* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 10, 2009

လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်း(၇-နိဂုံး)

ကလေးပါရမီရှင်များနဲ့
အတိတ်ဘ၀ကဗဟုသုတအတွေ့အကြုံတွေကိုအသုံးပြုနိုင်သူများ


ရောမတွေးခေါ်ရှင် ဆီဆာရို (Cicero)က "ကလေးတွေထိန်းသိမ်းထားတဲ့ အချက်အလက် အမြောက်အမြားနဲ့ ဆိုင်တဲ့ စွမ်းရည်ဟာ ဇာတိမတိုင်မီက အချက်တွေကို သိဖို့ ခိုင်လုံတဲ့သက်သေဖြစ်တယ်" လို့ဆိုတယ်။ အဲဒီအချိန်ကတည်းကစပြီး ပါရမီရှင်ဟာ အတိတ်ဘ၀ အတွေ့အကြုံတွေကနေ ဖူးပွင့်လာတာ ဆိုတဲ့ ယုံကြည်မှုဟာ တိုးတက်ဖြစ်ထွန်းလာတယ်။ အရွယ်နဲ့မလိုက်အောင် စွမ်းရည်ထူးတဲ့ ကလေးအချို့ကိုတော့ လူဝင်စားခြင်းနဲ့ပဲ ရှင်းပြလို့ရတယ်။ ဥပမာအားဖြင့် ဂီတတူရိယာတွေ တစ်ခါမှမသုံးဖူးတဲ့ ၆ နှစ်သား ကလေးလေးဟာ ကောက်ကာငင်ကာပဲ ပြောင်မြောက်တဲ့ စန္ဒယားတီးလုံးကို အနီးက စန္ဒယားမှာကောက်တီးတယ်။

သုံးနှစ်အရွယ် ကလေးလေးဟာ သူ့အဖေ အလုပ်ငွေချေဖို့ တွက်ချက်နေတာကို စိတ်တွက်နဲ့ လိုက်တွက်ပြီး အမှားတွေတောင် ရှာပြသေးတယ်။ နောက်တော့ သူဟာ ရာစုနှစ်ရဲ့ အတော်ဆုံး သချာင်္ပညာရှင်တစ်ဦး ဖြစ်လာတယ်။ ဒါကို တခြားနည်းနဲ့ ရှင်းဖို့ မဖြစ်နိုင်ပါ။ ဒီလိုလူမျိုးတွေအတွက် နောက်ဆုံး အစီရင်ခံစာကတော့ လေးနှစ်အရွယ် အမေရိကန်မိန်းကလေး ဖြစ်တယ်။ သူက ဘာသာသုံးမျိုးတတ်တယ်။ အိမ်ကကွန်ပြူတာကို ပရိုဂရမ်ဆွဲတယ်။ ကလေးစာအုပ်တွေ ဖတ်ရမဲ့အစား ရှိတ်စပီးယားကို ဖတ်တယ်။ စာအုပ်တွေသက်သက်ကနေ ဂျပန်ဘာသာကို သင်ခဲ့တယ်။

အတိတ်ဘ၀က ပညာဗဟုသုတတွေကို အသုံးပြုနိုင်တဲ့ လူတွေထဲက အကောင်းဆုံး အစီရင်ခံစာ တစ်စောင်ကတော့ ဂျက်ဆန်မာ (Jetsunma) ဖြစ်တယ်။ အမေရိကန်နိုင်ငံ ဘရွတ်ကလင်း က ဂျူးအိမ်တစ်အိမ်က မိန်းကလေး။ ပတ်ပတ်လည်မှာ အရက်သမားတွေ၊ အကြမ်းဖက်သူတွေ၊ မတော်မတရားပြုမှုတွေနဲ့။ သူ့အမေက ဂျူးလူမျိုး။ ကုန်စုံဆိုင်က ငွေကိုင်စာရေး။ သူ့ပထွေးက အီတလီလူမျိုး ထရပ်ကားမောင်းသူ။ နှစ်ယောက်စလုံးက အရက်သမားတွေ ဖြစ်ပြီး ကလေးကို အကြင်နာကင်းကင်းနဲ့ နေ့တိုင်းရိုက်တယ်။ မိခင်က အားသာတဲ့အခါ ကလေးကို သူကိုးကွယ်တဲ့ ဘုရားကျောင်းကို ခေါ်တယ်။ ပထွေးက အားသာတဲ့အခါလည်း ကလေးကို သူကိုးကွယ်တဲ့ ဘုရားကျောင်းကို ခေါ်သွားတယ်။ ဂျက်ဆန်မာ ၁၇ နှစ်အရွယ် ရောက်တော့ ရဲကသူ့ကိုအကြံပေးတယ်။ သူ့မိဘတွေနဲ့ အတူနေရတာဟာ အန္တရာယ်များလို့ အိမ်ကနေ ထွက်သွားပါပေါ့။ သူအိမ်ကထွက်သွားတယ်။ လက်ထပ်တယ်။ ကလေးနှစ်ယောက်ရတယ်။

သူ့မိဘတွေနဲ့ နေခဲ့ရတဲ့ ဒဏ်ရာအနာတရကနေ လွတ်မြောက်သွားတာနဲ့ သူမဟာ တိဘက်ဗုဒ္ဓဘာသာကို အဆင့်မြင့်မြင့် ဟောကြားနိုင်တဲ့ စွမ်းရည်ကို ရပြီး ပရိသတ်တွေလည်း ရတယ်။ အရင်တုန်းက သူဟာ ဗုဒ္ဓဘာသာကို ထိကိုမထိတွေ့ဖူးခဲ့ဘူး။ တိဘက်အကြောင်းလည်း နကန်းတစ်လုံးမသိဘူး။ သူနဲ့ သူ့ပရိသတ်တွေကလည်း ဗုဒ္ဓဘာသာအကြောင်း သင်ကြားနေတာရယ်လို့ မသိခဲ့ဘူး။ သူတို့က ဒါကို "တွေ့ရှိချက်နဲ့ဘ၀သစ်အတွက် ဗဟို" လို့ နာမည်ပေးခဲ့တယ်။ နောက်ပိုင်းမှာ တိဘက်ဘုန်းကြီးတွေကို တွေ့တယ်။ တိဘက်ကိုသွားလည်တယ်။ နောက်တော့ သူဟာ တိဘက်ဘုန်းကြီးတစ်ပါး ၀င်စားတာဖြစ်ကြောင်း တွေ့ရတယ်။ သူဟောနေတဲ့ တရားတွေက အတိတ်ဘ၀က တိဘက်ဘုန်းကြီး ဘ၀က တရားတွေပဲ။ ၀ါရှင်တန်ကို ရောက်တဲ့လူတွေအနေနဲ့ သူ့ရိပ်သာကိုသွားပြီး သူ့ကိုတွေ့နိုင်ပါတယ်။
[ ဆက်ဖတ်ရန် +/- ]



နိဂုံးချုပ်သုံးသပ်ချက်

ဖော်ပြခဲ့တဲ့ အပိုင်းတွေက လေ့လာစူးစမ်းမှုတွေဟာ သိပ္ပံလုပ်ငန်းစဉ် တတိယဆင့်မှာ ပြုခဲ့တဲ့ ဟောကိန်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျ လက်ခံဖို့အတွက် စမ်းသပ်မှု ဟာ အဆင့်လေးဆင့်လုံး ပြည့်စုံသွားပါပြီ။ ကျွန်ုပ်အနေနဲ့ လူဝင်စားခြင်းကို လက်မခံနိုင်ကြောင်း သက်သေပြနိုင်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို မတွေ့ဖူးသေးပါဘူး။

ဒီစမ်းသပ်မှုတွေကို အခြေခံလို့ ခုလို ကောက်ချက်ဆွဲတယ်။ လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်းဟာ အနည်းဆုံး တရားခွင်သုံးခုမှာ သက်သေပြခဲ့ပြီ။

သိပ္ပံနှလုံးသားရှိတဲ့ ပုဂ္ဂိုလ်ဟာ လူဝင်စားခြင်းကို လက်ခံဖို့ အခက်တွေ့တတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက လူဝင်စားခြင်းဖြစ်စဉ်ကို ခေတ်နှောင်းနေပြီဖြစ်တဲ့ ဒေးကားရဲ့ ရှေးရိုးသိပ္ပံ နားလည်မှုထဲက ကြည့်နေလို့ပဲ။ မော်ဒန်သိပ္ပံကတော့ (အတိအကျဆိုရရင် ကွမ်တန်မက္ကင်းနစ်အရကတော့) သဘာဝဖြစ်စဉ်ရဲ့ နားမလည်ဖွယ် ဖြစ်စဉ်တွေကို လက်ခံဖို့ တိုက်တွန်းထားတာရှိပါတယ်။ ဥပမာ အီလက်ထရွန်ခုန်ကူးမှုဗျာ။ ဒါကို လက်ခံဖို့တော့ ကျွန်ုပ်တို့ မတုံ့ဆိုင်းဘူး မဟုတ်လား။ ဒီလိုပဲ အချက်အလက်တွေအရကတော့ လူဝင်စားခြင်းကို အမှန်တရားအဖြစ် လက်ခံဖို့ တိုက်တွန်းနေပြီလေ။

သြစတြီးယား သိပ္ပံပညာရှင် ရူးဒေါ့ဖ်စတိန်းနာ (Rudolf Steiner) က ခုလိုပြောခဲ့တယ်။


ကော်ပါးနီးကပ်စ်ရဲ့ စကြာဝဠာသီဝရီကို လက်ခံဖို့ တစ်ခေတ်တစ်ခါက အဆင်သင့်ဖြစ်ခဲ့သလို ကျွန်ုပ်တို့ခေတ်မှာလည်း လူသားရဲ့ ယေဘုယျ အသိတရားမှာ လူဝင်စားခြင်း အတွေးအခေါ်ကို လက်ခံဖို့ အဆင်သင့် ဖြစ်ပါပြီ။

တဲ့……

မူရင်းစာရေးသူ- Dr.Granville Dharmawardena
ဘာသာပြန်သူ-အလှတရား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP