* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 29, 2009

မင်းထင်တိုက် စာသင်စာချ ကိုယ်တော်များအတွက် စာအုပ်အလှူ

ဆက်ကပ်လှူဒါန်းသည့် စာအုပ်များနှင့် စာသင်သား သံဃာများ


နိကယ်စာအုပ်တွေ

တပည့်စာသင်သားများအတွက် ဗလာစာအုပ်များနှင့် မင်းထင်တိုက် စာချဆရာတော်

















စက်တင်ဘာလ ၂၈ ရက် ညနေခင်းမှာ မန္တလေး မဟာမင်းထင် စာသင်တိုက်ကို အလှူရှင် မိသားစုတစ်စု ရောက်လာပါတယ်။ မင်းထင်တိုက်မှာ ပရိယတ္တိစာပေ သင်ယူနေတဲ့ စာသင်သား ကိုယ်တော်များအတွက် ဗလာစာအုပ်များနဲ့ စာချဆရာတော်အတွက် သင်ရိုး နိကာယ်စာအုပ်များ လိုအပ်နေတယ် သတင်းရလို့ လာရောက် လှူဒါန်းကြတာပါ။
ဦးသန်းဦးအား ရည်စူး၍ ဒေါ်တင်တင်ဝင်းနဲ့ သား ကိုပီကေ (ဘလော့ဂါ ကပ်ပါပေ့ ပီကေရယ်) မောင်နှမ ကောင်းမှု ဖြစ်ပါတယ်။
အနာကြီး ရောဂါသည် မိသားစုများ နေထိုင်ရာ မြရတနာ ကျေးရွာက မူလတန်းကျောင်းသား ကလေးငယ်များအတွက်လဲ မန္တလေးက အလှူရှင် တစ်ဦးက ဗလာစာအုပ် ၁၂၀ (၁၀ ဒါဇင်) လှူထားပါတယ်။
နောက်သတင်းကောင်းတစ်ခုက သံဃာများ သောက်ရေ သုံးရေအတွက် ရေကန် အလှူရှင် ပေါ်လာတဲ့ အကြောင်းပါ။ နေ့ဆွမ်းအလှူရှင် တစ်ဦးဖြစ်တဲ့ စင်ကာပူက ဒေါ်နန်းသန္တာအောင်က သာသနာ့ဝေပုလ္လကျောင်းတိုက်မှာ ရေကန် လှူဒါန်းမှာ ဖြစ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP