* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 29, 2009

လမ်း

လျှောက်ခဲ့တဲ့ လမ်းအတိုင်း
နောက်ပြန် လှည့်ကြည့်မိတော့
ခြေထောက်တွေ (ဂဲ)ခဲဆွဲသလို လေးလံလို့
(လူနဲ့အိမ် အတော်ဝေး ကျန်ခဲ့တဲ့နောက်)

အရိုးစွဲနေတဲ့ စိတ်နဲ့
ကိုယ်တိုင်ရေးဆွဲတဲ့ ဥပဒေအောက်မှာ
တအုံ့နွေးနွေး နှလုံးသားတွေ ငုံ့လျှိုးလို့
(နေ့ရက်တွေ ပုပ်သိုးခဲ့တဲ့နောက်)

ကျသလောက် မှာ
ကျသလောက် ရှင်း ဘ၀မှာ
အစာအိမ်အခန်းထဲ ကျွတ်ကျွတ်မြည်လို့
(ညစာတွေ လွတ်ခဲ့တဲ့နောက်)

ခေါင်းကျက် ခေါင်းစား
အမြီးကျက် အမြီးစားကမ္ဘာမှာ
ကိုယ့်အရိပ်ကိုယ် ပြန်ဖိုက်လို့
(ကိုယ့်အမြီးကိုယ် ပြန်ကိုက်မိတဲ့နောက်)

ခပ်နွမ်းနွမ်း ဘောင်းဘီတစ်ထည်ရဲ့
အပေါက်အပြဲ ရာဇ၀င်မှာ
စိတ်အနားစတွေ ဖွာလန်ကျဲလို့
(အဖာအထေးတွေ ချုပ်ရိုးပြန် ကွဲခဲ့တဲ့နောက်)

ရင့်ထော်နေတဲ့ အလွမ်းနာရဲ့
အရှင်လတ်လတ် ခွဲစိတ်ခန်းမှာ
အိပ်မက်တွေ သွေးစိမ်းရှင်ရှင် ထွက်လို့
(မျက်ရည်တွေ သွင်သွင်စီးဆင်းတဲ့နောက်)

အဖေရေ အမေရေ
ညီလေးရေ ညီမလေးရေ
အဝေးရောက်ခေါ်သံတွေ တုန်ယင်လို့
(ခေါ်သံတွေ ခေါ်ရာမ၀င်တော့တဲ့နောက်)

မျက်ရည်တွေ အငြိုးကြီးတဲ့ညမှာ
အမေ့အိမ် ခြံစည်းရိုးတွေ ယိုင်နဲ့
ညက အိပ်ပျက်လောက်အောင် ရွာခဲ့လို့
(ရင်ဘတ်ထဲ မိုးသံတွေ မစဲတဲ့နောက်)

ထူထူထထ ငါ့ဘ၀မှာ
ကိုယ်ထူကိုယ်ထ ကျမ်းတွေနဲ့
အလုပ်ဟူသမျှ ဖုန်ထလို့
(အရုပ်လိုပဲ ခုန်ပြခဲ့တဲ့နောက်)

ဒီမယ် ဒီမယ်
ခဏလေးပါဗျာ
လမ်းတွေပေါ် လှမ်းနေသေးတဲ့ ဖနောင့်ကို
ခဏလောက်တော့ သန်းဝေခွင့်ပြုပါ။
(လမ်းတွေကသာ ငါ့အပေါ် လှမ်း ချေသွားခဲ့တဲ့နောက်)

လေပြည် (၂၉-၉-၂၀၀၉၊ နံနက် ၄း၃၅)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP