* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 22, 2009

ဘ၀ရဲ့အမှတ်တရတွေထဲကတစ်နေ့

ကျွန်တော်တို့ဗုဒ္ဓဘာသာယဉ်ကျေးမှုအရဆရာသမားရဲ့ဂုဏ်ကျေးဇူးဟာရေတွက်မရအောင်အ
နှိုင်းမဲ့များပြားလှပါတယ်။ဒါကြောင့်အနန္တောအနန္တဂိုဏ်းထဲမှာတောင်ထည့်သွင်းထားရခြင်းဖြစ်
ပါတယ်။အဲဒီလိုအနန္တောအနန္တဂိုဏ်းဝင်ဆရာဖြစ်ဖို့အတွက်ဆရာကျင့်ဝတ်ငါးပါးကိုမြတ်စွာဘု
ရားရှင်ဟောကြားခဲ့သလိုတပည့်တို့အနေဖြင့်လည်းလိုက်နာရမည့်ကျင့်ဝတ်ငါးပါးကိုလည်းယ
ခုလိုဟောကြားခဲ့ပါတယ်။

ဒီပုံလေးကတော့ကျွန်တော်သူငယ်ချင်းသုခရိပ်ကကျွန်တော်ကိုပေးတဲ့လက်ဆောင်လေးပါ။
ဆရာ ဆိုတာအမှောင်မှာအလင်းရဖို့အတွက်ဖယောင်းတိုင်လေးလိုအလင်းရောင်ပေးပြီးကိုယ်စိုက်
ပျိုးထားတဲ့ပန်းလေးတွေထာဝရပွင့်လန်းဝေဆာနေအောင်ပြုစုပျိုးထောင်ယုယပေးတဲ့ဥယျာဉ်မှုးတစ်
ယောက်ပါ။ “တပည့်မရှားတစ်ပြားမရှိပီတိကိုစားအားရှိ” ဆိုတဲ့ ဆရာ တို့အတွက်ဆောင်ပုဒ်လေး
တောင်ရှိပါသေးတယ်။
ယခုလိုကျွန်တော်ဒီလိုအခြေအနေရောက်အောင်ပြုစုပျိုးထောင်ပေးသောမိခင်၊ဖခင်တို့အားဦးထိပ်
ထား၍ဆရာကျင့်ဝတ်နဲ့ကိုက်ညီပြည့်စုံတဲ့သင်ဆရာ၊မြင်ဆရာ၊ကြားစရာများအားလုံးကိုလည်းကျွန်
တော်ရဲ့အမှတ်တရနေ့လေး(၂၃.၀၇.၀၉)မှာထိခြင်းငါးဖြာနှင့်ရှိခိုးဦးညွတ်လျှက်ဒီပို့စ်လေးနဲ့အတူကန်
တော့လိုက်ပါတယ်။ကျွန်တော်အတွက်အမှတ်တရလက်ဆောင်ပေးခဲ့တဲ့သူငယ်ချင်းသုခရိပ်နဲ့ကျွန်
တော်မြန်မာမှာပညာသင်စဉ်ကအားပေးကူညီခဲ့သောချစ်သူငယ်ချင်းတို့ကိုလည်းအထူးကျေးဇူးတင်
ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP