* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 26, 2009

အကြံပြုပါရစေ (ဆင်းရဲသား ပပျောက်ရေးတရားတော်....)

အကြံပြုပါရစေ

ဆင်းရဲသားပပျောက်ရေးကို စိတ်ဝင်စား သူတွေဟာ ဘုရားဟော တရားတော်တွေကို အခြေခံပြီး တော့ ကာလ ဒေသ ပုဂ္ဂလ ကြည့်ပြီး၊ နည်းအမျိုးစုံနှင့် အကောင်အထည် ဖေါ်ကြရမှာပါ။ ဘုရားဟော ဆိုတာ လုံးဝ လွဲမှားမှု မရှိနိုင်လို့ပါပဲ။ ယခုခေတ်မှာတော့၊ အကောင်အထည်ဖေါ်ဖို့အလွယ်ကူဆုံး နည်းကတော့ဘဏ်ပါပဲ။

ဘဏ်စနစ် ကောင်းဖို့နှင့် ဘဏ် အသုံးပြုပုံ လူအများစု နားလည်ဖို့တော့စည်းရုံးကြရမှာပေါ့။ ဒါလည်း မခက်ပါဘူး။ သတင်းစာ၊ တီဗွီ၊ ရေဒီယို၊ စသည်ဖြင့် နေရာအနှံ့ လူအနှံ့ ဖြန့်နိုင်ပါတယ်။ အသိပညာ ဗဟုသုတ တွေ ပေးနိုင်ပါတယ်။ ဆင်းရဲသား ရပ်ကွက်၊ ဆင်းရဲသားရွာ ဘဏ်များကိုတော့ များသောအားဖြင့်ငွေကြေးတတ်နိုင်သူ အလှူရှင်တွေ ကို အဓိက မှီခို ကြရမှာပါ။ ငွေ ကြေး တတ်နိုင်သူတွေ ထဲမှာ တကယ်အသုံးဝင်မယ် ဆိုလျှင် သိန်းရာထောင်ချီပြီး၊ အလကား လှူနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ လှူချင် အောင်လည်း သက်ဆိုင်သူများက စည်းရုံးကြရမှာပေါ့။


နည်းပညာ ဆိုတာလည်း အများစုက လက်တွေ့ အလုပ်လုပ် လာတဲ့အခါ နည်းပညာကို တန်ဖိုးထားလာကြတဲ့အခါ နည်းပညာရှာဖို့လည်း ခက်မှာမဟုတ်တော့ပါဘူး။ တစ်ခုတော့ မေတ္တာရပ်ခံရမှာပေါ့။ အစိုးရပိုင်းးမှာ တာဝန်ရှိသူများ အနေနှင့် လိုအပ်တဲ့နည်းပညာနှင့်တီထွင်နိုင်ဖို့ အတွက် အခြေခံ အဆောက်အဦ တွေ၊ ပစ္စည်း ကိရိယာ တန်ဆာပလာတွေ စာအုပ်စာတန်း အစရှိသည်တွေ ကိုယ့်ပြည်တွင်းမှာ တွင် မလုံလောက်လို့၊ နိုင်ငံတကာမှ မှာယူတင်သွင်းတဲ့အခါ မျိုးမှာ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်တွေ ငှါးရမ်းရတဲ့ အခါမျိုးမှာ တိုင်းပြည်ရဲ့အကျိုးစီးပွါး ကို ကြည့်ပြီး စီစစ် ခွင့်ပြုပေးကြဖို့ ပါပဲ။ ပညာဆိုတာ ဘယ်သူ့ဆီက ရရ ဘယ်လိုလုပ်လို့ပဲ ရရ ဘာကြောင့်ပဲ ရရ တိုင်းပြည်အတွက် စုဆောင်းသင့်ပါတယ်။


အကယ်၍များ အရှိန်အ၀ါ ကြီးမားတဲ့ ပုဂ္ဂိုလ်များက စိတ်ဝင်စားကြပြီဆိုလျှင်တော့……………


အရှင်သုဒဿနာဘိဝံသ
ဗိုလ်တောင် ဆရာတော် (မြိတ်)




ဤတွင်ပြီးပါပြီ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP