* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 10, 2009

ဆပ်နိုင်ကြစေ ကျေးဇူးတွေ...

ရဟန်းတို့...
နှစ်ဦးသော သူတို့ကို လွယ်ကူစွာ ကျေးဇူးတုံ့ပြုနိုင်သည်ဟု ငါမဟော

အဘယ်နှစ်ဦး တို့နည်း ဟူမူ

...မိခင်နှင့် ဖခင်တို့ပေတည်း...


ရဟန်းတို့ သားသမီးဖြစ်သော သူသည် အသက်တရာတန်း၌ ဖြစ်၍ အနှစ်တရာ ပတ်လုံး အသက်ရှည်ကာ ပခုံးတဖက်ဖြင့် အမိကို ဆောင်ယူ၍ လုပ်ကျွေး ပြုစုရာ၏၊ ပခုံးတဖက်ဖြင့် အဖကို ဆောင်ယူ၍ လုပ်ကျွေးပြုစုရာ၏။ ထိုသားသမီးဖြစ်သူသည် ထိုအမိအဖတို့အား အနံ့အသက်ကင်းအောင် အမွှေးအကြိုင်လိမ်းပေးခြင်း အညောင်း အညာပြေအောင် နှိပ်နယ်ပေးခြင်း ရေပူရေအေးချိုးပေးခြင်း ခြေဆုပ်လက်နယ် ပြုခြင်း ဖြင့် လုပ်ကျွေးပြုရာ၏။

ထိုအမိအဖတို့သည်လည်း ထိုသားသမီးတို့ ပခုံးပေါ်၌ပင်လျှင် ကျင်ကြီး ကျင်ငယ်ကို စွန့်ကုန်ရာ၏။ ရဟန်းတို့ ဤသို့ပင် ပြုစုပါစေသော်လည်း အမိအဖတို့အား ကျေးဇူးပြု ခြင်းသည်၎င်း ကျေးဇူး တုံ့ပြုခြင်းသည်၎င်း မဖြစ်နိုင်သေးသည် သာတည်း။ ရဟန်းတို့ အကြင်သူသည်ကား များစွာသော ရတနာရှိသော ဤ မဟာပထဝီ မြေကြီးကို အုပ်ချုပ် စိုးပိုင်သော မင်းစည်းစိမ်၌ အမိအဖတို့ကို တည်နေစေရာ၏။


ရဟန်းတို့
ဤသို့ပင် ပြုစုပါသော်လည်း အမိအဖတို့အား
ကျေးဇူးပြုခြင်းသည်၎င်း ကျေးဇူးတုံ့ပြန်ခြင်းသည်၎င်း
မဖြစ်နိုင်သေးသည်သာတည်း။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဟူမူ-
ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူးကို ပြုကြသူ ကြီးပွားလာအောင် စောင့်ရှောက်ကြသူ မွေးကျွေးကြသူ ဤလောက၌ ပြသကြသူ ဖြစ်ကြသောကြောင့်တည်း။ ရဟန်းတို့ အကြင်သူသည်ကား သဒ္ဓါတရားနှင့် ပြည့်စုံ ခြင်းငှာ ဆောက်တည်စေ၏။ သက်ဝင်စေ၏၊ တည်စေ၏။ သီလမရှိသော အမိအဖတို့ကို သီလနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏။ သက်ဝင်စေ၏။ တည်စေ၏၊ ဝန်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏။ ရဟန်းတို့ ဤသို့သော ပြုစုခြင်းဖြင့်သာလျှင် အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်း ကျေးဇူးတုံ့ပြုခြင်း သည်၎င်း ဖြစ်နိုင်၏ ဟု မိန့်တော်မူ၏။ 34 - 2

သမစိတ္တ၀ဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP