇရာမြစ်ရှိနေတယ်။ တစ်မိုင်လောက် ကျယ်တယ်။ သဲတွေ သောင်တွေနဲ့ ရေတော့ဘုန်းကြီးတို့ တစ်စက်မှမတွေ့ခဲ့ဘူး။ သောင်ကြီးကတော့ ဖွေးလို့။
သူက ဆက်ပြောတယ်။ ''ဘုရားလောင်းတော်က အစာငတ်ခံပြီးတော့ (၇) နှစ်ကျင့်ခဲ့တာဟာ ဘုရားဖြစ်သ လား။ မဖြစ်ဘူး။ ဘုရားမဖြစ်တော့မှ သေနာနိဂုံြး<ွကပြီး တော့ ဆွမ်းခံ၊ ဆွမ်းဘုဉ်းပေး။ ဆွမ်းစားပြီးတော့မှ ဒီဗောဓိ ပင်ရင်းမှာ ဆက်ကျင့်လို့ ဘုရားဖြစ်တာ''။
''အရှင်ဘုရားတို့ ထေရဝါဒရဟန်းတွေ မစားပဲနဲ့ ဒီလိုသာ အငတ်ခံကျင့်ရင် ဘယ်တော့မှ ကိုယ်တော်တို့ ဗောဓိÓဏ်ရမှာ မဟုတ်ဘူး''တဲ့။ အဲဒါ သူတို့ အယူအဆ။
သူုတို့ပြောစကားအရ ဗောဓိဥာဏ်ရချင်ရင် ညစာ စားရမလို ဖြစ်နေတယ်။ အဲဒါ လွဲနေတယ်။
''အစာငတ်ခံကျင့်တဲ့ ဘုရားလောင်းသည် ဘုရားမှ မဖြစ်ပဲနဲ့၊ စားပြီးကျင့်မှ ဘုရားဖြစ်တာ၊ ဒါကြောင့် အခုလို ပင်ပန်းတဲ့အခါ စားပေးရတယ်''တဲ့။
ဒါနဲ့ ဘုန်းကြီးက ''ကောင်းပြီဘုရား၊ အစာမစား ပဲနဲ့ အငတ်ခံကျင့်တုန်းက ဘုရားမဖြစ်တာ လက်ခံပါတယ်၊ စားပြီးတော့ကျင့်၊ အဲဒီအခါကျတော့မှ ဘုရားဖြစ်တာကိုလဲ လက်ခံပါတယ်၊ ဒါပေမဲ့ ဘုရား ဘယ်အချိန်မှာ စားတယ်ဆို တာကို သုတေသနလုပ်ပါဦး''လို့ ပြောလိုက်တယ်။
''ဘုရားကိုယ်တော်မြတ် ဗောဓိပင်နားမှာ ဆွမ်းခံစားပြီးတော့ တရားကျင့်တယ်ဆိုတာတော့ ဟုတ်ပါတယ်၊ အဲဒီဆွမ်းဟာ ကိုယ်တော်တို့လို ခုလို ညဥ့်အချိန်အခါမှာ စားတာလား၊ ပြန်ကြည့်ပါဦး''ဆိုတော့ အဲဒီကိုယ်တော်က မပြောတော့ဘူး၊ ငေးနေတယ်။
ဘုန်းကြီးက ပြောလိုက်တယ်။ ''ဘုရားရှင်သည် ညစာ မစားဘူး။ မွန်းတည့်ပြီးရင် လုံးဝ အစာ မစားပါဘူး။ မြတ်ဗုဒ္ဓဟာ စားပြီးမှ ကျင့်တာတော့ မှန်တယ်။ နေမွန်း မတည့်သေးခင်သာ ဘုဉ်းပေးတာ။ ဒါကြောင့် အရှင်ဘုရား တို့ အယူအဆ မှားတယ်''လို့။
အတင်းပေးတော့လဲ ယူခဲ့ရ
အဲဒီတော့ သူက ''အရှင် ဘုရား မစားကောင်းလို့ အခုလို ညစာ မစားချင်လဲ နေပါတော့။ မနက်ခင်းကျတော့ စားရတာပေါ့၊ ယူသွားပါ'' ဆိုပြီး အတင်းပေးတယ်။
''ဟာ . . ခက်တော့တာပဲ။ အတင်းပေးနေတာကို ငြင်းရင်လဲ ဒါဟာ ယဉ်ကျေးမှု သဘောတရားအရ မငြင်းသင့်ဘူး၊ သဒ္ဓါတရားကောင်းကောင်းနဲ့ပေးနေတာ၊ ငြင်းရင် ရိုင်းစိုင်းတဲ့သဘော သက်ရောက်တယ်'' ဆိုတာကို ဘုန်းကြီးက ကြားဖူးထားတော့ ''ဒီပန်းသီးနဲ့ ဒီငှက်ပျောသီး ငါတော့ ယူတော့ ယူမှဖြစ်မယ်၊ မယူရင်လဲ သူတို့က ငါ့ကို ကျေနပ်ကြတော့မှာ မဟုတ်ဘူး။ ယူရင်လဲ ဒီကိုယ်တော် ညစာစားတယ်လို့ ငါ့ကို ထင်တော့မှာ။ ငါဘယ်လို လုပ်ရမလဲ''လို့ စဉ်းစားကြည့်တယ်။
စဉ်းစားပြီးတော့ ''တပည့်တော်မှာ ကပ္ပိယလဲ မပါဘူး၊ ဒါကြောင့် လက်မခံပါရစေနဲ့'' ဆိုတော့ ''အရှင်ဘုရား၊ တပည့်တော်တို့က ပေးရမည့်တာဝန်ရှိလို့ ပေးတာပါ'' ဆိုပြီး လွယ်အိတ်ထဲ သူက ထိုးထည့်လိုက်တယ်။
ဘုန်းကြီးလက်ထဲမှာ လွယ်အိတ်ကလေး ကိုင်ထားတယ်၊ လွယ်အိတ်ကလေးပါတယ်။ အဲဒါနဲ့ ပန်းသီး(၂)လုံး, ငှက်ပျောသီး(၃)လုံး, ဘီစကွတ်မုန့်တွေ လွယ်အိတ်ထဲ အလိုလို ရောက်သွားတယ်။
''ဒါတွေ ငါဘယ်လိုလုပ်ပါ့မလဲ''လို့ စဉ်းစားရင်းနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ အနားမှာ (၇)နှစ်သမီး အရွယ် လောက်ရှိတဲ့ ကုလားမလေး ငယ်ငယ်လေး နှစ်ယောက် ကို တွေ့ရတယ်။

(အပိုင်း၁၂)ဆက်ဖော်ပြပါမည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP