* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 11, 2009

9.7.2009 ဦးဇင်းမွေးနေနှင့် အလှူရှင်များ

ဒီနေ့ ၈.၇.၂၀၀၉ ရက် ဦးဇင်းရဲ့ မွေးနေ့အကြိုနေ့မှာစာပေဟောပြောပွဲလုပ်တယ်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ရက်အစောကြီးကြိုရောက်လာပြီး ကူညီပေးသူက blogger ကိုပီကေ(ကပ်ပါပေ့ ကိုပီကေရယ်) ပါ။ အဲဒီထက် စောပြီး ကူညီသူတွေလည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းက စာရေးဆရာတွေနှင့် ရင်းနှီးတဲ့ သူငယ်ချင်းရဟန်း တစ်ပါးပါ။ သူ့ကြောင့် စစ်ကိုင်းက စာရေးဆရာပေါင်းများစွာနှင့် ရင်းနှီးပြီးနောက်ပိုင်း စာပေဟောပြောပွဲ လုပ်ဖို့ အစီအစဉ် ပိုသေချာသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဦးဇင်းရဲ့ မွေးနေ့အကြို စာပေဟောပြောပွဲ အခမ်းအနားလေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ စာပေဟောပြောပွဲမှာ တက်ရောက်ဟောပြောခဲ့သူများကတော့

၁။ ဆရာဇော်ထက်အောင်

၂။ ဆရာဇော်ခိုင်ဦး

၃။ ဆရာညီပုလေး

၎။ ဆရာဝင်းမင်းထွန်း

၅။ ဆရာညီစေမင်း

၆။ ဆရာဆူးငှက် တို့ဖြစ်ပါတယ်။

စာပေဟောပြောပွဲကို ညနေ (၅း၀၀) နာရီမှ ည(၈း၀၀) အထိ အောင်မြင်စွာ ငြိမ်းချမ်းစွာ စည်ကားစွာ ကျင်းပနိုင်ခဲ့ပါတယ်။



နောက်တစ်နေ့ ဦးဇင်းရဲ့ မွေးနေ့နံနက်ပိုင်းမှာ သံဃာတွေကို နတ်သုဒ္ဓါဆွမ်းနဲ့ ရေခဲမုန့် စတင် ကပ်လှူပါတယ်။ သံဃာဆိုတာက ဦးဇင်း ကြိုပြောထားတဲ့အတိုင်း ဆွမ်းခံကြွတဲ့ ကိုရင်ငယ်လေးတွေ စာသင်သား ဦးပဇင်းတွေပါ။ မနက်(၅း၀၀)နာရီကနေ (၇း၀၀)ကျော်ကျော်အထိ ဦးဇင်းနဲ့ ကိုရင်စုစုပေါင်း (၂၀၀) ကျော်လောက် ဆွမ်းစားကြွလာပါတယ်။ (၈း၀၀) နာရီလောက်မှာ ရောက်လာတဲ့ ဧည့်ပရိသတ်ကိုလည်း နတ်သုဒ္ဓါထမင်းနဲ့ ရေခဲမုန့်ကို ပြန်လည် ဧည့်ခံကျွေးမွေးပါတယ်။



(၉း၃၀) နာရီအချိန်မှာ ပြည်တွင်း ပြည်ပမှ အလှူရှင် အသီးသီးတို့၏ ရေစက်ချ အခမ်းအနားကို စတင်ပါတယ်။ ကိုရန်အောင် ၊ မ၀ါဝါခိုင်မင်း ၊ မစိုးစန်းထက်၊ ရွာသားလေး၊ မသက်ဇင် ၊ မမတို့အတွက် ကိုပီကေနှင့် ကိုညီညီ၊ Friendsdaygroup အလှူရှင်များအတွက် မမေနွယ်သိန်း၊ water cooler အလှူရှင် ဦးပညာဝံသအတွက် ကိုအောင်မြင့်နှင့် အတူ ဦးရဲဝင်းနောင်နှင့် မမီးမီး (Pro-Tech Computer Centre) ၊ ကိုချစ်၊ စသောသူများတို့က အသီးသီး ရေစက်ချ လှူဒါန်းခဲ့ကြပါတယ်။

ရေစက်ချလှူဒါန်းပြီးနောက် ဆရာတော်များကို ဆွမ်းကပ်ပြီး မန္တလေးမှ ရောက်လာသော သင်တန်းသားဟောင်းနှင့် သင်တန်းသားသစ်များ စိတ်ဝင်စားကြသော နည်းပညာကို စိတ်ဝင်စားကြသော ရဟန်းသံဃာများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်
။ သင်တန်းသားဟောင်းများ ဖြစ်ကြသော သီလရှင်များနှင့် အနီးတစ်ဝိုက်မှ သီလရှင်များကိုလည်း တပါတည်း ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။


အဲဒီနောက် နည်းပညာပိုင်းဆိုင်ရာ စာပေဟောပြောပွဲကို စတင်ခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် A+ သင်တန်းကျောင်းသူများက ဆောင်ရွက်ခဲ့ပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဟောပြောပေးခဲ့သူများကတော့

၁။ ဦးလှကောင်း MPCA - ဒု ဥက္ကဋ္ဌ

၂။ ဦးရဲဝင်းနောင် Pro-Tech Computer Centre

၃။ ဦးဘုန်းမြင့် Programming

၎။ ညီလင်းဆက် MPCA CE

၅။ ကိုပီကေ တို့ဖြစ်ပါတယ်။

နေ့လည် (၁၂း၃၀) မှာ စတင်ခဲ့ပြီး ညနေ (၇း၀၀) နာရီ မတိုင်ခင်မှာ အခမ်းအနားကို သိမ်းခဲ့ပါတယ်။



ဦးဇင်းရဲ့ မွေးနေ့ပွဲနဲ့အတူ စာပေဟောပြောပွဲ၊ နည်းပညာဟောပြောပွဲ ဖြစ်မြှောက်အောင်မြင် စေခဲ့သူများကတော့ . . .




၁။ ဖုန်းတစ်ချက် ဆက်လိုက်သည်နှင့် နေ့ ည အချိန်မရွေး နာရီမရွေး အခက်အခဲ ပေါင်းများစွာကြားက ကူညီပေးသူ ဦးရဲဝင်းနောင်၊ မမီးမီး \'\'Pro – Tech Computer\'\' မန္တလေး။

၂။ အထွေထွေကိစ္စအားလုံး မညည်းမညူကူညီပေးသူ ဦးဇော်သောင်း+ဒေါ်အေးသန်း မိသားစု၊ စစ်ကိုင်း။

၃။ ပရောဂျက်တာ ကူညီသူ \"Win Photo Studio\'\' မန္တလေး။

၎။ ဆွမ်းအတွက်အလှူငွေ ၁၀၀၀၀၀ိ/ (တစ်သိန်း) ထည့်ဝင်သူ မယုဝတီ (ဆေး- မန်း)

၅။ ဆွမ်းအတွက် အလှူငွေ ၃၁၅၀၀ိ/ ထည့်ဝင်သူ \"MUU Donation Group\" မန္တလေး။

၆။ ဆွမ်းအတွက် အလှူငွေ ၃၀၀၀၀ိ/ ထည့်ဝင်သူ မပါပါမြင့်၊ ရန်ကုန်မြို့။

၇။ မြို့တွင်း ကားခေါက်တို ကူညီပေးသူ ဦးတင်ရွှေ + ဒေါ်တင်စန်းမိသားစု စစ်ကိုင်း။

၈။ လိုရာသုံးကားကူညီပေးသူ ဦးအောင်မြင့် မန္တလေး။


ဦးဇင်းရဲ့ မွေးနေ့အကြိုညမှာ မေတ္တာရှင်ဆရာတော်ရဲ့ တပည့်များဖြစ်ကြသည့် မန္တလေး ရွေအိမ်ဖြူ ဖုန်းရောင်းဝယ်ရေးမှ ဦးဇင်းရဲ့ အပတ်စဉ် ဘုံဆွမ်းလောင်းအသင်းအတွက် တစ်လလျှင် ဆန် တစ်အိတ်စီ လှူမယ်လို့ ကတိပြုသွားခဲ့ပြီး ဆွမ်းခံကြွသည့် ကိုယ်တော်လေးများကို မုန့်ဟင်းခါး အရုဏ်ဆွမ်း နှစ်ပတ်အတွက် ငွေတစ်သိန်းကိုလည်း လှူဒါန်းသွားခဲ့ပါတယ်။ အကြိုည မတိုင်ခင်မှာ နော်ဝေနိုင်ငံက ဒါယိကာမကြီးတစ်ယောက် ဦးဇင်းဆီကို ဖုန်းဆက်ပါတယ်။ သူက ဆွမ်းခံကြွသံဃာကို ဆွမ်းလောင်းတဲ့ ဒါနကုသိုလ် အကြောင်းကို အွန်လိုင်းပေါ်ကနေ တစ်ဆင့်ကြားရလို့ ဆိုပြီး ဖုန်းဆက်လာပါတယ်။ မွေးနေ့ မတိုင်ခင်မှာ အလုပ်များနေလို့ စကားပြည့်စုံအောင် မပြောလိုက်ရပါဘူး။ မွေးနေ့ပြီး နောက်တစ်ရက်မှာ ပြန်အဆက်အသွယ်ရပါတယ်။ အဲဒီအခါ နော်ဝေက ဒါယိကာမကြီးက အပတ်စဉ် ဆွမ်းလောင်းစဉ် အရုဏ်ဆွမ်းပါ တစ်ပါတည်းကပ်မည် ဆိုတာကို သိရလို့ ဆွမ်းကပ်ဖို့အတွက် တစ်ပတ်လျှင် ငွေလေးသောင်းကျပ် လှူဒါန်းမယ်လို့ ကတိပြုသွားပါတယ်။ နောက် ဂျပန်နိုင်ငံ မ၀ါဝါခိုင်မင်းက သူရရှိထားတဲ့ နိုင်ငံအသီးသီးက ဖုန်းအတွက် ပိုနေတဲ့ အလှူငွေတစ်ချို့ကို ဆွမ်းကပ်တဲ့ ကိစ္စမှာ အသုံးပြုဖို့ လျှောက်ထားခဲ့ပါတယ်။



နောက်ဆုံး အရေးကြီးတဲ့ အပိုင်းကို ဦးဇင်းပြောချင်ပါသေးတယ်။ ဦးဇင်း အတော်လေး ၀မ်းသာ သွားရတဲ့ ကိစ္စပါ။ ကိုပီကေက ဦးဇင်းမွေးနေ့မှာ ဦးဇင်းအတွက် အသုံးဝင်မယ့် လက်ဆောင်တစ်ခု ပေးမယ်ဆိုပြီး စကားလှမ်းခဲ့ပါတယ်။ ဦးဇင်းက မေးပေမယ့် မွေးနေ့ရောက်မှပဲ ပြောမယ်လို့ လက်ဆောင်ကို ၀ှက်ထားခဲ့ပါတယ်။ မွေးနေ့မှာ သူတကယ် ပေးလိုက်တဲ့ လက်ဆောင်က တကယ့်ကို မထင်မှတ်ထားတဲ့ လက်ဆောင်ပါ။

IP Star ဖြစ်ပါတယ်။

တယ်လီဖုန်းအလှူရှင်တို့ရဲ့ အလှူစာရင်းနှင့် ရှင်းတမ်းလေးကို မေးလ်ပို့လာလို့ အားလုံး သာဓုခေါ်နိုင်အောင် တင်ပြလိုက်ပါတယ်။


၁. ရွာသားလေး http://ywartharlay-ytu.blogspot.com (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀၀(S$ 100)

၂.Dr.Nyan - ဒေါ်ဝါ၀ါခိုင်မင်း http://warwarkhaingmin.blogspot.com/ ၊သမီးလေး မေမြတ်နိုးခိုင် မိသားစု( ဂျပန်)မှ ယန်း ၅၀၀၀

၃.ကိုလှအောင်-မထားထားမြင့် ၊ သား-ကျော်စိုးဟန် ၊ သမီးလေး ငုသဒ္ဒါသွင် မိသားစု (စာဖတ်သူ- ဂျပန်)မှ ယန်း ၅၀၀၀

၎. ညီမလေးရွှေပြည်သူ http://www.shwepyithu.com/ (စင်္ကာပူ)မှစင်္ကာပူဒေါ်လာ ၅၀.( S$50.00)

၅. (ကို)July Dream http://july-dream.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၅၀.(S$50.00)

၆. ၀သန်မိုး http://moewathan.blogspot.com/ (ဂျပန်)မှ ယန်း ၅၀၀၀

၇. မိုးကုတ်သား http://bobomogok.blogspot.com/ (စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၅၀.(S$50.00)

၈.ညီမလေးမေလေး http://sonenaingkhwintlay.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀.(S$50.00)

၉. ညီမလေးနွေးနေခြည် http://nwaynaychi.blogspot.com/ (စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၅၀.(S$50.00)

၁၀. ညီမလေးနွေးနွေးသဲမွန် http://nwaynwaythemon.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀.(S$50.00)

၁၁.စံ-နုနု(sakura-myanmar) http://sakura-myanmar.blogspot.com/ (ဂျပန်)မှ ယန်း ၁၁၀၀၀ + ယန်း ၁၄၀၀၀

၁၂.သီဟသစ်-နှင်းဆီဖြူ မိသားစုhttp://arrmanthit.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၅၀ (S$50.00)

၁၃.ကိုကို နဲ့ မီမီ (စာဖတ်သူ- ဂျပန်) မှ ယန်း ၃၀၀၀

၁၄.Koyanagi Yoshiaki - မသင်းသင်းနိုင် ၊ သား- Koyanagi Hiroaki(စာဖတ်သူ- ဂျပန်)မှ ယန်း ၅၀၀၀

၁၅. ဒေါ်ယဉ်ယဉ် (လယ်ဝေးမြို့) (စာဖတ်သူ- ဂျပန်) မှ ယန်း ၅၀၀၀

၁၆. လင်းဒီပ http://lynndepa.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)

၁၇.မစန်းစန်းလွင် (စာဖတ်သူ- စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၂၀ ( S$ 20.00)

၁၈.မမီးငယ်နှင့် မိသားစု (စာဖတ်သူ- အမေရိကား) ဒေါ်လာ၅၀ (US 50.00)

၁၉.မောင်သက်အောင် (မောင်) + မခင်ကလျာစိုး (မေတ္တာရောင်ပြန်) ( စကာင်္ပူ) မှ စင်္ကာပူဒေါ်လာ၅၀ (S$50 .00)

၂၀.ဂျပန်ကောင်လေး http://japankgkalay.blogspot.com/ , မိုးခါး
http://moekhar.myanmarbloggers.info/, တောင်ပေါ်သား
http://www.soeminhtike.com/, ရီနိုမန်
http://reenoemann.blogspot.com/, အဆိပ်ခွက်
http://ayokelayasatekwat.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၁၁၀ (S$110.00)

၂၁.ညီမလေးမြရွက်ဝေ http://myaywetwai.blogspot.com/ (ဂျပန်) မှ ယန်း ၃၀၀၀

၂၂.ဟိန်းဖြူ (စာဖတ်သူ- စင်္ကာပူ) စကာင်္ပူဒေါ်လာ ၂၅ ( S$25.00)

၂၃. ဖိုးသင်္ကြန်http://phothagyan.blogspot.com/ (စင်္ကာပူ)မှစကာင်္ပူဒေါ်လာ ၅၀(S$50.00)

၂၄.ဘလောဂါကြီးကိုရန်အောင်http://www.yanaung.net/ (အမေရိကား)မှ မြန်မာငွေကျပ်တစ်သိန်းတိတိ (၁၀၀၀၀၀ ကျပ်)

၂၅.ညီမလေးခင်သန္တာထွေး (စာဖတ်သူ- စင်္ကာပူ) မှ မြန်မာကျပ်ငွေ ၅၀၀၀၀ ( ငါးသောင်းကျပ်တိတိ)

၂၆.မနော်ဟရီ (မေခ) http://www.blogger.com/ (သြစတေရီးယား)မှ မြန်မာကျပ်ငွေ ၅၀၀၀၀( ငါးသောင်းကျပ်တိတိ)

၂၇.ညီမလေးနန်းမေဇင်အေး http://www.monethu.blogspot.com/ (စင်္ကာပူ)မှ အစ်ကိုဖြစ်သူ စိုင်းကျော်သူထက်(ဖြူးမြို့) အတွက်အမှတ်တရ အလှူငွေ စကာင်္ပူဒေါ်လာ ၅၀(S$ 50.00)

၂၈.မအေးမို့မို့အောင် ( စာဖတ်သူ- စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)

၂၉. သံလွင်ဟီရိုး http://thanlwinhero.blogspot.com/ (စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၃၀(S$ 30.00)

၃၀.မောင်-မေမိုး http://maymoe.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၁၀၀(S$ 100.00)

၃၁.Jasmin (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၂၀ (S$ 20.00)

၃၂.မအိအိချော(ဆွစ်ဇာလန်)မှ အမေရိကန်ဒေါ်လာ ၅၀ (USD 50.00) ( အင်တာနက် ပေပယ်)

၃၃.ကိုဆန်းဝင်း(ကျောက်ပန်းတောင်း) http://sanwinkpg.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၂၅(S$ 25.00)

၃၄. မောင်ငယ်ဖိုးစိန်http://phoesein.blogspot.com/ (ဆိုက်ပရပ်စ်)မှ မိဘများဖြစ်သူ ဦးထွန်းမြင့် - ဒေါ်ကြူကြူလှိုင် တို့ကို ဦးထိပ်ပန်ဆင်၍ စင်္ကာပူဒေါ်လာ ၁၀၀ (S$ 100.00)

၃၅. ကိုသုခ-မေကဆုန်http://www.maykasone.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၂၀ (S$20.00)

၃၆. အေးမြတ်မြတ်ကို(Rita) http://www.ritako.blogspot.com/\" (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀(S$50.00)

၃၇.ကိုကိုချစ် - မီးမီးချစ် http://meemeechit.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ (S$50.00)

၃၈.မအေးဇာနွယ် ( စာဖတ်သူ- စင်္ကာပူ)မှ စကာင်္ပူဒေါ်လာ ၂၀ (S$ 20.00)

၃၉.ညလေး http://nya-lay.blogspot.com/ (မလေးရှား)မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ တိတိ ( တစ်သိန်းတိတိ)

၄၀.မောင်နိုင်ကို http://www.russianfederation2009.co.cc/ (ရုရှား) မှမြန်မာကျပ်ငွေ ၁၀၀၀၀၀ တိတိ ( တစ်သိန်းကျပ်တိတိ)

၄၁.မမကြီးဆွေလဲ့နှင်း နဲ့ ညီမလေးကြည်ဖြူပိုင် http://kyiphyupaing.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀(S$ 50.00)

၄၂.ပုလုကွေး http://kookgyi.blogspot.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ (S$ 50.00)

၄၃.မသန်းသန်းမြင့် (စင်္ကာပူ)မှ မိဘများဖြစ်သူ ဦးစိန်ထိုက်-ဒေါ်အေးအေးသန်း တို့ကိုဦးထိပ်န်ဆင်၍ စင်္ကာပူဒေါ်လာ ၅၀(S$ 50.00)

၄၄.ဦးသန်းဝင်၊အမေဒေါ်သန်းနွဲ့ နှင့် သားဇော်ဝင်း(ခ) ဘကြီး (စင်္ကာပူ)မှ စင်ကာပူ ဒေါ်လာ ၅၀ (S$ 50.00)

၄၅. ကျော်မင်းအောင်၊ အောင်ဝင်းမြင့် နှင့် သူရအောင်(စင်္ကာပူ) တို့ မှ စင်ကာပုဒေါ်လာ 30 (S$30.00)

၄၆. Zephyr https://www.blogger.com/blogin.g?blogspotURL=http%3A%2F%2Fpeaceful-z.blogspot.com%2F (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀ ( S$ 50.00)

၄၇. စာဖတ်သူတစ်ဦး(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀(S$50.00)

၄၈. ဗီလိန် http://www.villain-lay.com/ (စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ၃၅ (S$ 35.00)

၄၉.ဦးမင်းဟန် - ဒေါ်ပိုပိုအောင် ( အမေရိကား)မှ အမေရိကန်ဒေါ်လာ ၁၀၀(US100.00)

၅၀.ညီမလေးနှင်းပွင့်သစ္စာလှိုင် (အမေရိကား)မှ အမေရိကန်ဒေါ်လာ ၁၀၀ (US100.00)

အလှူငွေစုစုပေါင်းစာရင်းချုပ်....

ဂျပန်မှဝါ၀ါခိုင်မင်း ပေးပို့သော အလှူငွေစုစုပေါင်း ၅၆၀၀၀ ယန်း ...............................= ၆၆၀၁၅၉.၆၇ ကျပ်

စင်္ကာပူမှ ရွာသားလေး ၀ိုင်တီယူ ပေးပို့သော အလှူငွေစုစုပေါင်း ၁၇၀၀ ဒေါ်လာ x ၇၈၅ ....= ၁၃၃၄၅၀၀ ကျပ်

အမေရိကားမှ ကိုရန်အောင်ပေးပို့သောအလှူငွေပေါင်း ၂၅၀ ဒေါ်လာ ........................ = ၂၇၀၀၀၀ ကျပ်

ရုရှားမှ မောင်နိုင်ကို ပို့ငွေ.................................................................................=၁၀၀၀၀၀ ကျပ်

မလေးရှားမှ ညလေး ပို့ငွေ.............................................................................. = ၁၀၀၀၀၀ ကျပ်

သြစတြေရီးယားမှ မနော်ဟရီ ပို့ငွေ....................................................................= ၅၀၀၀၀ ကျပ်

စုစုပေါင်းကျပ်ငွေ.......................................................................၂၅၁၄၆၅၉.၆၇


(၉. ၇. ၂၀၀၉)နေ့ အမေရိကားမှ နှင်းပွင့်သစ္စာလှိုင်
အလှူငွေ.............အမေရိကန်ဒေါ်လာ ၁၀၀
************************************************************
ရရှိသောအလှူငွေများမှ လှူဒါဏ်းမည့် ပစ္စည်းစာရင်း....

၁. တယ်လီဖုန်း ( ၁၈၀၀၀၀၀ကျပ်)
၂.ဟန်းဆက် ( ၁၅၀၀၀၀ ကျပ်) ခန့်
၃.ရေသန့်စက် ( ၂၅၀၀၀၀ ကျပ်)
၎. ၉. ၇. ၂၀၀၉ အလှူနေ့ ဆွမ်းကပ် ( ၂၄၀၀၀၀ ကျပ်)
...........................................................
စုစုပေါင်း ကုန်ကျငွေ..... ၂၄၄၀၀၀၀ ကျပ် ဖြစ်ပါတယ်

အားလုံး တို့ရဲ့အလှူစာရင်းလေးကို ကြည့်ပြီး စာဖတ်သူများအားလုံးဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြဖို့ ဦးဇင်းတိုက်တွန်းလိုက်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP