* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 11, 2009

ပီနန်းကျွန်းမှ ညီညွတ်သူတို့အောင်ပွဲ












သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ- လောကအတွင်း ဘုရားရှင် ပွင့်ပေါ်လာခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊
သုခါ သဒ္ဓမ္မဒေသနာ. သူတော်ကောင်းတရားများကို ဟောကြားခြင်းသည် ချမ်းသာကြောင်းဖြစ်၏။
သုခါ သံဃဿ သာမဂ္ဂီ. သံဃာတော်များ (အသင်းအဖွဲ့များ)ရဲ့ညီညွတ်ခြင်းသည်ချမ်းသာကြောင်းဖြစ်၏။ သမဂ္ဂါနံ တပေါ သုခေါ- ညီညွတ်အောင် ကျင့်ကြံခြင်းသည် ချမ်းသာကြောင်းဖြစ်၏။

ငြိမ်းချမ်းရေးကို မြတ်နိုးတော်မူ ညီညွတ်ခြင်းကို အလေးပေးတော်မူတဲ့ ဘုရားရှင်ရဲ့ လမ်းညွှန်ချက် စကားတော်များပါ၊ ညီညွတ်တယ်ဆိုတာ ကိုယ့်ဖက်ကညီနေရင် အများက ဦးညွတ်ရတဲ့သဘောလို့ ဆိုပါတယ် အများညွတ်လာအောင် ကိုယ့်မိသားစု ကိုယ့်နယ်ပယ် ကိုယ်နိုင်ငံ စသည် အချင်းချင်း ညီနေရပါလိမ့်မယ်၊ ညီညွတ်အောင် နေနိုင် ပြောနိုင်တာဟာ ဘ၀မှာ ချမ်းသာဖို့ အဆင်ပြေဖို့ နည်းလမ်းတစ်ခုလို့ သိတော့ သိနေကြပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည် ဖော်ဖို့ ထင်သလောက်မလွယ်ဘူလှပါဘူး။

မိမိတို့လည်း ထင်သလောက် မလွယ်ကူလှတဲ့ ညီညွတ်ခြင်းကို ပုံဖော်ဖို့ ကြိုးစားကြည့်မိတယ်. အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံကို ရောက်လာကြတဲ့ ယောဒေသ ယောနယ်က ညီအကိုမောင်နှမများကို စုစည်းပြီး ယောအသင်း (မလေးရှား)ကို ဖွဲ့စည်းခဲ့တာ အခုဆို တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
မကြခဏတွေ့ဆုံကြရင်း ရင်းနှီးမှု အမြင်ခြင်းဖလှယ်မှုစတာတွေနဲ့ ညီညွတ်လာဖို့..
အခါအားလျော်စွာ ကုသိုလ်ကောင်းမှုပြုနိုင်ဖို့
လူမှုရေးအခက်အခဲများကို ယောအသင်းမှ ကူညီဖြေရှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညီညွတ်တဲ့ ယောအသင်း (မလေးရှား)ကို ဖွဲ့စည်းခဲ့တာပါ။ ဒီလို နှစ်ပတ်လည် အစည်းအဝေးလေး ပီနန်းကျွန်းမှာ ဖြစ်လာဖို့အတွက် အထိုက်အလျောက်တော့ အခက်အခဲရှိခဲ့ပါတယ်. ဘယ်လောက်ပဲ ခက်ခဲပါစေ ညီညွတ်ရေး လိုလားတဲ့စိတ်ဓာတ်တွေနဲ့ ကျော်လွှားခဲ့ကြပြီး ကွာလာလမ်ပူ ဂျိုဟိုး မှ ယောညီအကိုများဟာ မဝေးလှတဲ့ ဒီခရီးကို ရောက်အောင်လာကြပါတယ်.

ပြီးတော့ ပီနန်းဆရာတော်ကြီးကို ဦးထိပ်ထားလို့ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းကြပါတယ်.. ဆွမ်းဆက်ကပ်အပြီးမှာတော့ ယောအသင်း (မလေးရှား)ရဲ့ အော်ဂနိုက်ဇာ များ မန်ဘာများနဲ့ မိမိတို့တတွေ အသင်းကြီး ဆက်လက်တည်တံ့နိုင်ဖို့ ဆွေးနွေးပွဲတွေ လုပ်ကြပါတယ်. ပြီးတော့ စုပေါင်း ဓာတ်ပုံရိုက်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ ယောညီအကို မောင်နှမတွေ၇ဲ့ တွေ့ဆုံမှု သို့မဟုတ် ပီနန်းကျွန်းပေါ်က ညီညွတ်သူတို့ရဲ့ အောင်ပွဲကို အောင်မြင်စွာ အောင်လံလွှင့်ထူနိုင်ခဲ့ပါတယ်. မှန်ပါတယ်.. ညီညွတ်အောင် ကျင့်ကြံခြင်း နေထိုင်ကြခြင်းဟာ တကယ့်ကို ချမ်းသာစရာဖြစ်ရပါတယ်။ ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP