* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 26, 2009

သံဃာညီညွတ်မှုကို ပြုသောကြောင့်...



သံဃသာမဂ္ဂီသုတ်...

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်လူအများ ချမ်းသာရန် လူအများ အကျိုးရှိရန် နတ်လူတို့ အကျိုးစီးပွါးရှိရန် ချမ်းသာရန်သာ ဖြစ်၏။

တစ်ခုသော တရားဟူသည် အဘယ်နည်း။
သံဃာညီညွတ်မှုတည်း။

ရဟန်းတို့ သံဃာ ညီညွတ်သည်ရှိသော် သံဃာ ညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်းခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့ သည်လည်း မဖြစ်ကုန်။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။ ထိုသံဃာ ညီညွတ်ရာ၌ မကြည် ညိုသေးသော သူတို့သည်လည်း ကြည်ညိုကုန်၏။ ကြည်ညိုပြီးသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို -
''သံဃာ ညီညွတ်မှုသည် လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည် လည်းကောင်းချမ်းသာ၏။ ညီညွတ်မှု ၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂ လေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု ဤဂါထာ ဖြင့်ဆိုအပ်၏။

ဤအနက် သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာ ခဲ့ရပါသည်။ 19

၉ - သံဃသာမဂ္ဂီသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP