* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 30, 2009

လမင်းလေးလို ချစ်နေမှာ...

ဓမ္မမောင်နှမတို့ ရေ....

ဒီရက်ပိုင်းထဲ နှစ်စင်းမြင်ရမယ် ဆိုတဲ့သတင်းတွေ ပတ်ဝန်းကျင်မှာ ပြောနေကြ၊ အင်တာနက်မှာ ဖတ်ရဖြစ်နေတော့ နှစ်တော်တော်ကြာကြာက ဖတ်ဖူးခဲ့တဲ့ နှင့်ပတ်သတ်တဲ့ ဓမ္မအကြောင်းအရာလေးတစ်ခု ခေါင်းထဲ ရောက်လာပါတယ်။

ဘယ်စာရေးဆရာရေးမှန်းတော့ မမှတ်မိတော့ပါဘူး။ တက္ကသိုလ်ကျောင်းသားဘ၀ ဘာသာရေးစာအုပ်တွေ လေ့လာရင်း ဖတ်ဖြစ်ခဲ့တာပါ။ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေကို လူတွေနှင့် ဆက်ဆံရာမှာ ထားရှိရမယ့် သဘောထားကို နှင့် ဥပမာ ပေးပြီး ဟောထားတဲ့ အကြောင်းကို စာရေးဆရာက သုတ္တန်တစ်ခုကို ကိုးကားပြီး ရေးထားတာပါ။

ကျွန်တော် မှတ်မိသလောက် ပြန်ပြောရရင်တော့ ရဟန်းတော်တွေဟာ ဒကာ၊ ဒကာမတွေနှင့် ဆက်ဆံရာမှာ လို ကျင့်ရမယ်။ ဟာ ညဘက်မှာ ကောင်းကင်ကနေပြီး ကမ္ဘာလောကကို အေးမြတဲ့ အလင်းရောင်ပေးတယ်။ အချိန်တန်လို့  မိုးလင်းရင် သူ့ ဖာသာသူ မိုးကုတ်စက်ဝိုင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ သူဟာ ညဘက် သူ့ အလင်းရောင် ဖြန့် ကျက်နေတဲ့ အချိန်မှာ လောကမှာ ရှိတဲ့ ဘယ်အရာနှင့်မှ ငြိတွယ်နေတာမရှိဘူး။ အချိန်တန်လို့  ပျောက်ကွယ်သွားချိန်မှာလည်း ဘာခြေရာ လက်ရာမှ ချန်မထားခဲ့ဘူး။

လောက လူသားတွေကလည်း သူ့ ရဲ့ အလင်းရောင်အပေါ်မှာ မကျေမနပ်နှင့် ပြောကြတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့ ရဲ့ အလင်းရောင် ရှိနေတဲ့အတွက် အားလုံးရဲ့ စိတ်ထဲမှာ နှစ်သက်မှု၊ ကျေနပ်မှုကိုသာ ဖြစ်နေစေတယ်။ ဒီလိုမျိုး လိုဘဲ ရဟန်တော်တွေဟာ ဒကာ၊ ဒကာမတွေနှင့် ဆက်ဆံတဲ့အခါမှာ ငြိတွယ်ကပ်ရောက်မှု မရှိဘဲ ဆက်ဆံကြဖို့ ၊ မိမိကို အကြောင်းပြုပြီး ဒကာ၊ ဒကာမတွေမှာ စိတ်အေးချမ်းမှုကိုသာ ဖြစ်စေဖို့ ၊ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေကို ဆုံးမတဲ့အကြောင်း ကို စာရေးဆရာက ရေးထားတာပါ။

ဒီရက်ပိုင်း အဲဒီ ဥပမာ အဆုံးအမလေးကို သတိတရ ရှိနေတာနှင့် မူရင်းသုတ်တော်ကို ရှာဖတ်ဖြစ်ခဲ့ပါတယ်။ နိဒါနသံယုတ်ပါဠိတော်မြန်မာပြန်မှာပါတဲ့ ကဿပသံယုတ် မှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က အရှင်မဟာကဿပ ကိုယ်တော်ကြီးကို အကြောင်းပြုပြီး နှင့် ဥပမာပေး ဟောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာလေး ဖတ်အပြီးမှာ ကျွန်တော့် စိတ်ထဲမှာ မြတ်စွာဘုရားရှင်ရဲ့  ဆုံးမမှုအပေါ် တော်တော်လေးကို ကြည်နူးမှုဖြစ်ရပါတယ်။ မြတ်စွာဘုရားရဲ့  ထင်သာမြင်သာဖြစ်အောင် ဥပမာဆောင်ပြမှုက စိတ်ထဲမှာ ကွင်းကွင်းကွက်ကွက်နှင့် နားလည်သဘောပေါက်စေပါတယ်။

အော်...ကောင်းလိုက်တဲ့ အဆုံးအမတော်ပါလား။ ဒီအဆုံးအမဟာ ရဟန်းတော်တွေကို ဦးတည်ဆုံးမတယ်လို့  ဆိုပေမယ်လို့  ကျွန်တော်တို့ လို လူဝတ်ကြောင်တွေအတွက်လည်း လူမှုပေါင်းသင်း ဆက်ဆံရေး သဘောတရားတစ်ခုကို လမ်းညွှန်ပြလိုက်သလို ရှိနေတာဘဲ မဟုတ်လား။

ဒီ ဥပမာ အကြောင်းအရာနှင့် စပ်ဆက်ပြီးတွေးရင်းက ကဗျာတစ်ပုဒ်ကိုလည်း သွားပြီး သတိရမိပါတယ်။ အဲဒီကဗျာက ကျွန်တော်အထက်တန်းကျောင်းသားဘဝ အင်္ဂလိပ်ကဗျာတွေသင်တော့ စဖတ်လိုက်ကတည်းက ကြိုက်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နောက်ပိုင်း အကြောင်းတိုက်ဆိုင်လို့  ပြန်ဖတ်ဖြစ်တိုင်း၊ ညီ ညီမငယ်တွေကို စာရှင်းပြဖြစ်တိုင်းလည်း အမြဲသဘောကျ နှစ်သက်နေမိတတ်တဲ့ ကဗျာလို့ ပြောလို့ ရပါတယ်။ တခြားသူတွေကတော့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။ ကျွန်တော် ဒီကဗျာကို အဓိပ္ပါယ် ရှင်းပြတော့ တချို့ ကပြောတယ်။ ဒီလိုဘဝမျိုးကြီးက ပျင်းစရာကြီးပါ...တဲ့။ ကဗျာကို ဒီဘက်ခေတ်လူငယ်နှင့် ၊ လူလတ်ပိုင်းတွေ အားလုံးသိကြမှာပါ။ ကဗျာနာမည်က The Quiet Life

The Quiet Life

by Alexander Pope (1688 - 1744)


Happy the man whose wish and care

A few paternal acres bound,

Content to breathe his native air

In his own ground.


Whose herds with milk, whose fields with bread,

Whose flocks supply him with attire;

Whose trees in summer yield him shade,

In winter fire.


Blest who can unconcern'dly find

Hours, days, and years slide soft away

In health of body, peace of mind,

Quiet by day,


Sound sleep by night; study and ease

Together mixt, sweet recreation,

And innocence, which most does please

With meditation.


Thus let me live, unseen, unknown;

Thus unlamented let me die;

Steal from the world, and not a stone

Tell where I lie.



ကဗျာရွတ်သံနားဆင်ရန်


ရဟန်းသံဃာမဟုတ်တဲ့ လူဝတ်ကြောင်တွေအတွက်တော့ ဒီလို အထီးတည်းဆန်တဲ့ ရောင့်ရဲတဲ့ ဘဝမျိုးနှင့် နေဖို့ ဆိုရင် အတော်လေးတော့ လွယ်မှာမဟုတ်ပါဘူးလေ။ လူတွေဆိုတော့လည်း လူကြားထဲမှာ နေရ၊ ဘဝရှင်သန် ရပ်တည်ရေးအတွက် လူတွေနှင့် ပေါင်းသင်းဆက်ဆံရ တာတွေကတော့ ရှောင်လို့ မှ မရတာကိုး။

ဆရာတော် တစ်ပါးကတော့ တခါတလေ ဒီလို သီးသီးခြားခြား လူတောမတိုးဘဲ ကိုယ့်သီးခြားကမ္ဘာလေးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး ဘယ်သူနှင့်မှ မပတ်သတ်ဘဲ ကိုယ့်စိတ်ကိုဘဲ အဖော်ပြုပြီး နေတတ်တဲ့အကျင့်ကို လုပ်ပေးခြင်းဟာ စိတ်ဓါတ်နှင့် အသိဉာဏ်ကို ရင့်ကျက်တိုးတက်စေတယ်လို့ ဆုံးမထားတာတော့ မှတ်သားဖူးပါတယ်။

ဘာဘဲဖြစ်ဖြစ် ကျွန်တော်အတွက်တော့ အရှင်မဟာကဿပ မထေရ်မြတ်ကြီးရဲ့  လတစ်စင်းလို အင်မတန်မှ ရောင့်ရဲအေးချမ်းစွာဖြင့် နေတတ်တဲ့စိတ်ထားတော်၊ A Pope ရဲ့ ကဗျာထဲက ပုဂ္ဂိုလ်လို သေတာတောင်မှ အမှတ်အသား ကျောက်တိုင်ကျောက်တုံး တစ်ခုတစ်လေမှ မထားဘဲ တိတ်တိတ်လေး လောကကနေ ထွက်သွားချင်တဲ့ စိတ်ထားတွေဟာ အမြဲအတုယူအားကျမိနေတဲ့ စိတ်ထားများဘဲ ဖြစ်ပါတယ်ခင်ဗျား။ တကယ်ဖြစ်လာဖို့ ကတော့ ကျွန်တော် ဆက်လက်ကြိုးစားသွားရပါအုံးမည် ခင်ဗျား လို့ ဘဲ ပြောချင်ပါတော့တယ်။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
(31st July အမှတ်တရ)

(တရားတော် မြန်မာပြန်ကို ကူရှာပေးတော်မူသော ဘုန်းဘုန်း ဦးတိက္ခဉာဏအား ကျေးဇူးတင်စွာဖြင့် ရှိခိုးဦးတင် ကန်တော့ပါတယ် ဘုရား။)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP