* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 22, 2009

ပင့်ဖိတ်ဆွမ်းအား ငြင်းပယ်ခွင့်/ရှိ-မရှိ

အရှင်ဘုရား.......
ရဟန်းသံဃာတော်များတွင် လူများပင့်ဖိတ်ဆက်ကပ်သော ဆွမ်းကွမ်းခဲဘွယ်များကို ငြင်းပါယ်နိုင်ခွင့် ရှိမရှိ သိလိုပါသည် ဘုရား။
ဥပမာအားဖြင့် နိုင်ငံရေးအဖွဲ့ အစည်းများက ပင့်ဖိတ်ခြင်းမျိုး။
မှတ်ချက်။ ။ ပြည်ပက ရဟန်းသံဃာများကိုသာ ရည်ရွယ်ပြီး မေးသော မေးခွန်း ဖြစ်ပါသည် အရှင်ဘုရား။
မောင်မိုး
လော့စ်အိန်ဂျယ်လိ

အဖြေ။ ။ လူအများ ဆက်ကပ်တဲ့ အထူးသဖြင့်(နိုင်ငံရေးအဖွဲ့အစည်းများကပင့်တဲ့)ဆွမ်းကို ရဟန်းများဟာ ငြင်းပယ်ခွင့်ရှိ/မရှိ ဆိုတာနဲ့ပတ်သက်ပြီး ပြောရရင်.....
ဝိနည်းမဟာဝါပါဠိတော်၊ မဟာခန္ဓကမှာ ရဟန်းတော်များ မသွားလာသင့်တဲ့ နေရာများကို ပြောထားပါတယ်။
အပျိုကြီးအိမ်၊ ပြည့်တန်ဆာ၊ တစ်လင်ကွာ၊ မုဆိုးမ၊ ပဏ္ဍုပ်၊ ဘိက္ခုနီ များ ဖြစ်တယ်။ ထိုပုဂ္ဂိုလ်များရှိတဲ့နေရာကို ရဟန်းတော်များ မသွားသင့်ဘူး၊ အထူးသဖြင့် ဆွမ်းအလှူမခံသင့်ဘူးလို့ ပြောထားပါတယ်။ ထိုပုဂ္ဂိုလ်ခြောက်မျိုးကလွဲပြီး တစ်ခြားနေရာဌာန ပုဂ္ဂိုလ်များဆီမှာ ဆွမ်းအလှူခံသင့်/ သွားလာသင့်တယ်လို့ ယူရပါမယ့်။ ဒါကြောင့် ရဟန်းများဟာ ဆိုခဲ့ပြီးတဲ့ သူတွေကို ကြဉ်ထားပြီး တစ်ခြားသူများ တစ်ခြားအဖွဲ့အစည်းများ၊ တခြားမည်သည့်နိုင်ငံရေးအဖွဲ့အစည်းမဆို ပင့် ဖိတ်လာရင် အကြောင်းမဲ့ မငြင်းပယ်သင့်ပါဘူး။ အကြောင်းမဲ့ဆိုတာက....
ရဟန်းတော်မှာ ပထမပင့်ဖိတ်ထားပြီးရှိပါက ထိုပထမ ဖိတ်ထားတဲ့ ဆွမ်းကို ၀ိကပ္ပနာမပြုဘဲ ဒုတိယလာပင့်တဲ့သူရဲ့ ဆွမ်းကို လက်ခံပြီး ဘုဉ်းပေးမိ ပါက ပါစိတ်အာပတ်သင့်ပါတယ်။ သို့သော်လည်း ပထမပင့်တဲ့ဆွမ်းကို ၀ိကပ္ပနာပြုထားပြီးပြီဆိုပါက ဒုတိယလာပင့်တဲ့သူရဲ့ ဆွမ်းကို လက်ခံကောင်းပါတယ် လို့ သုဒ္ဓပါစိတ်၊ ပရမ္ပရ ဘောဇနသိက္ခာပုဒ်မှာ ဟောတော်မူထားပါတယ်။
အချူပ်ဆိုရရင် အလှူဒါယကာများအနက် ဆိုခဲ့ပြီးတဲ့ ပုဂ္ဂိုလ်များရှိရာ နေရာများကို ကြဉ်ပြီး ကျန်တာတွေကို ၀ိနည်းလမ်းကြောင်းအရ အကြောင်းမညီညွတ်ပါက လက်မခံသင့်ပါ၊ အကြောင်းညီညွတ်တယ်ဆိုပါက လက်ခံသင့်ပါကြောင်း အဖြေပေးလိုက်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP