* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 7, 2009

အာသဝေါမကုန်မချင်း အားထုတ်ပါ


ဇေတ၀န်ကျောင်းတော်၌ ရှိနေသော ရဟန်းတို့ကို ဘုရားရှင်က-ရဟန်းတို့ သင်တို့သည် ရဟန်းကိစ္စ ပြီးဆုံးကုန်ပြီလော-ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့က မိမိတို့ အသီးသီး ယူဆထားသည်များကို လျှောက်ထားကြ၏။
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။



( ပါဠိဂါထာ )
န သီလဗ္ဗတမတ္တေန ၊ ဗာဟုသစ္စေန ၀ါ ပန ။
အထ ၀ါ သမာဓိလာဘေန ၊ ၀ိဝိတ္တသယနေန ၀ါ ။
ဖုသာမိ နေက္ခမ္မသုခံ ၊ အပုထုဇ္ဇနသေ၀ိတံ ။
ဘိက္ခု ၀ိဿာသမာပါဒိ ၊ အပ္ပတ္တော အာသ၀က္ခယံ ။

( မြန်မာပြန် )
သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်။

( ဆောင်ပုဒ် )

ဗဟုသုတ၊ ပြည့်ကြွယ်ဝလျက်၊ သီလဖြူစင်၊ ကျင့်စွမ်းအင်နှင့်၊ ကြည်လင်သမာဓိ၊ အားစွမ်းရှိကာ၊ ဆိတ်ငြိမ်ရာရပ်၊ နေထိုင်တတ်၍၊ ကျင့်မြတ်အာစာ၊ အနာဂါမိ၊ ချမ်းသာပြည့်ပြီ၊ လုံလောက်ပြီဟု၊ ယုံကြည်စိတ်ချ၊ အားမရနဲ့၊ အာသ၀ကုန်၊ မဂ်ဖိုလ်ဘုံနန်း၊ ရဟန္တာစစ်၊ အမှန်ဖြစ်အောင်၊ အားသစ်ကြိုးကုတ်၊ လွန်အားထုတ်လော့။



( ဓမ္မဋ္ဌ၀ဂ် သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP