လူတို့ဘာကြောင့်သက်တမ်းတို
ညီငယ်“မိုးစက်အိမ်”မေးထားတဲ့မေးခွန်းလေးတွေကိုအကို နှစ်ပိုင်းခွဲပြီးပြန်ဖြေပေးလိုက်ပါတယ်။
ပထမတစ်ချက်အနေဖြင့်ဘုရားရှင်တွေသက်တော်တိုပြီးကြာကြာမစံနိုင်တာကလူတွေရဲ့ပယောဂနှင့်
မဆိုင်ပါဘူး။ ဒီဘဒ္ဒကမ္ဘာမှာဘုရားငါးဆူပွင့်တော်မူရာမှာပထမဆုံးပွင့်တော်မူသောကကုသန်မြတ်စွာ
ဘုရားသည် လေးသောင်းတမ်းတွင်ပွင့်တော်မူသည်။ ကောဏာဂုံမြတ်စွာဘုရားသည် သုံးသောင်း
တမ်းတွင်ပွင့်တော်မူသည်။ကဿပမြတ်စွာဘုရားသည်နှစ်သောင်းတမ်းတွင်ပွင့်တော်မူသည်။ဂေါတ
မမြတ် စွာဘုရားသည်အစဉ်အတိုင်းဆိုကတစ်သောင်းတမ်းတွင်ပွင့်ရမည်ဖြစ်သည်။သို့သော်လူတို့
အနှစ်တစ်သောင်တမ်းအခါ၌ ဂေါတမမြတ်စွာဘုရားလောင်းတော်မှာ ပါရမီပြည့်ရန်လိုသေး၍မပွင့်
နိုင်ဘဲရှိခဲ့သည်။ ထို့နောက်အနှစ်တစ်ရာတမ်းကျမှ ပွင့်တော်မူသည်ဟုဆိုပါသည်။ နောင်ပွင့်မည့်
အရိမေတ္တေယျဘုရားရှင်မှာအနှစ်ရှစ်သောင်းတမ်းတွင်ပွင့်ပါမည်။
မြတ်စွာဘုရားရှင်တို့၏အာယုဝေမတ္တ(အသက်အတိုအရှည်ကွာခြားမှု)ရှိသဖြင့်သက်တမ်းမတူကြပါ။
ဒုတိယအချက်အနေဖြင့်အခုခေတ်မှာလူတွေရဲ့သက်တမ်းဘာကြောင့်တိုလာရသလဲဆိုတာကိုမြတ်စွာ
ဘုရားရှင်က ရဟန်းတို့အား ပါထိက၀ဂ် စက္က၀တ္တိသုတ် တွင်လူတို့သက်တမ်းဘာကြောင့်ဆုတ်ယုတ်
လာရပုံကိုယခုလိုရှင်းလင်းဟောကြားထားပါတယ်။
ရဟန်းတို့လောကတွင်ပစ္စည်းဥစ္စာမရှိသူတို့အားပစ္စည်းဥစ္စာကိုမပေးသော်ဆင်းရဲခြင်းပွားများလာ၏၊ ဆင်းရဲခြင်းပွားများလာသော် သူတစ်ပါးတို့ မပေးသော ဥစ္စာကိုခိုးယူမှုပွားများလာ၏။ ခိုးယူမှုပွားများ
လာသော်လက်နက်ပွားများလာ၏။ လက်နက်ပွားများလာသော်အသက်သတ်မှုပွားများလာ၏။ အ
သက်သတ်မှု ပွားများလာသော် မဟုတ်မမှန်ပြောမှု ပွားများလာ၏။ မဟုတ်မမှန် ပြောမှုပွားများလာ
သော်ကုန်းချောမှုပွားများလာ၏။ကုန်းချောမှုပွားများလာသော်ကာမဂုဏ်တို့၌မှားယွင်းစွာကျင့်မှုပွား
များလာ၏။ကာမဂုဏ်တို့၌မှားယွင်းစွာကျင့်မှုပွားများလာသော်ကြမ်းတမ်းသောစကားပြိန်ဖျင်းသောစ
ကားတရားနှစ်ပါးတို့ ပွားများလာကုန်၏။ တရားနှစ်ပါးတို့ပွားများလာကုန်သော်လိုချင်တပ်မက်ခြင်း
“အဘိဇ္ဈာ”၊ ပျက်စီးစေလိုခြင်း “ဗျာပါဒ” တို့ပွားများလာကုန်၏။ လိုချင်တပ်မက်ခြင်း“အဘိဇ္ဈာ”၊ ပျက်
စီးစေလိုခြင်း“ဗျာပါဒ”၊ တို့ပွားများလာကုန်သော် မှားသောအယူဝါဒပွားများလာ၏။ မှားသောအယူဝါ
ဒပွားများ လာသော်မတရားသော တပ်မက်ခြင်း “အဓမ္မရာဂ”၊ အလွန်အကြူးတပ်မက်ခြင်း “၀ိသမ
လောဘ”၊ မှားသောအကျင့်တရား“မိစ္ဆာဓမ္မ”တရားသုံးပါးတို့ပွားများလာကုန်၏။ ဤတရားသုံးပါးတို့
ပွားများလာကုန်သော်-
-အမိ၌ကောင်းစွာပြုသင့်သောဝတ်ကိုမပြုခြင်း၊
-အဖ၌ကောင်းစွာပြုသင့်သောဝတ်ကိုမပြုခြင်း၊
-ဗြာဟ္မဏတို့၌ကောင်းစွာပြုသင့်သောဝတ်ကိုမပြုခြင်း၊
-အမျိုး၌ကြီးသောသူတို့ကိုရိုသေတုပ်ဝပ်မှုမပြုခြင်း ဟူသောဤတရားတို့သည်ပွားများလာကုန်၏။
ဤတရားတို့၌ပွားများလာကုန်သော်လူတို့၏အသက်သည်လည်းဆုတ်ယုတ်၏၊အဆင်းသည်လည်း
ဆုတ်ယုတ်၏၊အသက်အားဖြင့်လည်းဆုတ်ယုတ်ကုန်သောအဆင်းဖြင့်လည်းဆုတ်ယုတ်ကုန်သော
အသက်ရှည်ကုန်သောလူတို့၏သားသမီးတို့သည်တဖြည်းဖြည်းဖြစ်သက်တမ်းများဆုတ်ယုတ်လာ
ရခြင်းဖြစ်ပါသည်။

0 comments:
Post a Comment