မုန့်ဟင်းခါးနဲ့ သက်သတ်လွတ် ဖြစ်သွားတဲ့ နေ့ဆွမ်း
ဒီနေ့ မနက် ၅ နာရီကျော်ကစပြီး ဆွမ်းစလောင်းပါတယ်။ ကျောင်းတိုက်တွေက သံဃာတွေ သာမဏေတွေ အတန်းလိုက် အစုလိုက် လာရောက် ဆွမ်းခံကြတာ အခု ပို့စ်တင်နေဆဲအချိန်မှာ အပါး ၄၀၀ ကျော်နေပါပြီ။
''ပန်းကန်ချ။ ပန်းကန်ချ''
''ပန်းကန်မလောက်ဘူး ဖြစ်နေတာကို''
''အရှင်ဘုရား။ သပိတ် ဒီမှာ ခဏတင်ထားပါနော်''
''အဝ ဘုဉ်းပေးနော်။ အားရပါးရဘုဉ်းပေးပါ''
''ကိုယ်တော်လေး ဘုဉ်းပေးပြီးပြီလား''
''ပန်းကန်မမီမှာစိုးလို့။ ပန်းကန် တစ်ယောက်ဆေး။ မင်းက ရေခပ်ပေးလိုက်''
''ကိုရင်လေး။ ဘုဉ်းမပေးရသေးရင် ခဏ ထိုင်စောင့်ပါနော်အရှင်ဘုရား''
''ဒီကိုရင်လေးက မုန့်ဖတ်တဲ့။ ဟိုကိုရင်လေးရော''
''ခုံတစ်လုံး ထပ်ပေးပါဦး။ ဒကာမကြီး ပန်းကန်..''
မုန့်ဟင်းခါးကို ငါးဖယ် ဘဲဥတွေနဲ့ ချက်ကပ်ပါတယ်။ ဆရာတော် တစ်ပါးက ဆွမ်းဘုဉ်းပေးပြီးတော့ နေရာမှာပဲ ဆုချီးမြင့်ပါတယ်။ နောက်ဆွမ်းလောင်းတွေမှာ ဘာလောင်းရင် သင့်တော်မလဲဘုရား၊ ဘာပစ္စည်းလေးတွေရော တွဲကပ်ရင် ကောင်းမလဲဘုရားဆိုတော့
''ဘာဖြစ်ဖြစ် ကောင်းတာပါပဲ။ ဘာလိုအပ်တယ်က မပြောကောင်းဘူးလေ''
လို့ ပြန်အမိန့်ရှိပါတယ်။
ဘုဉ်းပေးပြီးချိန်မှာ သပိတ်များထဲ အစိမ်းကြော်နဲ့ ပဲဟင်း ဆက်ကပ်ပါတယ်။ ဒီနေ့ကတော့ နေ့ဆွမ်းက ချွေတာရေး ဖြစ်သွားတာ တောင်းပန်ပါတယ်။
ကိုရင်ငယ်လေးတွေက မမီလိုက်တာစိုးလို့ ပြေးလာကြတာလဲ ကြည်နူးစရာ တွေ့ရပါတယ်။ ခုံတွေ စားပွဲတွေ မလောက်တော့ တစ်ချို့ကိုယ်တော်တွေ အေးအေးဆေးဆေးပဲ စောင့်ပေးနေကြပါတယ်။

0 comments:
Post a Comment