* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 10, 2009

*တီလေးသစ္စာအလင်းသို့ ပေးစာ (မမေ့ကြေးနော် တီလေး)*

တီလေးရေ…

ဒီနေ့ (10.07.2009) ရက်နေ့ကို တီလေး မွေးနေ့လို့ မထင်ဘူး.. ကိုဝင်းမြင့်ရဲ့ မေးလ်ဝင်လာတော့ ၁၀-ရက် နေ့လည်း ဆိုရော နည်းနည်း အံ့သြသွားတယ် သား.. ဒါပေမယ့် သား မယုံသေးဘူး.. ဘာလို့လဲ ဆိုတော့ တီလေးနဲ့ သား စကားပြောတုန်းက တီလေး ရိုက်ပေးတာ ၂၀-ရက်နေ့ ဖြစ်နေတာ.. အဲဒါကြောင့် မယုံတာ.. တီလေး ဘလော့ကို ၀င်ကြည့်မိမှ တီလေး မွေးနေ့မှန်း သိလိုက်ရတယ်..

တီလေးရေ.. တီလေးလို သူများကိုလည်း သိအောင်၊ ကိုယ်တိုင်လည်း သိအောင် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပေးဖို့ ထိုက်တန်တဲ့ စကားတွေ သားမှာ မရှိပါဘူး.. နောက်ပြီး သားပြောတဲ့ စကားတွေကလည်း တန်ဖိုး မဲ့နေပါလိမ့်မယ် တီလေး.. တီလေးနဲ့ ထိုက်တန်တာက ဘုရား အဆုံး အမတွေပဲ ရှိတာပါ..။ အဲဒီတော့ သား တီလေး မွေးနေ့ အတွက် ဘာပေးရမလဲ စဉ်းစားကြည့်တော့ တီလေးနဲ့သား အကြိုက်တူတာ လေးကို သတိရသွားတယ်… ဘုရားရဲ့ နှုတ်တော်က မြွက်ကြားခဲ့တဲ့ စကားလေ တီလေး.. နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်ခါနီးမှာ မြွက်ကြား သွားတာ…

ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပါဒေထ” ဆိုတဲ့ စကားလေ တီလေး..

ဒီစကားလေးကို ဖော်ကျူး ပူဇော်ထားတဲ့ ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားသိမ်းလေးကို သားဘလော့မှာ တီလေး လာလာ နားထောင် တရားနာတယ်လို့ တီလေး ပြောကတည်းက တီလေးနဲ့သား အကြိုက် တူနေတယ် ဆိုတာကို သိခွင့်ရခဲ့တာပါ… သားလည်းလေ ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားတစ်ပုဒ်ကို ပထမဆုံး နာကြားမိ ကတည်းက ဒီတရားသိမ်း လေးကို တအား သဘောကျ ကြည်ညိုခဲ့ တာပေါ့… ကြည်ညို လွန်းလို့ ခဏခဏ နားထောင်တာ အလွတ်ကို ရနေပြီ တီလေး…

သား ပထမဆုံး နာကြားခဲ့မိတာက “ဆူးကင်းသော နှင်းဆီပန်းများ” ဆိုတဲ့ တရားပါ… ဒီတရားဟာ သံဃာတော် တွေကို နှင်းဆီပန်းပမာ တင်စားပြီး ဟောကြားထားတာ တီလေး… သား အပြင်မှာ လူကိုယ်တိုင် နာကြားခဲ့ရတာ… ဘုရား တရား သံဃာ ရတနာသုံးပါးလုံးကို တစ်ပြိုင်တည်း တစ်နေရာ တည်းမှာ ကြည်ညို လိုက်ရတာပေါ့… အဲဒီမှာ သား ကြည်ညိုခဲ့ရတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးစကား ဘုန်းဘုန်းရဲ့ တရားသိမ်း လေးကို တီလေးရဲ့ မွေးနေ့လက်ဆောင် အဖြစ် ပူဇော် ရေးသားလိုက် ပါရစေ…။ “ဆူးကင်းသော နှင်းဆီပန်းများ” တရားထဲက အတိုင်း သားမှတ်မိသမျှ ဘုန်းဘုန်းရဲ့ စကားသံလေး တွေပါ ထည့်သွင်း ရေးသား ပေးလိုက်ပါတယ် တီလေး…။

++++++++++++++++++++++++++++++++++++++++++++

==အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
==သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
==တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
==မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု ကောင်းမှုကို များအောင်ကြံ
==သတ္တ၀ါ ကောင်းမကောင်း အကြောင်းကံ.. ကသာ စီမံတော့သည်
==ကံသာလျှင် အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကား
==ဉာဏ်သာလျှင်.. အမိ ဉာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
==ဟောပြလို့ ထားခဲ့တာက

==*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။

==ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
==ဟန္ဒာ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
==တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်
==ခန္ဓာတော် ရိနွမ်း၍ ငါကိုယ်တော် အရှင်မြတ် တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ

(တကယ်ကို ပင်ပန်း ပါတယ်.. ဒါကြောင့် ဘုန်းကြီးတို့လေ မနေ့ကလည်း မော်လမြိုင်၊ ဒီနေ့လည်း ပုသိမ် တရားနှစ်ပွဲ ဆက်ဟောတယ်၊ သက်သာခြင်း မရှိပါဘူးလေ.. ဒါပေမယ့်လည်း မြတ်စွာ ဘုရားရှင်ရဲ့ အမေ ဒေါ်တင်လှက ဟိုး ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ ဒီလင်္ကာလေးကို ရွတ်ဆိုလိုက်ရလို့ ဘုရား ကျေှးဇူးနဲ့ မိဘကျေးဇူးကို တပြိုင်နက်တည်း ဆပ်တယ်လို့ ယူဆ လိုက်တာ ဖြစ်ခြင်းကြောင့် နွမ်းသမျှတွေ မောသမျှတွေ ပြေခဲ့ရပါတယ်..)

==ဒါနိ.. ဒါနိ ယခုအခါ ကာလ၌ (၀ါ)
==ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
==ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်ဆံမည့်ဆဲဆဲ ချိန်ခါထဲ၌
==သြော်… ရင်သွေးရတနာ သားသက်လျာဟု ကရုဏာသက်ထား သင်ချစ်သား တို့အား
==အာမန္တရာမိ ..သတိတရား၊ အသိ မမှားရ အောင်လို့ ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့

==သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့
==ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့
==ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
==၀ယဓမ္မာ... ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
==၀ယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
==ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
==ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
==အနိစ္စ ၀တ တို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား

==အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံတဲ့ သတိတရား တို့ဖြင့်..
==သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
==သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..
==ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့
==မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို...>>
==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
==သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာ ပရိသတ်အပေါင်း သူတော်ကောင်း တို့သည်
==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

(သာဓု၊ သာဓု၊ သာဓုပါ အရှင်ဘုရား)

++++++++++++++++++++++++++++++++++++++++++++

တီလေးရေ.. မမေ့ကြေးနော်..
တီလေး ကျန်းမာပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

7/10/2009 8:36:05 AM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP