* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 23, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၄)

ဗုဒ္ဓသာသနာနှင့် စိတ်ကောင်းရှိသူ

ဗုဒ္ဓသာသနာမှာ စိတ်ကောင်းထားသူတွေ အများကြီးလိုပါတယ်၊ သာသနာသည် စိတ်ကောင်းထားသူတို့
လက်ထဲ၌သာနေပါတယ်။ ပိုက်ဆံပေါင်တိုင်း သာသနာနေလို့ မရဘူး၊ ပစ္စည်းပေါတိုင်း သာသနာနေလို့
မရဘူး၊ လောကီပညာတွေ လျှမ်းလျှမ်းတောက်တတ်တိုင်းလည်း သာသနာဝင်ရောက်ခိုလှုံလို့ မရပါ။
ဗုဒ္ဓသာသနာသည် စိတ်ကောင်းရှိသူတို့၏ သန္တာန်မှာသာ ခိုအောင်း၍ နေနိုင်သော အံ့ဖွယ်စွမ်းအားပါ။

အဆင့်မြင့်စိတ်

သူတော်ကောင်း တစ်ယောက်ဖြစ်ဖို့(အမှန်တော့) မလွယ်ဘူး၊ ကိလေသာနဲ့ စိတ်ကိုလုတဲ့ အလုပ်က
သာမန်အင်အားနဲ့ ဖြစ်တာမှမဟုတ်ပဲ၊ စိတ်ကလေးကို ကိလေသာလက်ထဲက မနည်းကို ကြိုးကြိုးစားစား
လုယူပြီးတော့ သီလ သမာဓိ ပညာစွမ်းအားနဲ့ ပြုပြင်ရတယ်၊ ပြုပြင်လို့ အဆင့်မြင့်စိတ်ကလေး ဖြစ်လာပြန်
တော့ စိတ်ထားလေးတွေ ထားတတ်လာတယ်၊ အာရုံနဲ့စိတ် အဆင်ပြေလာတယ်၊ လူလည်းမြင့်မြတ်သွားတယ်
အဆင့်မြင့်သွားတယ်။

အဖိုးတန်စိတ်

စိတ်ကောင်းစိတ်မြတ်လေးကို သီလနဲ့ သန့်စင် သမာဓိနဲ့ဆေးကြော ၀ိပဿနာနဲ့ထက်အောင် သွေးလိုက်တော့
အရောင်တဖိတ်တဖိတ်တောက်တဲ့ ကျောက်မျက်ရတနာလေးလို အဖိုးတန်စိတ်လေးဖြစ်လာတယ်၊ အဖိုးတန်စိတ်ကလေးအဖြစ် ရောက်လာတဲ့အခါ မိမိသူတပါး လောကသာသနာကောင်းကျိုး ပြုအင်အားတွေ
အကွက်စေ့စေ့ ထိထိရောက်ရောက် တိတိကျကျ ပြည့်ပြည့်၀၀ ရအောင်ဆောင်ရွက်နိုင်တယ်၊
စိတ်ထားတတ်လာတယ်၊ အာရုံနဲ့စိတ်အဆင်ပြေအောင် နေတတ်လာတယ်၊လူလည်းမြင့်မြတ်သွားတယ်၊
စိတ်ထားတတ်လို့ မြင်မြတ်တော့ လူပါဂုဏ်တက်သွားတယ်၊ ပစ္စုပ္ပန်မှာလည်း ချမ်းသာအောင် နေတတ်လာတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP