* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 24, 2009

အနာဂတ် ပန်းလေးများ ရှင်သန်နိုင်ဖို့ (၁)



ကြည်နူးစရာ အနာဂတ်ပျိုးပင်ငယ်လေးများ






အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

မမာလွန်း မပျော့လွန်းတဲ့ အချိန်မှာ ရိုက်နှိပ်ထားတဲ့ တံဆိပ်ဟာ အိုးကွဲသွားပေမယ့် ပျောက်မသွားဘဲ တည်နေရှိနေသလို အနာဂတ် သားကောင်းရတနာ သမီးကောင်း ရတနာလေးများရဲ့ စိတ်မှာ အဖြူရောင်များဆဲ (အမည်းတွေ အားနည်းနေဆဲအချိန်) ဘာသာတံဆိပ်လေးတွေ ရိုက်နှိပ်ပေးနိုင်မှ ပီပြင်တဲ့ ဗုဒ္ဓဘာသာဝင်လေးတွေ ဖြစ်ကြမယ် လို့ ဆရာတော်ကြီးက ဆုံးမလမ်းညွှန်တော်မူခဲ့တာပါ၊

ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ရေ ကိုယ့်မြေကို တကယ်ချစ်တယ်ဆိုရင် လက်တွေ့အကောင်အထည် ဖော်ဖို့အချိန်ရောက်နေပါပြီ။ တကယ်တော့ ကလေးငယ်တွေဆိုတာ အနာဂတ် မြန်မာနိုင်ငံရဲ့ သားကောင်းရတနာ သမီးကောင်းရတနာလေးတေလို့ဆိုရပါမယ်၊ ရတနာထိုက်တဲ့ ဒီကလေးငယ်တွေကို ၀ိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တာဝန်ရှိသိသူတိုင်းမှာ တာဝန်ရှိနေပါတယ်။

နှမ်းတစ်လုံးထဲ ကြိတ်လို့ ဆီမဖြစ်ပေမယ့် နှမ်းစေ့လေးတွေစုပေါင်းလိုက်တဲ့အခါ လူခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဖိုးတန်ဆီတွေဖြစ်လာသလို မိမိတို့ တာဝန်သိသူတွေ ပူးပေါင်းဆောင်ရွက်ပြီး တတ်နိုင်သလောက် အကူအညီပေးကြရင် ဒီကလေးငယ်များရဲ့ ဘ၀ဟာ အထိုက်အလျောက် စိုပြေလန်းဆန်းလာမယ်လို့ ယုံကြည်မိပါတယ်၊

ဒီလိုယုံကြည်ချက်နဲ့ အကောင်အထည်ဖော်ကြိုးစားနေတဲ့ သူကတော့ မကွေးတိုင်း ပေါက်မြို့နယ် ကမ်းပြိုရွာက ဆရာတော် အရှင်တေဇိန္ဒပါ၊

ကမ်းပြိုရွာဆိုတာ သွားရေး လာရေး မလွယ်ကူလှသလို အညာဒေသရဲ့ ပြယုဂ်ကို ပီပီပြင်ပြင် ဖော်ညွှန်းနေတဲ့ ခြောက်သွေ့ဒေသဖြစ်ပါတယ်၊ အနောက်ဖက်ကို ငေးမျှော်ကြည့်ရင် ချင်းတောင်တန်းပဲ ရှိတော့တာမို့ တကယ့်ကို ဝေးလံတဲ့နေရာ ရွာလေးတစ်ခုပါ။

အဲဒီဝေးလံ ခေါင်သီတဲ့နေရာလေးမှာ ဆရာတော် အရှင်တေဇိန္ဒက သူရဲ့ စေတနာ မေတ္တာအား ငွေကြေးအားနဲ့ တပိုင်တနိုင် အနာဂတ်ပန်းခင်းလေးထဲက ပျိုးပင်ငယ်လေးတွေကို ရေလောင်း ပေါင်းသင်ပေးနေတာပါ။ တကယ်လဲ လေးစားကြည်ညိုစရာ ကောင်းလှပါတယ်၊

နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း ကလေးများအတွက် အထူးတရားစခန်းပွဲတွေဖွင့်ပြီး ကလေးငယ်များရဲ့ စာရိတ္တ အသိပညာ တိုးပွားဖို့ ဆောင်ရွက်ပေးနေသလို တကယ့်ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ဗုဒ္ဓ၀င် ယဉ်ကျေးမှုတွေကိုလည်း သင်ကြားပေးပါတယ်။ ပြီးတော့ စုပေါင်းရှင်ပြု ရဟန်းခံပွဲတွေကိုလည်း ဆရာတော်က ဦးဆောင်ပြီး ပြုလုပ်ပေးပါတယ်။

ဆရာတော်ရဲ့ ခံယူချက်က မိဘတွေကို ပြုပြင်လို့မရတော့ရင် အနာဂတ်ပျိုးပင်ငယ်နဲ့တူတဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်မယ်တဲ့၊ တရားစခန်း ၀င်ပြီးတဲ့ ကလေးငယ်နဲ့ တရားစခန်းမ၀င်ဘူးတဲ့ ကလေးငယ်တွေ မတူညီကြောင်းကိုလည်း ဆရာတော်က အမိန့်ရှိပါတယ်။ အခု ဆရာတော်ရဲ့ စီမံကိန်းတစ်ခုက ကမ်းပြိုရွာမှာ အနာဂတ်ပျိုးပင်လေးများအတွက် မြေ၀ယ်ပြီး အထက်တန်းကျောင်း တစ်ဆောင်ဆောက်မယ်လို့ အမိန့်ရှိပါတယ်..မြေဖိုးတော့ အလှူခံရရှိပါပြီတဲ့..ကျောင်းဆောက်ဖို့ ငွေအားတော့ ကြိုးစားရှာဖွေရမှာပါတဲ့..

ကဲ စာရှုသူ..တာဝန်သိသူ တစ်ယောက်က တိုင်းပြည်ရဲ့ အညွန့်အဖူး အနာဂတ်ပျိုးပင်ငယ်လေးတွေ ရှင်သန်ဖို့အတွက် စတင်ဆောင်ရွက်နေပါပြီ၊ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အကူအညီပေးရင်း ကျွန်ုပ်တို့ရဲ့ ဘ၀ကို အဓိပ္ပါယ်ရှိအောင် ပုံဖော်ကြိုးစားကြစို့။ ။

ဘုရားလက်ထက်က ပထမဆုံး ကျောင်းဒကာဖြစ်တဲ့ ရာဇဂြိုဟ်သူဋ္ဌေးဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်ပါဘူး၊ ရဟန်းတော်တွေ တောထဲ တောင်ထဲမှာ ကျောင်းမရှိဘဲ တရားကျင့်နေတာကို တွေ့မြင်တော့ သူ့နှလုံးသားက ဒီရဟန်းတွေအတွက် နေရာလေး လုပ်ပေးရရင် ကောင်းမှာပဲ ဆိုတဲ့ အကြင်နာနှလုံးသားနဲ့ ကျောင်းပေါင်း ခြောက်ဆယ်ကို လှူဒါန်းခဲ့တာပါ၊ နောက်ဘ၀မှာ ဘာဖြစ်ချင်တယ်ဆိုတာလုံးဝမရှိဘဲ အခက်အခဲကြုံနေရတဲ့ အနေအထား တခုကို ပြေလည်အောင် ဖြေရှင်းပေးရင်း သူ့ရဲ့ လှပတဲ့နှလုံးသားကို လက်တွေ့ပြခဲ့တာပါ။ ဒီလိုမွန်မြတ်တဲ့ စိတ်ဓာတ်တွေကြောင့်လဲ သာသနာ့သမိုင်းမှာ ပထမဦးဆုံး ကျောင်းဒကာရယ်လို့ ဒီနေ့အထိအောင် မော်ကွန်းထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာဝင် မိမိတို့ကလဲ တတ်နိုင်သလောက် အကူအညီပေးရင်း မော်ကွန်းတစ်ခုကို အတူစိုက်ထူကြပါစို့…အနာဂတ်ဥယျာဉ်ကြီးထဲမှာ ဖူးပွင့်လန်းဆန်းမယ့် ဒီကလေးငယ်တွေကို တတ်နိုင်သလောက် ကူညီကြပါစို့လို့ စေတနာ စကားနဲ့ တိုက်တွန်းရပါတယ်၊ ဒါမှလဲ အနာဂတ်ပန်းလေးများ အမျိုး ဘာသာ သာသနာ့အလယ်မှာ ရှင်သန် ကြီးထွားလာမယ် မဟုတ်ပါလား ။ အနာဂတ်ပန်းလေးများ ရှင်သန်နိုင်ဖို့ ၀ိုင်းဝန်းကူညီဆောင်ရွက်စို့ ။ ။

ဆက်သွယ်ရန်…

အရှင်တိက္ခဥာဏာလင်္ကာရ
email;rev.tikkha@yahoo.com
email;bhikkhu.tikkhanana@gmail.com
ph.0094- 071 36 00 9 88
0065-8266 2972

အရှင်တေဇိန္ဒ
ကမ်းပြိုကျေးရွာ
ပေါက်မြို့နယ်
မကွေးတိုင်း
email;trbk007@gmail.com

C/O
ဦးလှဋ္ဌေး ဒေါ်စန်းတင့်
ယောထိပ်တန်း ပခုက္ကူ
၀၆၂-၂၂၅၂၄ ၀၉-၂၃၀၁၁၃၂


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP