* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 23, 2009

*စဉ်းစားခန်း*

မသိခဲ့ပါဘူး
ယခင့် ယခင် ဟိုးအရင်က…။

ခုတော့
ကီးဘုတ်ပေါ်ပြေးလွှားနေတဲ့
မညီမညာ လက်ချောင်းတွေကို မြင်တိုင်း
ညီညာလှပ
မြတ်ဗုဒ္ဓရဲ့ လက်ချောင်းတွေကို
အားကျမိပါရဲ့…။

ခွက်ဝင်နေတဲ့
ကိုယ့်ခြေဖ၀ါးကို ငုံ့ကြည့်မိတိုင်း
ရှက်ရွံ့မှုနဲ့အတူ
မဟာကရုဏာရှင်ကို
အားနာမိပါရဲ့…။

ဒါလေးကောင်းတယ်
ဟိုအရာ သဘောကျတယ်နဲ့
တစ်ပါးသူရဲ့ ပေတံတွေကြားမှာ
ငါ…
လက်မဖြစ်လိုက်…
စင်တီမီတာဖြစ်လိုက်…။

သူတို့အတွက်
လက်ခုပ်တီးခဲ့ပေါင်းလည်း များပြီ၊
သူတို့တီးတဲ့ လက်ခုပ်သံတွေလည်း
နားထောင်ခဲ့ဖူးပြီ…။

အဲ…
ငါ့ကိုယ်ငါ လက်ခုပ်တီးဖို့ကျတော့
အားလျော့နွမ်းလျ…။

သူတို့ကပဲ ငါ့ကို အုပ်စိုးခဲ့တာလား
ငါကပဲ
အုပ်စိုးခံဘ၀မှာ ပျော်နေခဲ့တာလား…။

မဟုတ်… မဟုတ်…
ဟုတ်တယ်
ဘယ်ဘ၀ရောက်နေမှန်းကို
ငါ့ကိုယ်ငါ မသိခဲ့တာ…။

သေသေချာချာ ငါကြည့်လိုက်တော့
ဟိုက်…
ချိန်ခွင်လျှာ
Error တက်နေပြီ…။ ။


လေးစားစွာဖြင့်
ဖိုးသား

8/22/2009, SAT:, 10:52:38 PM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP