* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 24, 2009

မိန်းမတို့မှာ အားငါးမျိုး ပြည့်စုံ မပြည့်စုံ...

အင်္ဂသုတ် - (အစိတ်၊ ကိုယ်အစိတ်အပိုင်း၊ ကိုယ်လက်အင်္ဂါ)
ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်း...

၁... အဆင်းအား၊
၂... စည်းစိမ်ဥစ္စာအား၊
၃... ဆွေမျိုးအား၊
၎... သားသမီးအား၊
၅... သီလအားတို့တည်း။


၁...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ စည်းစိမ်ဥစ္စာ အားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို စည်းစိမ် ဥစ္စာအား ဟူသော အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (နှစ်ပါး) နှင့် ပြည့်စုံသူ ဖြစ်၏။

၂...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ ဆွေမျိုးအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (ဆွေမျိုးအားတည်းဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ဆွေမျိုးအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (သုံးပါး) နှင့် ပြည့်စုံသူဖြစ်၏။

၃...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သားသမီး အားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (သားသမီးအား ဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း၊ သားသမီးအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (လေးပါး)နှင့် ပြည့်စုံသူ ဖြစ်၏။

၎...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း၊ သားသမီးအားနှင့် လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သီလအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမ သည် ထို (သီလအားဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း၊ သားသမီးအားနှင့် လည်းကောင်း၊ သီလအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (ငါးပါး)နှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးပါး တို့တည်း ဟု (မိန့်တော်မူ၏)။ 308

၅ - အင်္ဂသုတ်၊ ဗလဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP