* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 24, 2009

သက်ရှိပဲ သင့်ရဲ့ ဆရာလား?

ဖတ်မိဘူးတဲ့ ပုံပြင်လေးတွေပါ။ နှလုံးသားမှာ သံမှိုရိုက်သွင်းသလို စွဲထင်မိစေတဲ့ ပုံပြင်လေးတွေဖြစ်တဲ့အတွက် တင်ပေးလိုက်တယ်နော်။

ဒီပုံပြင်လေးတွေကတော့ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးက ပြောပြတဲ့ ပုံပြင်လေးပါ၊ ဗုဒ္ဓမြတ်စွာကလည်း ဟောထားတယ်နော် “လောကော သတ္တာန-မာဆေရော” “လူသားထံမှ မဟုတ်ပါဘူး။ သက်ရှိ/သက်မဲ့ လောကကြီး တစ်ခုလုံးဟာ သင်တို့သင်ယူတတ်မယ်ဆိုရင် သင်တို့ရဲ့ ဆရာကြီးပဲ”တဲ့။ အင်း-ဒီဘုရားဟောကို အပြန်အနေနဲ့ ယူလိုက်မယ်ဆိုရင်တော့= လောကကြီးနဲ့ တည့်အောင် မနေတတ်၊ မသင်ယူတတ်ရင်တော့ လောကကြီးဟာ ကျွန်တော်တို့ရဲ့ မဟာရန်သူပဲပေါ့။


ပတ်ဝန်ကျင်လောကကြီးဟာ ကျွန်တော်တို့ နေ့စဉ် အချိန်တိုင်းအချိန်တိုင်း သင်ပြပေးနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့က မသင်ယူတတ်တော့ အချိန်တွေ နေ့တွေသာ ကုန်သွားပြီး ကျွန်တော်တို့အတွက် ဘာမှ မရလိုက်ဘဲ လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေကြရတာပါ။ အခု ဒီပုံပြင်လေးက ရိုးရှင်းပြီး တိုတိုလေးတွေပါ။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ လေးနက်ပါတယ်။ ခံစားကြည့်လိုက်နော်။

အဖြူရောင်း ပန်းလေးကပြောတယ်

ဘာလဲဆိုတော့ “ပန်းပွင့်လေးတွေက ပြောတဲ့ စကား....”တဲ့
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်

ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်

မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။


ပန်းတစ်ပွင့်က ပြောပါတယ်


ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်

နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
ဒီပုံပြင်လေးတွေကို ဖတ်ပြီး ငွေမကုန်တဲ့ ပတ်ဝန်းကျင် လောကဆရာကြီးတွေထံမှလည်း မြန်မြန်သင်၊ များများသင်၊ အကျိုးရှိအောင် သင်နိုင်ကြပါစေ…

မေမေ့လပြည့်ဝန်းလေ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP