မာတုဂါမသည် ဤငါးဌာနတို့ကို ရနိုင်ကုန်၏...
ဌာနသုတ်- (အကြောင်း ၊ တည်ရာ၊ အရပ်၊ ရာထူး)
ရဟန်းတို့...
ကောင်းမှုကို ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏။
အဘယ် ငါးဌာနတို့နည်း-
၁...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်လို၏ဟူသော ဤပဌမဌာနကို ရလွယ်၏၊
၂...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သောအမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်လို၏ဟူသော ဤဒုတိယဌာနကို ရလွယ်၏၊
၃...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော် သော အမျိုးသို့ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေလို၏ဟူသော ဤတတိယဌာနကို ရလွယ်၏၊
၎...
ရဟန်းတို့ကောင်းမှု ပြုခဲ့ ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သောအမျိုးသို့ ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လို၏ ဟူသော ဤစတုတ္ထဌာနကို ရလွယ်၏၊
၅...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင် ရန်သူ(လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လျက် လင်ကို လွှမ်းမိုး၍ ဖြစ်လို၏ ဟူသော ဤပဉ္စမဌာနကို ရလွယ်၏။
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏ ဟု မိန့်တော်မူ၏။ 311
၈ - ဌာနသုတ်၊ မှ၊ ဗလဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။
သာဓု... သာဓု... သာဓု...။

0 comments:
Post a Comment